ချီလီနိုင်ငံအလယ်ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် လူတစ်သန်းခန့် အိုးအိမ်များကို စွန့်ခွာခဲ့ရ

ချီလီနိုင်ငံအလယ်ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် လူတစ်သန်းခန့် အိုးအိမ်များကို စွန့်ခွာခဲ့ရ

ချီလီနိုင်ငံအလယ်ပိုင်းတွင် စက်တင်ဘာ ၁၇ ရက်က အင်အား ၈ ဒသမ ၃ ပြင်းအားရှိသော ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် လူတစ်သန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရသည်။

မြေအောက် ၁၅ ဒသမ ၅ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ကြောင့် ရှစ်ဦးထက်မနည်း သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ငလျင်ဗဟိုချက်အနီးရှိ အီလာပယ်မြို့တွင် နေအိမ်များ ရမ်းခါမှုကြောင့် လမ်းများပေါ်သို့ ထွက်ပြေးခဲ့ရသည်။ ကမ်းရိုးတန်းမြို့ကိုကင်ဘိုတွင် ၁၅ ပေအမြင့်ရှိသော လှိုင်းလုံးကြီးများ ကမ်းခြေသို့ ရုတ်ခတ်ခဲ့ပြီး ကမ်းရိုးတန်းဒေသတစ်ခုလုံး၌ ဆူနာမီအရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရသည်။

ငလျင်လှုပ်ခတ်မှုသည် သုံးမိနစ်ကျော် ကြာမြင့်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်အများအပြားလည်း လှုပ်ခတ်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required