ဆောင်ဆောင်ဟွန်း(ဂျွန်စော) နှင့် ချစ်ဇာတ်လမ်းကို ထိန်ချန် ပြောဆိုသွားတဲ့ လုရီဖေး

ဆောင်ဆောင်ဟွန်း(ဂျွန်စော) နှင့် ချစ်ဇာတ်လမ်းကို ထိန်ချန် ပြောဆိုသွားတဲ့ လုရီဖေး

တရုတ်မင်းသမီး လုရီဖေးသည် လန်ကျိုးမြို့တွင် ပြုလုပ်ကျင်းပသော The Third  Way of Love ဇာတ်ကား တွေ့ဆုံမေးမြန်းခန်းတွင် ၎င်း၏ ချစ်သူ ကိုရီးယားမင်းသား ဆောင်ဆောင်ဟွန်း (ဂျွန်စော)အကြောင်းကို မပြောမိအောင် ဂရုတစိုက် ဖြေကြားခဲ့သည်။

တွေ့ဆုံမေးမြန်းမှုအတွင်း သတင်းထောက်များသည် လုရီဖေးနှင့် ဆောင်တို့အကြား ချစ်ကြည်နူးဖွယ် ချစ်ဇာတ်လမ်းအကြောင်းကို မေးမြန်းခဲ့သော်လည်း ယင်းကိစ္စရပ်ကို ဦးတည်ဖြေကြားခဲ့ခြင်း မရှိပေ။
“ ကျွန်မ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတာ အရမ်း ကျေးဇူးတင်ပါတယ်။ ကျွန်မ ပိုမို ကောင်းမွန်တဲ့ အတွေ့အကြုံတွေလည်းရရှိခဲ့တယ်” ဟု လုရီဖေးက ပြောကြားခဲ့သည်။

အဆိုပါဇာတ်ကားသည် လုရီဖေးနှင့် ဆောင်ဆောင်ဟွန်း တို့အကြား ချစ်ဇာတ်လမ်းအကြောင်းကို ဦးတည်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး ယင်းဇာတ်ကားနာမည်နှင့် တူညီသော စိတ်ကူးယဉ် ဇာတ်ကားကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။ The Third  Way of Love ဇာတ်ကားကို တရုတ်နိုင်ငံတွင် စက်တင်ဘာ ၂၅ ရက်၌ ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly