NLD အမတ်လောင်း ဦးနေဘုန်းလတ်၊ USDP အမတ်လောင်း ဦးသာဝင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဦးသိန်းညွန့်တို့ ပေးတဲ့ ကတိများ

NLD အမတ်လောင်း ဦးနေဘုန်းလတ်၊ USDP အမတ်လောင်း ဦးသာဝင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဦးသိန်းညွန့်တို့ ပေးတဲ့ ကတိများ

ရွေးကောက်ပွဲဖြစ်တော့မယ်ဆိုတာနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကြွားလုံး လှန့်လုံး ဟိတ်လုံးတွေကို ကြားကြရ တော့တာ ဓမ္မတာပါ တကယ်ဟုတ်မဟုတ် လုပ်မလုပ်ဆိုတာ ကတော့ ငွေရောင်ပိတ်ကားပေါ်မှာပဲ စောင့်ကြည့်ကြ ရမှာပါ။

အမျိုးသား ဒီမိုကရေစီပါတီသစ်ရဲ့ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးနေဘုန်းလတ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အမတ်လောင်း ဦးသာဝင်းတို့ကတော့ ကတိတွေပေးနေပါပြီ။

အမျိုးသား ဒီမိုကရေစီပါတီသစ်ရဲ့ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်က မြို့တော်အင်္ဂါရပ်နဲ့အညီ ပြုပြင်သွားမယ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အတွက် လုပ်သွားမယ်လိုပြောပါတယ်။

 

ဦးသိန်းညွန့် ။  ။ပြည်သူလူထုရဲ့ အခက်အခဲနဲ့ နေ့စဉ်ပြဿနာတွေကို ဖြေရှင်း ဆောင်ရွက်သွားမယ်။ ဒုတိယ အချက် ကတော့ ရန်ကုန်မြို့တော်တွင် မြင့်မားနေတဲ့ ရာဇဝတ်မှုနဲ့ ယဉ်ကြောပိတ်ဆို့မှု မြို့တော်ရဲ့အဆင့်များကို ပြန်လည်မြှင့်ဖို့ ဆောင်ရွက်သွားမယ်။ နောက်တစ်ချက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ကျွန်တော် လွှတ်တော်မှာတင်သွင်းခဲ့သလို လာဘ်ပေးလာဘ်ယူ ကိစ္စမှန်သမျှကို ဆန့်ကျင်တိုက်ပွဲဝင်သွားမယ်။

နောက် တစ်ချက်ကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ကာလမှာ မဖြစ်သင့်တဲ့ ရွေးကောက်ခံ အာဏာရှင် စနစ်ကို တားစီးမယ်။ ဒါကကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအရ၊ရှေ့မှာလည်း ဒီအလားအလာကို မြင်တဲ့ အတွက် ဟစ်တလာလိုရွေးကောက်ခံပြီးတော့ အာဏာရှင်ဖြစ်လာမယ့်အလားအလာတွေမြင်တဲ့အတွက် ဒီဟာကို ကျွန်တော်တို့ပါတီရဲ့ ကတိပြုချက်ထဲမှာ ထည့်ထားတယ်။

အခုနေအခါမှာဆိုလို့ရှိရင် ၉၀ခုနှစ်ကထက် အချိန်ပိုပြီးတော့ ရပါတယ် ပြီးခဲ့တဲ့ ၉ဝ တုံးကလိုပဲ  ပြည်သူ လူထုက အကြောက်တရား ဖုံးလွှမ်းနေတာတော့ အမြစ်တွယ်သလိုဖြစ်အောင် လုပ်ခဲ့တာ ဒီနေ့ထိရှိနေတုံး ပါပဲ ဘာပဲဖြစ်ဖြစ် ခုနေအချိန်အခါမှာတော့ ပြည်သူတွေမဲဆွယ်မှုတွေကို လွတ်လွတ်လပ်လပ်ကြီးမြင်နေ ကြားနေရတာကလည်း အရသာတမျိုးလို့ဆိုရမလိုပါ ပြည်ခိုင်ဖြိုးပါတီ ရန်ကင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသာဝင်းကတော့ ပြည်သူတွေ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်သွားမယ်လို့ ဆိုနေပါတယ်

ဦးသာဝင်း။    ။ တို့ပါတီရဲ့ မူဝါဒက ဘာလည်းဆိုတော့ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ဆောင်ရွက်သွားမှာပေါ့နော် ဒီမူဝါဒရှိတယ်။ အဲလိုပဲ မြို့နယ်မှာ လိုအပ်ချက်တွေ ခြုံပြီး ပြောလို့ရှိရင်            လူမှု စီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာပေါ့နော်။ လူမှုစီးပွားဘဝဆိုတာက ကျယ်ပြန့်တယ်ပေါ့နော်။ အဲအနေအထားဆိုတော့ ချုပ်ပြီးပြောမယ်ဆိုရင် လူမှုစီးပွားဘ၀ တိုးတက်အောင် တို့ဆောင်ရွက်သွားမယ်။ ဆက်လက်ပြီးတော့ ကြိုပမ်းဆောင်ရွက်သွားမယ်။ နောက် တို့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ပြုပြင်ပြောင်းလည်းမှုကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်။

တို့တွေရဲ့ ပြည်သူများကော တို့တတွေကောပေါ့ကွာ။ အခုအခြေနေက တို့မိသားစုဘ၀ တို့ပြည်သူလူထုရဲ့ မိသားစုဘ၀ တစ်ဦးချင်းဘ၀ လူနေမှုအဆင့်အတန်း စိတ်ပိုင်းဆိုင်ရာ နောက်တစ်ခါ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုက လိုအပ်တယ်လေ။ တို့ ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ စာလို့ရှိရင် တို့နိုင်ငံ နောက်ကျနေတဲ့ အနေအထား ရှိတယ်။

အဲ့လိုအနေအထားရှိတာ ဖြစ်လို့ တို့တွေဟာ အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရမှာပေါ့။ လူမှုစီးပွားဘဝဆိုတာ အခြေခံအားဖြင့် ပညာရေး ကျန်းမာရေး ရေကောင်း ရေသန့် ရရှိရေး  တည်ငြိမ်အေးချမ်းရေး စတဲ့ အချက်တွေပါတာကို ဒါလူမှုစီးပွားလို့ခေါ်တာပေါ့နော်။ အဲဒီ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လွန်ခဲ့တဲ့ လေးနှစ်ကျော် ငါးနှစ်အတွင်းမှာ အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲ့ပြီ။ ဆက်ပြီးတော့လည်း ဆောင်ရွက်မှာပေါ့နော်။ အဲလိုပဲဆောင်ရွက်တဲ့အခါမှာ အခြေနေကြည့်ပြီးတော့ တို့ပြုပြင်ပြောင်းလည်းရေး လုပ်စရာရှိတာလုပ်မယ်။ ပြီးခဲ့တဲ့ ၂၀၁၀ တုန်းကလည်း ပြုပြင်ပြောင်းလဲရေး ကို အတိုင်းအတာတစ်ခု အထိလုပ်ခဲ့ပြီးပြီ။ ခုလည်း ပဲဆက်ပြီးတော့မှ ၂၀၁၅အလွန်မှာလည်း ဆက်ပြီးတော့မှ ဆောင်ရွက်မှာပေါ့နော်။

(NLD)ရဲ့သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဘုန်းလတ် ကတော့ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝသွားရေးလာရေးတွေကို အဓိကထားဖြေရှင်းချင်တာတဲ့

ဦးနေဘုန်းလတ်။      ။ ကျွန်တော် လောလောဆယ် အာရုံကျနေတာကတော့ Public Transpotation ပေါ့နော်။ လူထုသွားလာ လှုပ်ရှားမှု အတွက်ပေါ့။ အခုကလူထုက အိမ်ကနေစပြီးထွက်တယ် ဆိုကတည်းက ဘယ်သူမှ အဆင်မပြေဘူး။ လိုင်းကားစီးတဲ့လူကော ဒီအတိုင်း ကိုယ်ပိုင်ကားစီးတဲ့လူကော ဘယ်သူမှအဆင်မပြေဘူး။ အကုန်လုံးစိတ်ညစ် စရာတွေချည်းပဲ။

အဲတော့ သွားရလာရတာ လွယ်ကူတဲ့အနေအထားမျိုး ဖြစ်အောင် နည်းပညာ တွေသုံးပြီး တော့ အဲကိစ္စကိုရှင်းဖို့အတွက် ကျွန်တော်အခုလောလောဆယ် အာရုံကျနေတယ်။ နည်းလမ်းတွေ က တော့အစုံပေါ့နော်။ ခုဟာက ကျွန်တော်မြင်တယ်။ သူတို့က ဂုံးကျော်တံတားတွေပဲ သူတို့က လိုက်ဆောက် နေတယ်ဗျ။ ဂုံးကျော်တံတားတွေ လိုက်ဆောက်နေရုံနဲ့တော့ မပြီးဘူးဗျ။

ကျွန်တော် အခု လောလောဆယ် စဉ်းစားမိတာက ရထားလမ်းတွေကို အဆင့်မြင့်ချင်တယ်။ ရထားလမ်းတွေကို အဆင့်မြင့်ပြီး တော့ လူတွေ ကသာ ဒီရထားကို သေသေခြာခြာ စနစ်တကျသုံးမယ်ဆိုရင် ကားလမ်းပေါ်မှာ လူတွေနည်းသွား လိမ့်မယ်ဗျ။ နိုင်ငံတကာမှာဆိုရင် ဘယ်သူမှ အိမ်ကနေပြီးတော့ အလုပ်အထိ ကားနဲ့မသွားဘူးဗျ။ ကားကို နီးစပ်ရာ ရထားဘူတာကိုသွားတယ်။ ရထားဘူတာမှာ ပါကင်တွေရှိယ်။ အဲဒီမှာ ကားကိုရပ်ထားပြီးတော့ ရထားနဲ့ပဲ အလုပ်ကို သွားကြတာ။

အခုဟာက အိမ်ကစထွက်ပြီး အလုပ်အထိ အကုန်းလုံးကားတွေနဲ့ပဲ ထွက်နေ ကြတာ တော်တော်လေးကို ယဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်တယ်ဗျ။ ကျွန်တော်ကတော့ ရထားလမ်းကို အဆင့်မြှင့်ပြီး ဘူတာတွေလည်းအဆင့်မြှင့်ဖို့လိုတာပေါ့နော်။ ဘူတာတွေနဲ့ ကားလမ်းမကြီးတွေကြားထဲမှာ သွားရလာရလွယ်ကူတဲ့ စနစ်တစ်ခုပေါ့နော်။ အဲဒီလိုသာစီစဉ်မယ်ဆိုရင် ရထားကိုသာ တကယ်သုံးလာရင် ဒီကားလမ်းကြပ်တဲ့ ကိစ္စ တော်တော်လေး ပြေလည်သွားမယ်လို့ ထင်တယ်ဗျ။

လူငယ် ဘလော့ဂါပညာရှင်တစ်ဦးဖြစ်တဲ့ နေဘုန်းလတ်ဟာ သူသာ တကယ်အမတ်ဖြစ်ခဲ့ရင် ပညာရေးတိုးတက် အောင်လည်း လုပ်သွားချင်ပါတယ်တဲ့။

အထူးသဖြင့်တော့ ပညာရေးပေါ့နော်။ ပညာရေးကိုပဲ အာရုံစိုက်ရမှာပဲ။ ခုဏက အလုပ်အကိုင်နဲ့ ပညာရေးက ချိတ်ဆက်မှုမရှိဘူးဖြစ်နေတယ်။ လူတွေက ပညာသင်တယ်။ ဘွဲ့ရသွားတယ် ပြီးလည်းပြီးရော အလုပ်အကိုင်ပိုင်းကျတော့ ချိတ်ဆက်မှုပိုင်း အားနည်းတဲ့အခါကျတော့ အလုပ်လက်မဲ့ ပညာတတ်တွေပေါ့၊ အဲလိုလူတွေက တော်တော်များနေတယ်ဗျ။ အဲ့ဟာကတော့ ကျွန်တော်ထင်ပါတယ်။ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းခဲ့တာပေါ့နော်။ ပညာရေးလို့ ပြောရင် ရန်ကုန်တိုင်းတစ်ခုတည်း လုပ်လို့မရဘူးဗျ။ ပြည်သူ့လွှတ်တော်တို့ အမျိုးသားလွှတ်တော်နဲ့ လည်း ချိတ်ရတယ်။ ကျွန်တော်ကတော့ ဖြစ်စေချင်တာက အဲဒီ နက်ခ်ဝက်ကြီးကို ပေါ်လာစေချင်တာပေါ့။ ကျွန်တော် တတ်နိုင်သမျှ ကျွန်တော်လုပ်မယ်။ လုပ်လို့မရတဲ့ကိစ္စတွေ ကမန်တော် ပြည်သူ့လွှတ်တော်နဲ့ ချိတ်ထားမယ်၊ အမျိုးသားလွှတ်တော်နဲ့ ချိတ်ထားမယ်။ ချိတ်ထားပြီးတော့ လွှတ်တော် သုံးမျိုးရဲ့ ပူးပေါင်းဆောင်ရွက်မှုသာ ပေါ်လာမယ်ဆိုရင် တကယ့်နိုင်ငံတကာ ဥပဒေတွေနဲ့ပေါ့ အဲဒီအပေါ်မှာလည်း လုပ်နိုင်မယ်လို့ထင်တယ်ဗျ။

သူတို့ပြောတာတွေ တကယ်လုပ်မလုပ်ဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာဆက်လက်ရှုစားကြရတော့မယ် မဟုတ်ပါလားခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly