ရန်ကုန်မြို့တွင်း ခရီးသွားများအတွက် တပ်ပိုင်ကားတွေနဲ့ အစားထိုး ပြေးဆွဲမယ်လို့ ဦးရဲထွဋ်ဆို

ရန်ကုန်မြို့တွင်း ခရီးသွားများအတွက် တပ်ပိုင်ကားတွေနဲ့ အစားထိုး ပြေးဆွဲမယ်လို့ ဦးရဲထွဋ်ဆို

ရန်ကုန်၊ စက်တင်ဘာ ၁၈။ ။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်အချို့ စည်းကမ်းဖေါက်ဖျက်ပါက ဒဏ်ကြေး သုံးသောင်း ဆောင်ရန် သတ်မှတ်လိုက်ရာ ယာဉ်အချို့ မပြေးဆွဲခြင်းသည် လက်ခံနိုင်စရာမရှိဟု ပြန်ကြားရေးဝန်ကြီးက ဆိုလိုက်ပြီး လိုအပ်ပါက တပ်မတော်ပိုင် ကားများဖြင့် အစားထိုး ပြေးဆွဲပေးမည်ဟု ဆိုလိုက်သည်။

"ထောင့်ငါးရာကနေ သုံးသောင်း တိုးလိုက်တဲ့အတွက် ဆိုတဲ့ အကြောင်းပြချက်ကတော့ လက်ခံနိုင်ဖွယ်ရာ မရှိပါဘူး။ ပိုပြီး ဆိုးတာက အများပြည်သူ သွားလာရေး အဆင်ပြေဖို့ ထွက်ဆွဲတဲ့ ယာဉ်တွေကိုတောင် မထွက်ဖို့ ခြိမ်းခြောက်တာ၊ ဖိအားပေးတာတွေကတော့ ပိုပြီးတော့ လက်ခံနိုင်စရာ မရှိပါဘူး" ဟု ဦးရဲထွဋ်က သူ၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ထိုအခြေအနေများကြောင့် "ကပရ ကားတွေ၊ တပ်မတော်ပိုင်ကားတွေနဲ့ အစားထိုးပြေးဆွဲမယ်၊ ပုဂ္ဂလိက မော်တော်ယာဉ်လိုင်း Elite, JJ တို့ကလည်း လိုအပ်ရင် ကူညီပေးမယ်လို့ တင်ပြထားတယ်" ဟု ဦးရဲထွဋ်က ရေးသားထားသည်။

"ဒီဖြစ်စဉ်က တစ်ဦးချင်း ယာဉ်ပိုင်ရှင်လက်ထဲမှာ ရောက်ရှိနေတဲ့ ရန်ကုန်မြို့တွင်း ခရီးသည်ယာဉ်ပြေးဆွဲခွင့် ကို လူအများလက်ထဲကို ပြောင်းလဲပေးဖို့ လိုပြီဆိုတာကို သက်သေ ပြလိုက်တာပါပဲ" ဟုလည်း သူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required