အလှမယ် မေနန္ဒာကျော် ပြိုင်ပွဲအတွက် ဖိလစ်ပိုင်မှ ဆရာများနှင့် သင်ကြားနေ

အလှမယ် မေနန္ဒာကျော် ပြိုင်ပွဲအတွက် ဖိလစ်ပိုင်မှ ဆရာများနှင့် သင်ကြားနေ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ။         ။ မလေးရှားနိုင်ငံ ကွာလလမ်ပူမြို့တွင် ကျင်းပမည့် Miss Cosmopolitan World 2015 ပြိုင်ပွဲကို Miss Cosmopolitan Myanmar 2015 အလှမယ် မေနန္ဒာကျော် သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး လက်ရှိတွင် ဖိလစ်ပိုင်မှ ဆရာများနှင့် ပြိုင်ပွဲအတွက် လိုအပ်သည့် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက မဇ္ဈိမကို ပြောသည်။

Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက "အခု ဖိလစ်ပိုင်က ဆရာတွေနဲ့ အလှမယ် ၆ ယောက်ကို လေ့ကျင့်မှုတွေ လုပ်သွားမှာပါ။ သူတို့ ပြိုင်ပွဲ မသွားခင် အချိန် အထိပေါ့။ လှနုဘက်ကလည်း လိုအပ်တာတွေကို လေ့ကျင့် သင်ကြားပေးထားပါတယ်" ဟု ပြောသည်။

ထိုပြိုင်ပွဲအတွက် အလှမယ် မေနန္ဒာကျော်သည် လက်ရှိတွင် ပြိုင်ပွဲအတွက် လိုအပ်သည်များကို Style Plus H သင်တန်းကျောင်းမှ မလှနုထွန်း နှင့်အတူ လေ့ကျင့်လျက်ရှိပြီး ပြိုင်ပွဲသို့ လိုက်ပါမည့် မလှနုထွန်းအတွက်ကို လေယာဉ်ကုန်ကျစရိတ် အကုန်ကျခံသွားမည် ဖြစ်သည်။

ဖိလစ်ပိုင်မှ ဆရာနှစ်ဦးမှ Style Plus H သင်တန်းကျောင်းမှ အလှမယ်များ ဖြစ်ကြသည့် မိုးယံသော် Miss Tourism International Myanmar 2015 ၊ Miss Cosmopolitan World Myanmar 2015 မေနန္ဒာကျော်၊ Miss South East Asia Tourism Ambassadress Myanmar 2015 နှင်းနဒီချို၊ Miss South East Asia Tourism Ambassadress Myanmar 2015 ရှင်ပြည့်စုံထက်၊ Miss Heritage International Myanmar 2015 ချောရူပါသက်၊ Miss Global Myanmar 2015 ထက်ထက်ရည်အောင် တို့ကို အလှမယ် နှင့် ပတ်သက်သည်များကို စက်တင်ဘာ ၂၂ရက် အထိ လေ့ကျင့် သင်ကြား ပေးသွားမည် ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် Miss Cosmospolitan World 2015 ကို စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁၂ ရက် အထိ ၁၈ ရက်ကြာ ကျင်းပမည် ဖြစ်သည်။

"ပထမဦးဆုံး ကျင်းပမည့် Miss Cosmopolitan World 2015 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ပထမဦးဆုံး သွားရောက်ယှဉ်ပြိုင်ရမယ့်အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်ရှင်" ဟု အလှမယ် မေနန္ဒာကျော်မှ ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

အလှမယ် မေနန္ဒာကျော်သည် စင်္ကာပူနိုင်ငံတွင် ဇူလိုင်လ၌ ကျင်းပခဲ့သည့် Miss Teen International 2015 ပြိုင်ပွဲတွင် Miss Teen International Royalty Princess 2015၊ Miss Teen International 2nd Princess 2015 ၊ Best Party Wear Supermodel Title ဆုတို့ကို ရရှိထားသူ ဖြစ်သည်။

Miss Cosmospolitan World 2015 ပြိုင်ပွဲတွင် နိုင်ငံ ၃၀ မှ အလှမယ် အယောက် ၃၀ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး Grand Final ပွဲကို အောက်တိုဘာ ၉ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။ အလှမယ် မေနန္ဒာကျော်မှ ထိုပြိုင်ပွဲ အတွက် စက်တင်ဘာ ၂၂ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required