စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ၏ မူဝါဒ သဘောထား

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၉ ။           ။ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ပါတီဗဟိုကော်မတီဝင် ဦးအင်းလမ်းဇော်ခေါင်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၉ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်အမျိုးသား ဦးအင်းလမ်းဇော်ခေါင် ဖြစ်ပါတယ်။

စဒကပါတီ ဗဟိုကော်မတီဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်ကို ဖွဲ့စည်း ထူထောင်ခဲ့တာ (၅)နှစ်သက်တမ်းပြည့်ပြီး အချိန်တိုအတွင်းမှာ ပြည်သူလူထု ရဲ့ထောက်ခံပါဝင်မှု နဲ့ အင်မတန်မှ ဖွံ့ဖြိုးတိုးတက်ခိုင်မာလာပြီဖြစ်ပါတယ်။ ကချင်ပြည်နယ်ကိုအခြေခံပြီး ကချင်ပြည်နယ်ကိုယ်စားပြုတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့်ပြည်နယ်သူ/ သားများ အားလုံး လူမျိုး၊ ဘာသာမခွဲခြားဘဲ တိုင်းရင်း သားပေါင်းစုံ၊ မျိုးနွယ်စုပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်တဲ့ပါတီဖြစ်ပါသည်။ပါတီရဲ့ အမှတ်တံဆိပ်ဟာ မနောတိုင်ကို စပါးနှံနှစ်ခက်ဝိုင်းရံထားတဲ့ အမှတ်အသားဖြစ်ပြီး ပါတီရဲ့ အလံကတော့ အောက်ခံအစိမ်းရောင်မှာ အဖြူရောင်ကြယ်သုံးခုဖြစ်ပါသည်။

လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ကျွန်တော်တို့ ပါတီရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကချင်ပြည်နယ် ထာဝရတည်ငြိမ်အေးချမ်း ပြးီ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်သူ/ သားများရဲ့ အခြေခံလူ့အခွင့်အရေးများ၊ ဒီမိုကရေစီ ကျင့်စဉ်ပါ အခွင့်အရေးများ အပြည့်အဝရရှိခံစားနိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက် လာရေးဖြစ်ပါသည်။

ပါတီရဲ့ ရည်မှန်းချက်ဟာ ကချင်ပြည်နယ်သူ/ သားများ၏ လိုအင်ဆန္ဒနှင့် ထပ်တူထပ်မျှဖြစ်သော တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် ဒီမိုကရေစီနိုင်ငံတော်/ ဖက်ဒရြယ်ပည်ထောင်စု တည်ဆောက်ရေး နှင့် အဓွန့်ရှည်တည့်တံခိုင်မြဲရေးပဲ ဖြစ်ပါသည်။

ပါတီ၏မူဝါဒသဘောထားများမှာ-

၁။ ကချင်ပြည်နယ် ပြည်သူ/ သားများကို အကျိုးပြုတဲ့လုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်မည်ဟု အလေးအနက်ထားခံယူသည်။

၂။ ပြည်နယ်အကျိုးစီးပွားနှင့် ပါတီ၏အကျိုးစီးပွားယှဉ်လာရင် ပြည်နယ်၏ အကျိုးစီးပွားကို ဦးစားပေးမည်။

၃။ ကချင်ပြည်နယ်သူ/သားများ၏ သစူ္စာကိုသာ ထာဝစဉ် စောင့်သိ ရိုသေပါမည်။

၄။ လူမျိုး၊ နေရာဒေသမခွဲခြားဘဲ ပြည်နယ်သူ/ သားများ၏ အကျိုး စီးပွားကို ပြည်နယ်သူ/ သားများနှင့် လက်တွဲ၍ အကောင်အထည်ဖော် ဆောင်သွားပါမည်။

၅။ မိမိတို့ ယုံကြည်ကိုးကွယ်ရာဘာသာအား လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိစေရပါမည်။

၆။ တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် အနုပညာများကို  ဖော်ထုတ် အားပေးမြှင့်တင်သွားပါမည်။

လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူများခင်ဗျား-

ပါတီ၏လုပ်ငန်းစဉ်များမှာ-

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို တန်းတူရည်တူ အကျိုးခံစားနိုင်စေရန်၊ နိုင်ငံနှင့် လူမျိုးအေပေါ် သစ္စာစောင့်ထိန်း တာဝန်ကျေပွန်သူများ ဖြစ်လာနိုင်စေရန် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

၂။ လမ်းပန်းဆက်သွယ်ရေးလုံခြုံပြီး မြန်ဆန်ချောမွေ့လာစေရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမည်။

၃။ ပြည်နယ်သူ/သားများအားလုံး ကျန်းမာ/ ကြံ့ခိုင်ရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်။

၄။ ပညာရေးကဏဍတွင် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး၊ ပြည်နယ်တွင်းမှ ထူးချွန်ထက်မြက်သော ပညာတတ်များ ထွက်ပေါ်လာနိုင်ရေး၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတို့အတွက် မိဘပြည်သူများ၊သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

၅။ တောင်သူလယ်သမားများ၊ အလုပ်သမားများအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ခံစားခွင့်များ အပြည့်အ၀ ရရှိခံစားနိုင်စေရန်နှင့် အလုပ်ကိုင်သစ် များ ရရှိနိုင်ရေး၊ လူမှုစီးပွားရေးဘ၀ မြင့်မားလာရေး အတွက် အစွမ်းကုန် ကူညီဆောင်ရွက်သွားမည်။ လယ်ယာမြေသိမ်းဆည်းခံရသူများအတွက် လယ်ယာမြေပြန်လည်ရရှိအောင် ဆောင်ရွက်ပေးသွားမည်။

၆။ ကချင်ပြည်နယ်၏ရိုးရာအမွေနှစ်များ၊ အမျိုးစားစရိုက်လက္ခဏာများမပျောက် ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်။

၇။ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ လူမှောင်ခိုမှုပပျောက်ရေး၊ သဘာဝသယံဇာတ ပစ္စည်းများကို စနစ်တကျ ထုတ်ယူသုံးစွဲရေးနှင့် ဒေသခံပြည်သူများ အကျိုးခံစားခွင့်ရရှိရေး၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းစိမ်း ရေးတို့ကို ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်သွားပါမည်။

၈။ မျိုးဆက်သစ်လူငယ်များ မွေးထုတ်ရန် အမျိုးသမီးကဏ္ဍမြှင့်တင်ရန်နှင့် ပြည်နယ်သူ/သားများ၏ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားမည်။

၉။ ကချင်ပြည်နယ် ထာဝရငြိမ်း ချမ်းရေးရရှိရန်အတွက် ဆက်လက် ပါဝင်ကြိုးပမ်း ဆောင်ရွက်သွားမည်။

လေးစားအပ်ပါသော တိုင်းရင်းသား ပြည်သူများခင်ဗျား-

မိမိတို့ပါတီသည် ရည်မှန်းချက်၊ မူဝါဒ၊လုပ်ငန်းစဉ်များကို ချမှတ်ပြီးနိုင်ငံအကျိုး၊ ပြည်နယ်အကျိုး ပြည်နယ်သူ/ သားများအတွက် သမိုင်း ပေးတာဝန်၊ အမျိုးသားရေး တာဝန်အဖြစ် ထမ်းရွက်သွားမည်ဖြစ်ပါ သည်။

လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေပမှကျင်းပပြုလုပ်မည့် ပါတတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ဒီတာဝန်တွေကို ဆက်လက်ဆောင်ရွက်သွားနိုင်ရန်အတွက် ပါဝင်ယှဉ်ပြိုင်သွားကြ မှာဖြစ်ပါသည်။

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၏ စည်းလုံးညီညွတ်မှုဖြင့် အောင်မြင်ရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကချင်ပြည်နယ်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ထာဝရငြိမ်းချမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ကျွန်တော်တို့ပါတီရဲ့ ကိုယ်စားလှယ်များကို ဆန္ဒပေးရွေးချယ်ပေးနိုင်ပါစေရန်လို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါသည်။

တိုင်းရင်းသားပြည်သူများအားလုံးကျန်းမာချမ်းသာကြပါစေ။

ပြည်ထောင်စုငယ်

ရေး-ဖော်လားကမ်ဖန်

ဆို-အင်ခွန်မွန်းပန်

သရုပ်ဆောင်-အင်ခွန်မွန်းပန်

{(စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်)၂၊

တောင်ပေါ်မြေပြန့် ဒေသအနှံ့ရယ် ဖွံ့ဖြိုးဖို့ရယ် ဒီပါတီက အစဉ်

ကြိုးစားပါမယ်၊

အနာဂတ်ဘဝမှာ စိတ်ချမ်းမြေ့စွာနေနိုင်ဖို့ရာ စည်းလုံးညီညွတ်ရေးနှင့်

ဒီမိုကရေစီပါတီ ကချင်ပြည်နယ်ကို ထောက်ခံမဲပေးစို့လေကွယ်၊

[ပြည်ထောင်စုကြီးထဲက ပြည်ထောင်စုငယ်လေးသဖွယ် ကချင်

ပြည်နယ် တိုင်းရင်းသားတွေ ပေါင်းစည်းကြမယ် ခေတ်မီဖွံ့ဖြိုးတိုးတက်

စည်းကမ်းပြည့်၀ ဒီမိုကရေစီနိုင်ငံတော်ကြီးသို့ ချီမည်}]

စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက)

 ၁။  ပါတီအမည်  -  စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက)
 ၂။  ပါတီအမည်(English)  -  Unity and Democracy Party of Kachin State (UDPKS)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂.၇.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၅ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးခက်ထိန်နန်၊ ဦးဖော်လားကမ်ဖန်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၆.၇.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၃.၇.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂.၈.၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၄၀)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူ
 ၁၃။  ပါတီနယ်မြေ  -  ကချင်ပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၂၃၈/ခ) ပြည်ထောင်စုလမ်းမကြီး (ရွှေပြည်စံခန်းမဘေး)၊ ယုဇနရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၈၆၁၂၃၅၆၊ ၀၉-၉၀၄၁၄၈၆
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload1
       PDFDownload2
       PDFDownload3

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly