နာမည်ပြောင်းဖို့ လော့စ်အိန်ဂျလိစ် တရားရုံးမှာ လျှောက်လွှာတင်ခဲ့တဲ့ ကာတလေဂျန်နာ

နာမည်ပြောင်းဖို့ လော့စ်အိန်ဂျလိစ် တရားရုံးမှာ လျှောက်လွှာတင်ခဲ့တဲ့ ကာတလေဂျန်နာ

နယူးယော့ခ်၊ စက်တင်ဘာ ၁၇။ ။ ရုပ်သံအကျော်အမော် တစ်ဦးဖြစ်ပြီး အိုလံပစ် ချန်ပီယံဟောင်း တစ်ဦးဖြစ်သူ ကာတလေ ဂျန်နာသည် ၎င်း၏နာမည်နှင့် ကျားမဖြစ်တည်မှုကို ပြောင်းလဲရန် လော့စ်အိန်ဂျလိစ် တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း တရားရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

ဂျန်နာသည် အိုလံပစ်ရွှေတံဆိပ်ဆုရှင် တစ်ဦးဖြစ်ကြောင်းနှင့် ဂျန်နာသည် ယောက်ျားဘဝမှ မိန်းမဘဝသို့ ပြောင်းခဲ့သူတစ်ဦးဖြစ်ကာ ယခုနှစ်က သတင်းဆောင်းပါးများတွင် ၎င်း၏အကြောင်းကို တစ်စေ့တစ်စောင်း ဖော်ပြခြင်းခံရသည့် သူတစ်ဦးဖြစ်ပြီး Vanity Fair မဂ္ဂဇင်း မျက်နှာဖုံးတွင် ဖော်ပြ ခံခဲ့ရသည်။ ယောက်ျားဘဝမှ မိန်းမဘဝသို့ မပြောင်းလဲခင်က ဂျန်နာကို ဘရုစ်ဟု လူသိများသည်။

ဂျန်နာသည် ယခုနှစ်က ရုပ်မြင်သံကြား အစီအစဉ် I Am Cait တွင် ပါဝင် သရုပ်ဆောင်ခဲ့ သည်။ ဂျန်နာသည် စက်တင်ဘာ ၁၅ ရက်က ၎င်း၏နာမည်ကို ဘရုစ်မှ ကာတလေမာရင်အဖြစ် ပြောင်းလဲရန်နှင့် ကျားမဖြစ်တည်မှုကို အမျိုးသားမှ အမျိုးသမီးအဖြစ် တရားဝင် ပြောင်းလဲပေးရန် လော့စ်အိန်ဂျလိစ်ခရိုင် တရားရုံးချုပ်သို့ လျှောက်လွှာတင်ခဲ့ကြောင်း တရားရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

တရားသူကြီးက နာမည်နှင့် ကျားမဖြစ်တည်မှု ပြောင်းလဲပေးရန် လျှောက်ထားမှုကို လုပ်ဆောင်ပေးမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပြီး ဆေးမှတ်တမ်းကဲ့သို့သော ဂျန်နာ၏ စာရွက်စာတမ်းများ ကို ကြည့်ကာ ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

လော့စ်အိန်ဂျလိစ်ခရိုင် ငြိမ်ဝပ်ပိပြားရေးရုံးက ဖေဖော်ဝါရီလက မာလီဘူတွင် ဖြစ်ပွားခဲ့သော လူသေဆုံးခဲ့သည့် ယာဉ်တိုက်မှုတွင် ဂျန်နာ ပါဝင်ပတ်သက်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ အဆိုပါ ယာဉ်တိုက်မှုအတွင်း ကင်ဟိုအမည်ရှိ အသက် ၆၉ နှစ်အရွယ် အမျိုးသ မီး သေဆုံးခဲ့သည်။

Ref: Reuter

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly