ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၆ ။           ။ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစောသိန်းအောင်က  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၆  ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နိဒါန်း

ရဟန်း၊ ရှင်၊ လူမြန်မာပြည်သူပြည်သားအပေါင်းတို့ခင်ဗျား- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားအချင်းချင်း စည်းလုံးခိုင်တည်ချစ်ကြည်စွာဖြင့် နေထိုင်လာခဲ့ကြသော ပြည်ထောင်စု တိုင်းပြည်ကြီးတစ်ပြည်ဖြစ်သည်။

အချုပ်အခြာအာဏာပိုင်လွတ်လပ်သော တိုင်းပြည်တစ်ပြည်ဖြစ်သည်။ လွတ်လပ်သောမြန်မာပြည်တစ်ဝန်းလုံး၌ မှီတင်းနေထိုင်ကြကုန်သော ရဟန်း၊ ရှင်၊ လူပြည်သူပြည်သား အပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာဘေးရန်ကင်းလွတ်နိုင်ကြပါစေရန် ပဏာမနိဒါန်း ဖြင့် ဆုတောင်းမင်္ဂလာပြုအပ်ပါသည်ခင်ဗျား

ဝင်ရောက်ယှဉ်ပြိုင်နှင့် ကြွေးကြော်ကြေညာ

အကျွန်ုပ်တို့ တိုင်းရင်းသားအပေါင်းတို့သည် ညီညွတ်ရေးနှင့် တည်တံ့ ခိုင်မြဲရေးတို့ကို ဦးထိပ်ပန်ဆင်ကြ၍ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ အားမိမိတို့၏ တိုင်းပြည်အတွင်း၌ တည်တံ့ခိုင်မြဲစေရန်အလို့ငှာ နိုင်ငံသားတိုင်း၏ကိုယ်ပိုင်အခွင့်အရေးရှိသော လွှတ်တော်များသို့ အကျွန်ုပ်တို့  ''ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ''က ဝင်ရောက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

လောက၌ လူမှုအခွင့်အရေးများကို မည်သူမဆို အလေးအမြတ်ထားရမည်။ မထီမဲ့မြင်မပြုရ။ လေးစားပြုပြင်ခြင်းဖြင့် လူသားအားလုံးတို့၏ အကျင့်သိက္ခာကို လေးမြတ်တန်ဖိုးထားရမည်။ မဖျက်ဆီးရ။ ရက်စက်ကြမ်း ကြုြတ်ခင်း မပြုရ၊ လွတ်လပ်စွာဖြင့် ဖွင့်ဟပြောဆိုနိုင်ရမည်။ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်း ကင်းရမည်။ မတရားသဖြင့်ခံစားရသော ဒေါသမဖြစ်စေဘဲ လူခပ်သိမ်းတို့၏ လိုလားချက်အပြည့် အဝဖြစ်သော ငြိမ်းချမ်းရေးကို ရယူခံစားနိုင်ကြစေမည့် လောကတစ်ပေါ်ပေါက်လာစေရန် ကောင်းမွန်မြင့်မြတ်သောဆန္ဒဖြင့် ကြွေးကြော်ကြေညာခြင်းဖြစ်သည်။

အခြေခံမူဝါဒများ

အကျွန်ပ်ပါတီသည်ကမ္ဘာ့အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးမူဝါဒ၊ အချင်းချင်းမိတ်ဝတ်မပျက်ပေါင်းသင်းဆက်ဆံရေးမူဝါဒ၊ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေးမူဝါဒစသည့် ဦးတည်ချက်များ တည်ထောင် ထားသော ပါတီကြီးတစ်ရပ်ဖြစ်သကဲ့သို့ အကြမ်းမဖက်သော၊ အကြမ်းဖက်အုပ်ချုပ်မှု သို့မဟုတ်မတရားသည့်အာဏာဖြင့် အုပ်ချုပ်သည့် စနစ်ဆိုးကိုတိုက် ထုတ်ဆန့်ကျင် ကျင့်သုံးသောပါတီကြီး တစ်ရပ်ဖြစ် သည်။ထို့ကြောင့်အကျွန်ုပ် တို့ပါတီ၏ အခြေခံမူဝါဒကို ဤသို့ချမှတ်ကျင့်သုံးဆောက်တည်ကြသည်။

(၁) ကရင်အမျိုးသားတို့၏ (မြန်မာတစ်မျိုးသားလုံးတို့၏) ရိုးရာယဉ်ကျေးမှုနယ်ပယ်တွင် စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့နှင့် ထုံတမ်းအစဉ်လာ စသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်သွားမည်။

(၂)လွတ်လပ်မှုနှင့် ဒီမိုကရေစီအခြေခံအခွင့်အရေးများ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ရပိုင်ခွင့်များနှင့် ဒီမိုကရေစီ အခွင့်အရေးများကို ကရင်အမျိုးသား (မြန်မာအမျိုးသား)အသိုင်းအဝန်း အတွင်း၌သာမကဘဲ မိမိနှင့် သက်ဆိုင်သော လူ့ဘောင်အသိုင်းအဝိုင်း တစ်ရပ်လုံးအတွင်း၌ သက်ဝင်လှုပ်ရှားလာအောင် ကြိုးပမ်းဆောင်ရွက်မည်။

(၃) စစ်မှန်သောပြည်ထောင်စုကြီးတည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုရှိရေး၊ သာတူညီမျှရှိရေး၊ မှန်ကန်မှုနှင့် တရားမျှတမှုရှိရေး၊ ငြိမ်းချမ်းမှုရှိရေးအတွက် အစွမ်းကုန်ဆောင်ရွက်မည်။    

(၄) ကြီးနိုင်ငယ်ညှဉ်းမူဝါဒကို ဆန့်ကျင်ကာ ကရင်တစ်မျိုးသားလုံး အတွက် (မြန်မာတစ်မျိုးသားလုံးအတွက်) လွတ်လပ်ပြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သောဘဝကို ဖန်တီးနိုင်ရန် ကြိုးပမ်းဆောင်ရွက် မည်။

(၅) မည်သူမျှ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ ကရင်တစ်မျိုးသားလုံး၏ (မြန်မာတစ်မျိုးသားလုံး၏)ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွားတို့ကို တရားဥပဒေနှင့်အညီ ကြိုးပမ်းဆောင်ရွက်မည်။

(၆) ကရင်တစ်မျိုးသားလုံးကို(မြန်မာတစ်မျိုးသားအားလုံးကို) ထိခိုက်စေမည့်မူဝါဒများ၊ ကရင်တစ်မျိုး သားလုံး၏ (မြန်မာတစ်မျိုးသားလုံး၏) အကျိုးစီးပွားကို ထိခိုက်စေမည့်ပြုမူဆောင်ရွက်ချက်များကို ဥပဒေနှင့် အညီ အစွမ်းကုန်ခုခံဆောင်ရွက်မည်။

(၇) ကရင်တစ်မျိုးသားလုံး၏ (မြန်မာတစ်မျိုးသားလုံး၏)နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရာစသည်တို့ကို ခေတ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးလာအောင် အားထုတ်ဆောင်ရွက်မည်။

ရည်မှန်းချက်နှင့် ရပ်တည်ချက်

အကျွနု်ပ်တို့ပါတီသည် ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူကရင်အမျိုးသားတို့သည် တန်းတူညီမျှရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစသည့်တို့ကို အခြေခံ ရည်မှန်းချက် များထားရှိပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် တိုင်းပြည်၏ အချုပ်ခြာအဏာတည့်တံ့ခိုင်မြဲရေး အခြေခံ နိုင်ငံရေးမူဝါဒကို တည်ဆောက်ရန် ရည်မှန်း ချက်ရှိသော ပါတီကြီးတစ်ရပ် ဖြစ်သည်။

ဤသည်သာမကဘဲ-(၁)မညှဉ်းဆဲခြင်း(အဟိံသာ)၊ (၂)အမှန်ကိုသာပြောဆိုခြင်း(သစ္စဘာသန)၊ (၃) မခိုးဝှက်ခြင်း(အထေယျ)၊ (၄) မြတ်သောအကျင့် ကျင့်ခြင်း(ဗြဟ္မစရိယ)၊ (၅) မိမိအတွက် မသိမ်းပိုက်ခြင်း (အပရိဂ္ဂဟ)တည်းဟူသော ''လူမှုကမ္ဘာ့ကျင့်ဝတ်သိက္ခာ '' ငါးဖြာကိုလည်း လေးစားမြတ်နိုးတန်ဖိုးထားသော ပါတီကြီးတစ်ရပ်ဖြစ်သည်။

အကျွန်ုပ်တို့သည် ပြည်တွင်းအတွက်ဖြစ်စေ၊ ပြည်သူပြည်သားအတွက် ဖြစ်စေ၊ ပေးအပ်လာသည့် တာဝန်ဟူသမျှ အနစ်နာခံမည်။

အခွင့်အရေးကိုယူရာ၌ လည်းအနစ်နာခံမည်။ ခေတ်အဆက်ဆက်ကအကျွန်ုပ်တို့သည် အနစ်နာ ခံခြင်းစိတ်၊ ရဲရင့်ခြင်းနှင့် ရက်ရောခြင်းအမွေများ ရခဲ့ကြသည့်သူများဖြစ်သည်။ ဤအမွေကြောင့် "မြန်မာနိုင်ငံ-မြန်မာတိုင်းပြည် ' ဟူသော တိုင်းပြည်ကြီး တစ်ပြည်ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် တိုင်းသူပြည်သားနှင့် လောကသားတို့အတွက် မည်မျှအကျိုးကျေးဇူးများခဲ့သည်ဆိုသည်မှာ တိုင်းသူပြည်သားများ အသိပင်ဖြစ်သည်။

ပါတီ၏ သဘောထားများ

ဤနေရာ၌ ကျွနု်ပ်တို့ပါတီ၏ သဘောထားအမှန်ကို ဖော်ပြပါမည်။''ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ''-၏ ဖွဲ့စည်းတည်ဆောက်ပုံ ပါတီ၏ သဘောထားမှာ-

(၁)လူသားတို့၏ အခွင့်အရေး(သက်ရှိမှန်သမျှ)ကို လေးစားမည်။

(၂) အကြမ်း မဖြက်ခင်းတရား(အဟိံသာ)၊ မှန်ကန်တရား(Truth) တရားမျှတခြင်း(Judtice)ကိုလေးစားမည်။

(၃) တရားမျှတသော မိတ်ဝတ် မပျက် ပူးပေါင်းဆောင်ရွက်သောမူနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးမူများကို လိုက်နာမည်။

(၄) မတရားမှုဟူသမျှကို ပြည်သူနှင့်အတူ ငြိမ်းချမ်းသောနည်းဖြင့် ပူးပေါင်းဆောင်ရွက်သောမှုကို လိုက်နာမည်။

(၅) မြန်မာအမျိုးသားများ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ရိုးရာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့အစဉ်အလာကို မပျောက်မပျက်ထိန်းသိမ်းစောင့်ရှောက် ကာကွယ်မှုကို လိုက်နာမည်။

(၆) လူသားတိုင်း ကြောက်ရွံ့ခြင်းမှကင်းဝေးအောင် မှန်ကန်မှု(Truth) အကြမ်းမဖက်မှု(Aninsa)တရားနှင့် တရားမျှတခြင်းများ တိုင်းပြည်၌ ထွန်းကားအောင် ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်မည်။

(၇) မိမိတိုင်းပြည်အပေါ် မတရာကိုင်တွယ်ခြင်း၊ အမြတ်ထုတ် ခေါင်းပံုံဖြတ်ခြင်း၊ ခြယ်လှယ်ခြင်း အခွင့်အာဏာသုံးခြင်းနှင့် ဖိနှိပ်ခြင်းများ ပြုလာသူဟူသမျှ ကင်းဝေးရန် ပြည်သူနှင့်အတူ အကြမ်းမဖက်သောနည်းလမ်းဖြင့် အောင်မြင်စွာ ဆင်နွဲနိုင် သည် အထိပူးပေါင်း (လက်တွဲ)ဆောင်ရွက်ကြမည်။

(၈) ကြီးနိုင်၊ငယ်ညှဉ်း မပြုခြင်းကို လိုက်နာပြီး လူသားမဆန်သော လူမှုပစ်ပယ်မှုကို ရှောင်ကြဉ်ကြမည်။

(၉)အရာခပ်သိမ်းကို လေးစားမှု၊ တရားမျှတမှုဖြင့် ဆက်ဆံမည်။

(၁၀)မိမိ၏အတွင်းစိတ်ရောင့်ရဲမှုကို ကြံ့ခိုင်အောင် တည်ဆောက်ပြီး ဆင်ခြင်ခြင်း၊ သုံးသပ်ခြင်း၊ စူးစမ်းခြင်း(ဟူသော) အသိပညာသတူ္တိသုံးမျိုးဖြင့် လူမှုဆင်းရဲခြင်းကင်းအောင် တည်ဆောက်မည်။

(၁၁)ဖိနှိပ်ချုပ်ချယ်မှုကို အပင်ပန်းခံ၊ အနစ်နာခံခြင်းဖြင့် အောင်မြင်မှုရောက်အောင် တည်ဆောက်မည်။    

(၁၂) ကရင်အမျိုးသားများ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ရိုးရာယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့၊ အစဉ်အလာများကို မပျောက်မပျက် စောင့်ရှောက်လျက် ပြည်ထောင်စု(သမ္မတ) မြန်မာနိုင်ငံတော်၊ တိုင်းရင်း သားများနှင့်အတူ တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းသာယာဝပြောရေး၊ စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေးနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းဟူသော သဘောထားကိုအကောင်အထည်ဖော်မည်။

(၁၃)အမျိုးသား၏ အကျိုးစီးပွားကို လည်းကောင်း၊ လူမျိုးကို လည်းကောင်း၊ ဖျက်ဆီးမည့် တိုက်ဖျက်ဝါးမျိုသည့်မူဝါဒ၊ အန္တရာယ်ပေးမည့် အယူအဆနှင့်အယူဝါဒတို့ကို ဥပဒေနှင့်အညီ ခုခံကာကွယ်ဆောင်ရွက် မည်။

(၁၄)တစ်မျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးရာ စသည်တို့ကို ခေတ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးလာအောင် အားထုတ်မည်။(၁၅)ကိုယ်ကျိုးမပါသော အများအကျိုးသက်သက်ဖြင့် ''အမုန်းမစွက်အကြမ်း မဖက်သော၊ဘက်လိုက်မှုကင်းသော မူဝါဒကို လက်ကိုင် ထားလျက် စစ်မှန်သော(ဖက်ဒရယ်)ပြည်ထောင်စုကြီးကို အတူကွ ပူးပေါင်းဆောင်ရွက်မည်" ဟု အတိအလင်း ကြေညာဖော်ပြထားပါသည်။

ပါတီ၏ လုပ်ငန်းစဉ်

ယနေ့ ကမ္ဘာ့မြေပြင်တစ်လွှား၌ ကြီးစိုးမင်းမူနေသော

(၁)လူအင်အား၊

(၂) ငွေကြေးအင်အား၊

(၃) ပစ္စည်းအင်အား၊

(၄)လက်နက် အင်အား၊

(၅) အာဏာတန်ခိုးအင်အားတို့သည် ငြိမ်းချမ်းသာယာဝပြော သည်နိုင်င်ငံရေးဦးတည် ချက်များကို လိုက်နာဦးတည်ခြင်းမရှိဘဲ ဘက်လိုက်ခြင်း၊ အစွဲလမ်းထားခြင်း ၊ မုန်းတီးခြင်းနှင့် အကြမ်းဖက်ခြင်း (ပြဿနာ) များ အမျိုးမျိုးဖြစ်ပေးစေသည်။

ဤသို့ သဘောတရားမျိုးသာ ဆက်၍ဆက်၍ ဖြစ်ပေါ်နေကြဦးမည်ဆိုလျှင်လူသားတို့၌ အကြောက်တရားများမှ လွတ်မြောက်ကင်းစင်သွားကြမည်မဟုတ်။ ထို့ကြောင့် မိမိတိုင်းပြည်၊ မိမိအမျိုးသားရေး အတွက်

(၁)အမြင်နှင့် အကျင့်တူညီမှုရှိရေး၊

(၂)စုံ-အားကောင်းရေး၊

(၃) တိုင်းပြည်၏ ဖွဲ့စည်း တည်ဆောက်ပုံ ''အခြေခံမူ'' တည်တံ့ရေး၊

(၄)တိုင်းပြည်၏ အဓိကဦးဆောင်နိုင်သော ''ခေါင်းဆောင်-သို့မဟုတ် လူ'' များ ဖြစ်ထွန်းလာရေးနှင့်

(၅)''အာဃာတမဲ့ဇုန်''- လူနေကမ္ဘာအဖြစ် တည်ဆောက်နိုင်ရေးအတွက် ကျွနု်ပ်တို့ ပါတီ၏ လုပ်ငန်းစဉ်ကို (ပါတီဖွဲ့စည်းတည်ဆောက်ပုံ၊ အခန်း(၃) စာမျက်နှာ (၅) တွင်)အကျဉ်းမျှ ဤသို့ရေးဆွဲဖော်ပြထားပါ သည်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည်-

၁။ ကရင်လူမျိုးတို့၏(မြန်မာလူမျိုးတို့၏)အခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီပေါ်ပေါက်လာမည့် ''ကရင်ပြည်နယ်အစိုးရအဖွဲ့'' မှဖော်ဆောင် သွားမည်။

၂။''ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ'' သည် ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုး သားများသာမက အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသား(မြန်မာအမျိုးသား) အားလုံးတို့၏ အကျိုးစီးပွားကို ဥပဒေနှင့် အညီဖော်ဆောင်မည်။

၃။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၌ ကရင်တစ်မျိုးသားလုံး၏ အရေးကို ပါဝင်ဆောင်ရွက်နိုင်ရန်အလို့ငှာ ဝင်ရောက်ယှဉ်ပြိုင်မည်။

၄။ ''ဖလုံ- စဝေါ် ဒီမိုကရက် တစ်ပါတီ'' သည် ကရင်ပြည်နယ်ကို အခြေခံပြီး ဖွဲ့စည်းတည်ထောင်မည့်အပြင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးစသည်တို့အထိ တိုးချဲ့ဖွဲ့စည်းပြီး ကရင်အမျိုးသားတို့ ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်မည်။

၅။ ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသား များနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားအားလးုံ အတူတကွစည်းလုံးညီညွတ်စွာဖြင့် ကရင်အမျိုးစားတို့၏ အကျိုးစီးပွားအတွက် ပူးပေါင်းပါဝင်လာစေရန် နည်းလမ်းရှာဖွေပြီး ဆောင်ရွက်မည်။ ၆။ ပြည်သူတို့၏ အကျိုးစီးပွားနှင့် လူမှုရေးကို မိမိတို့ ဆန္ဒသဘောထားအတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ကူညီစောင့်ရှောက်မည်။ ၇။အမုန်းမစွက်၊ အကြမ်း မဖက်သော မူဝါဒကို လက်ခံထားရှိပြီး စည်းလုံးညီညွတ်ခြင်းကို တည်ဆောက်မည်။

အဓိကရည်ရွယ်ချက်နှင့် မူဝါဒကျင့်စဉ်များ

အကျွနု်ပ်တို့ပါတီ၏ ''လုပ်ငန်းစဉ်များ''အနေဖြင့် အဓိကရည်ရွယ်ချက်

နှင့် မူဝါဒကျင့်စဉ်သဘောထားအမှန်မှာ-

(က) မြန်မာ့တိုင်းရင်းသားများ လူမျိုးးစုအရေး

(ခ) အသင်းအဖွဲ့အရေး

(ဂ) လူငယ်အရေး

(ဃ) အမျိုးသမီးအရေး

(င) ပညာရေး

(စ) ကျန်းမာရေး

(ဆ) အသိပညာရှင်၊ အတတ်ပညာ၊ စီးပွားရေးလုပ်ငန်းရှင်များအရေးနှင့်

(ဇ) နိုင်ငံရေးပါတီများအပေါ် သဘောထားရေး အကြောင်းအရာများလည်း ညီညွတ်စုံလင်စွာ စည်းစနစ်ကျကျ ချမှတ်ထားရှိခဲ့ပါသည်။

အကျွနု်ပ်တို့သည် အချင်းချင်းအတူတကွ နေထိုင်ခြင်း၊ ဆက်သွယ်မှု ထူထောင်ခြင်း၊ စုပေါင်းပူးပေါင်းဆောင်ရွက်ခြင်း၊ မုန်းတီးမှု၊ ရန်လိုမှုများ ရှောင်ရှားကြခြင်းနှင့် ဇာတ်စနစ်ခွဲခြားရေး၊ အကျိုးစီးပွား ပျက်စီးရေး၊ မကောင်း ကျိုး ဖြစ်ပေါ်ရေးစနစ်ကို စုပေါင်းပူးပေါင်းဆောင်ရွက်ခြင်း၊ မုန်းတီးမှု၊ ရန်လို နေသည့် လူမှုကမူ္ဘာသည် စိတ်ပိုင်းဆိုင်ရာ မကွဲပြားကြဘဲ ကောင်းကျိုးပြု သော တရားများကို အတူတကွ ပူးပေါင်းလုပ်ဆောင်ကြမည်။ တရားမျှတခြင်းကို ဦးတည်ရန် မိမိကိုယ်စီအသိတရားဖြင့် ကြိုးစားအားထုတ်ဆောင်ရွက်ကြရမည်။ ထူးထွေဆန်းသစ်သော နည်းပညာရပ်များဖြင့် ကမ္ဘာ့ရွာကြီး တစ်ရွာကဲ့သို့ ငြိမ်းချမ်းစွာအတူတကွ နေထိုင်ကြမည်။ တရားမျှတခြင်းကို ဦးတည်ရန်၊ ပဋိပက္ခကို ရှောင်ကြဉ်ရန်၊ မုန်းတီးမှုကို တွန်းထုတ်ရန်၊ ညီတူညီမျှသော အကျိုးတရားကို ရှေးရှုရန်၊ ရန်လိုမှု၊ လွဲမှားမှု တရားတို့ကို ရှောင်ရှားနိုင်ကြရန်နှင့် ညီညွတ်သင့်တင့်မျှတသော သို့မဟုတ် စည်းကမ်းပြည့်ဝသည့် လူမှုဘဝအသိုင်းအဝိုင်းကောင်းတစ်ခု တည်ထောင်နိုင် ကြရန်အတွက်

(၁) လူသားတို့၏အခွင့်အရေး

(၂) အကြမ်းမဖက်ရေး၊ မှန်ကန်ရေး၊ မျှတရေး

(၃) မိတ်ဝတ်မပျက် ပူးပေါင်းဆောင်ရွက်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊မြန်မာ့ငြိမ်းချမ်းရေး၊ မြန်မာ့ဖက်ဒရယ်နိုင်ငံရေး စသောလူမှုဘ၀ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ကြစေရန် "ဖလုံ-စဝေါ်ဒီမိုကရက်ပါတီ" ရဲ့ အဓိကနိုင်ငံရေးရည်ရွယ်ချက်ဖြစ်ပြီး တာဝန်ယူဆောင်ရွက်ပေးပါမည်။ ကတိလည်းပြုပါသည်။

နိဂုံး

လောက၌တရားလက်လွတ်နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှဉ်းပန်းမှုများများလာသည်ကို တွေ့ရသောကြောင့် လက်နက်ကိုင်စွဲတော်လှန် ခြင်းကိုလည်းကောင်း၊ ပုန်ကန်ခြင်းကိုလည်းကောင်း၊ အချင်းချင်းညှဉ်းပန်းနှိပ်စက်ကြခြင်းကို လည်းကောင်း၊ ရက်စက်ကြမ်းကြုတ်စွာ သနားကြင်နာမှုကင်းကြခြင်းကိုလည်းကောင်း၊ ယုတ်မာစွာအပြစ်ပေးခြင်းတို့သည် ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်ကြရန် လို၏။ ကမ္ဘာ့ လူမှုကြီးပွားရေးကို မဖျက်ဆီးနိုင်ရန်အတွက် လူတိုင်း၌တူညီသော လွတ်လပ်ခွင့်အရေး၊ ဉာဏ်နှင့် ကျင့်ဝတ်သိက္ခာကို သိတတ်သော အသိတရားတိုးတက်ရေးနှင့် အချင်းချင်းမေတ္တာတရားများ ထားရှိကြရေးအတွက် မေတ္တာတရားဖြင့် ဆက်ဆံ ကျင့်သုံးဆောက်တည်ကြရန် တိုက်တွန်းပါသည်။

လောက၌မည်သည့် အကျိုးအာနိသင်များ၌မဆို လွတ်လပ်စွာခံစာခွင့်၊ သုံးစွဲခွင့်ရှိသည်ဟူသော ဒီမိုကရေစီနိုင်ငံရေးကျင့်ထုံးနှင့်အတူ

(က) လွတ်လပ်ရေး

(ခ) ညီညွတ်ရေး

(ဂ) မျှတရေး တရားသုံးပါးကို နှလုံးသွင်းကြလျက် မြန်မာတစ်ပြည်လုံး၌ ဒီမိုကရေစီကျင့်စဉ်ကောင်းများ ပြည့်ပြည့်စုံစုံ ထွန်းကားပြည့်ဝပါစေဟု တိုက်တွန်းပြောကြားရင်း ရဟန်း၊ ရှင်၊ လူမြန်မာပြည်သူ ပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပြီး သုခိတာဟောထ- ချမ်းသာခြင်းဖြစ်ပါစေ။

ဒုက္ခမုစ္စထ - ဆင်းရဲခြင်းလွတ်ကင်းပါစေ။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ

 ၁။

 ပါတီအမည်

 -

 ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ

 ၂။

 ပါတီအမည်(English)

 -

 Phlone-Sqaw Democratic Party

 ၃။

 ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့

 -

 ၂၃.၄.၂၀၁၀

 ၄။

 လာရောက်လျှောက်ထားစဉ်ပါတိအင်အား

 -

 ၁၅ ဦး

 ၅။

 ပါတီလျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်

 -

 ဦးစောခင်မောင်မြင့် ၊ ဦးစောကြည်လင်း

 ၆။

 ပါတီတည်ထောင်ခွင့်ပြုသည့်နေ့

 -

 ၄.၅.၂၀၁၀

 ၇။

 ပါတီမှတ်ပုံတင်လျှောက်ထားသည့်နေ့

 -

 ၂၇.၅.၂၀၁၀

 ၈။

 ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့

 -

 ၄.၆.၂၀၁၀

 ၉။

 ခွင့်ပြုသည့်ပါတီအမှတ်စဉ်

 -

 အမှတ်စဉ်(၃၀)

 ၁၀။

 ခွင့်ပြုသည့်ပါတီအလံ

 -

 

 

 ၁၁။

 

 ခွင့်ပြုသည့်ပါတီတံဆိပ်

 -

 

 ၁၂။

 ပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်စာရင်း

 -

 ဦးစောသိန်းအောင်၊ ဦးစောတင်လှိုင်(တွင်း/မှုး-၁)

 ၁၃။

 ပါတီနယ်မြေ

 -

 ပြည်ထောင်စုတစ်ဝန်းလုံး

 ၁၄။

 ပါတီရုံးချုပ်တည်နေရာ

 -

 ငုရွှေဝါလမ်းနှင့်အင်ကြင်း(၂)လမ်းထောင့်၊ အမှတ်(၉)ရပ်ကွက်၊ဘားအံမြို့၊ ကရင်ပြည်နယ်။

 ၁၅။

 ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်

 -

 ၀၉-၄၂၅၀၂၀၄၉၈(ဥက္ကဌ)၊ ၀၉-၄၂၅၀၃၂၇၁၀၊ ၀၅၈-၂၃၃၃၁(ဒု-ဥက္ကဌ)၊ ၀၅၈-၂၃၃၁၄(ရုံး)၊

၀၅၈-၂၂၆၃၉၊ ၀၉-၄၉၇၇၀၁၁၅

 ၁၆။

 ပါတီ၏မှုဝါဒများ

 -

 PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly