ချင်းတိုးတက်ရေးပါတီ၏ မူဝါဒ သဘောထား

ချင်းတိုးတက်ရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၅ ။          ။ ချင်းတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးနိုထန်ကပ်   ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မိဘပြည်သူအပေါင်းတို့ခင်ဗျား-

ကျွန်တော်ကတော့ ချင်းတိုးတက်ရေးပါတီဥက္တဋ္ဌ  ဦးနိုထန်ကပ်ဖြစ်ပါတယ်။ ချင်းတိုးတက်ရေးပါတီသည် ၂၀၁၀ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။ မှတ်ပုံတင်နံပါတ် (၂၆)ဖြစ်ပြီး ပြည်ထောင်စုအဆင့် သို့မဟုတ် ပြည်ထောင်စုတစ်ဝန်းလုံး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လို့ရတဲ့ပါတီဖြစ်ပါတယ်။

ကျွန်တော်အနေဖြင့် ပါင်္တီ၏ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ပထမဆုံး တင်ပြလိုပါတယ်။ ပါတီနာမည်တွင်ဖော်ပြထားသည့်အတိုင်း ချင်းတိုင်းရင်းသားများ၏ တိုးတက်ရေးကို ပါတီအနေဖြင့် ဦးစားပေးဆောင်ရွက်ပါတယ်။

တိုးတက်ရေးကို ရုပ်ပိုင်းဆိုင်ရာနှင့် အသိပညာပိုင်းဆိုင်ရာဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ ရုပ်ပိုင်းဆိုင်ရာတွင် မြင်တွေ့လို့ရသည့် လမ်း၊ တံတား၊ ကျောင်းနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ၊ ရေ၊ မီး စသည်တို့တွင် တိုးတက်ရေးဖြစ်ပါသည်။

ရုပ်ပိုင်းဆိုင်ရာတွင် ချင်းတိုးတက်ရေးပါတီအနေဖြင့် ပါတီထူထောင်စ ကတည်းကဆောင်ရွက်ရန် စီစဉ်ထားတဲ့အထဲမှာ မယုံနိုင်လောက်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဥပမာပြောရမည် ဆိုလျှင် ချင်းတိုးတက်ရေးပါတီက တစ်ရာမှာတစ်ရာ အနိုင်ရခဲ့တဲ့ ဖလမ်းမြို့နယ်မှာ ပါတီနှင့် လွှတ်တော်အမတ်များ၏ ကြိုးပမ်းအားထုတ်တင်ပြမှုအပေါ် နိုင်ငံတော် အစိုးရကလည်း အသိအမှတ်ပြုဆောင် ရွက်ခြင်းကြောင့် သမိုင်းတွင် မရှိဖူးသေးသည့် ဖလမ်းမြို့အနီးတွင် လေယာဉ်ကွင်း၊ စိုက်ပျိုးရေး တက္ကသိုလ်နှင့် နယ်စပ်နှင့်ပြည်မ ကူးသန်းရောင်းဝယ်ရေးတွင် အလွန် အရေးကြီးသည့် ၂၄ ပေကျယ် ရိဒ်-နတ်ချောင်းလမ်းမကြီးများလည်း အကောင်အထည်ဖော်လျက်ရှိနေပါပြီ။ တစ်ဆက်တည်းတွင် ချင်းတိုးတက်ရေး ပါတီ အနိုင်ရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းရေးရာကိုယ်စားလှယ် သို့မဟုတ် ဝန်ကြီးကြောင့် ချင်းရွာအသီးသီးတွင် ရုပ်ပိုင်း ဆိုင်ရာတိုးတက်မှုသည် မြင်တွေ့လို့ရပါတယ်။

ထို့ကြောင့် ပြည်သူများက ချင်းတိုးတက်ရေးပါတီကို အားပေးမဲ ထည့်ခြင်းကြောင့် အကျိုးအမြတ်ဟာ လက်တွေ့မျက်မြင်ဖြစ်တဲ့အတွက် လာမည့်ရွေးကောက်ပွဲမှာလည်း တစ်ခဲနက်အားပေးကြ ပါလို့မေတ္တာရပ်ခံ ပါတယ်။

နောက်တစ်ခုဖြစ်သည့် အသိပညာပိုင်းဆိုင်ရာတိုးတက်ရေးတွင် စာတတ် မြောက်ရေးနှင့် ဒီဂရီဘွဲ့များ ရရှိရေးသက်သက်ကို ဆိုလိုတာမဟုတ်ပါ။ ဘာကြောင့်လဲဆိုရင် ပညာတတ်တိုင်း ပညာရှိမဟုတ် သလို၊ ဘွဲ့ရတိုင်းလည်း သိသင့်တာမသိတဲ့သူ အများကြီးရှိနေလို့ပါ။ အင်္ဂူလိပ်လို Educaterd Fool ဆိုတာမျိုးပေါ့။

အထူးသဖြင့် ချင်းတိုင်းရင်းသားအများစုရင်ဆိုင်နေရသည့် အခက် အခဲတစ်ခုမှာ နှစ်ပေါင်းငါးဆယ်ကြာလောက်မှ ကျင့်သုံးသည့် ဒီမိုကရေစီ စနစ်ကိုအခြေခံသည့် အုပ်ချုပ်ရေးစနစ်သစ်ကိုမယဉ်ပါး စိမ်းကားနေသေး ခြင်းဖြစ်ပါတယ်။ ဤသို့ဖြင့် သိသင့်တာမသိဖြစ်နေခြင်း၏ နောက်ဆက် တွဲများမှာ -

(၁) အုပ်ချုပ်သူများနှင့်ဝန်ထမ်းများကို မလိုလားအပ်သည်အထိ မကြောက်ရွံ့နေခြင်းကြောင့် သူတို့အတွက် ဒီမိုကရေစီစနစ်၏အနှစ်သာရလည်း မခံစားရဖြစ်နေပါတယ်။

(၂) သိသင့်တာမသိဖြစ်နေခြင်းကြောင့် အဖွဲ့ဝင်များတဲ့ ပါတီတချို့ကို ပါတီကြီးဟုသတ်မှတ်ပြီး အထင်ကြီးလွန်းနေပြီးမှ ဒီပါတီကြီးထဲမှာဝင်မှ တို့ရပ်ရွာအတွက် အကျိုးရှိမည်၊ ဟိုပါတီကြီးကသာ တိုင်းပြည် အုပ်ချုပ်ရေးကို အပြောင်းအလဲလုပ်နိုင်မည်။ ဒီပါတီကြီးကသာ အခြေခံဥပဒေကိုပြင်လို့ရမည်၊ ဟိုပါတီကြီးကသာစစ်မှန်တဲ့ ဒီမိုကရေစီရရှိအောင်ဆောင်ရွက်နိုင်မည် စသည် စသည်ဖြင့် လွဲမှားစွာမြင်ကြ တယ်။ အမှန်မှာ ဥပဒေရှေ့တွင် တရားဝင်မှတ်ပုံတင်ရရှိသည့် ပါတီအားလုံးဟာ တန်းတူဖြစ်ပါတယ်။

လူအင်အားပိုများတဲ့ ပါတီကသာ လုပ်ပိုင်ခွင့်ထူးရမည်ဆိုလျှင် ပါတီစုံ ဒီမိုကရေစီဟာ အဓိပ္ပာယ်ရှိတော့ မယ်မဟုတ်ပါ။ နောက်ပြီး တရားဝင် နိုင်ငံရေးပါတီတွင် ကြီးသည်၊ ငယ်သည်ဟူ၍ မရှိပါ။ အဖွဲ့ဝင်များသည့် ပါတီနှင့် နည်းသည့်ပါတီသာ ရှိပါတယ်။

(၃) သိသင့်တာမသိ ဖြစ်နေခြင်းကြောင့် ပါတီတိုင်း၊ နိုင်ငံသားတိုင်းနှင့် လူမှုရေးအဖွဲ့အစည်းမှအစ စစ်မှန်သည့် ဒီမိုကရေစီအသွင်ပြောင်းရေးတွင် အားလုံးတာဝန်ရှိသလို ထဲထဲဝင်ဝင် ပါဝင်နိုင်ကြောင်း လည်းမသိ ဖြစ်နေကြပါတယ်။

(၄) သိသင့်တာမသိဖြစ်နေခြင်းကြောင့် ထူးခြားသည့် ချင်းယဉ်ကျေးမှုဓလေ့ထုံးစံ၊ ချင်းစာပေနှင့် ဘာသာစကား၊ အနုပညာနှင့်ကိုးကွယ်သည့် ဘာသာမှအစ စောင့်ထိန်းပြီး ဖွံ့ဖြိုးတိုးတက်စေရန် ကျွန်တော် တို့ချင်းလူမျိုးနှင့် ချင်းပါတီတွင် အဓိက တာဝန်ရှိကြောင်းလည်း မသိနားမလည်ဖြစ်ကြတယ်။

အချုပ်ပြောရလျှင် အသိပညာပိုင်းဆိုင်ရာမှာ အားနည်းခြင်းကြောင့် ဆုံးရံှုးရသည့်အရာများဟာ လျစ်လျူရှုလို့မရ၊ ပေါ့ပေါ့တန်တန်ထားလို့ မရသည့် နစ်နာဆုံးရှုံးမှုဖြစ်ပါတယ်။

ထို့ကြောင့် ချင်းတိုးတက်ရေးပါတီအနေဖြင့် ပြည်သူများက ရုပ်ပိုင်းဆိုင်ရာသာမက အသိပညာပိုင်းဆိုင်ရာမှာလည်း တိုးတက်နိုင်ရန် တတ် အားသရွေ့ ကြိုးစားသွားမည်ဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ပျောက်ဆုံးလုနီးပါးဖြစ်တဲ့ တို့ချင်းတွေရဲ့မွန်မြတ်လှ တဲ့ ရိုးရာဓလေ့တွေ၊ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုစသည်တို့ကို ဘယ်ပါတီ ဘယ်လူမျိုးကမှ ကာယကံရှင် ကျွန်ုပ်တို့ ချင်းလူမျိုးနှင့် ပါတီထက် ထိန်းသိမ်းကာကွယ်ပြီး ဖွံ့ဖြိုးတိုးတက်စေမည်မဟုတ်ပါ။ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုချစ်မြတ်နိုးသူတိုင်း ချင်းတိုးတက်ရေးပါတီကို အားပေးကြပါ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေးမက အသိပညာပိုင်းဆိုင်ရာမှာလည်း တိုးတက် ချင်သူတိုင်း ချင်းတိုးတက်ရေးပါတီကို အားပေးကြပါ။

ချင်းတိုးတက်ရေးပါတီ

 ၁။

 ပါတီအမည်

 -

 ချင်းတိုးတက်ရေးပါတီ

 ၂။

 ပါတီအမည်(English)

 -

 Chin Progressive Party

 ၃။

 ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့

 -

 ၆.၄.၂၀၁၀

 ၄။

 လာရောက်လျှောက်ထားစဉ်ပါတိအင်အား

 -

 ၂၂ ဦး

 ၅။

 ပါတီလျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်

 -

 ဦးလျှံကြယ်၊ ဦးနိုထန်ဘဲလ်(ခ) နိုထမ်ကပ်

 ၆။

 ပါတီတည်ထောင်ခွင့်ပြုသည့်နေ့

 -

 ၄.၅.၂၀၁၀

 ၇။

 ပါတီမှတ်ပုံတင်လျှောက်ထားသည့်နေ့

 -

 ၂၄.၅.၂၀၁၀

 ၈။

 ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့

 -

 ၁.၆.၂၀၁၀

 ၉။

 ခွင့်ပြုသည့်ပါတီအမှတ်စဉ်

 -

 အမှတ်စဉ်(၂၆)

 ၁၀။

 ခွင့်ပြုသည့်ပါတီအလံ

 -

 

 

 ၁၁။

 

 ခွင့်ပြုသည့်ပါတီတံဆိပ်

 -

 

 ၁၂။

 ပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်စာရင်း

 -

 ဦးနိုထန်ဘဲလ်(ခ)နိုထမ်ကပ်၊ ဦးဇုန်လှယ်ထန်း(ထွေ/မှုး)

 ၁၃။

 ပါတီနယ်မြေ

 -

 ပြည်ထောင်စုတစ်ဝန်းလုံး

 ၁၄။

 ပါတီရုံးချုပ်တည်နေရာ

 -

 တိုက်(၁၄၇)၊ (၅)လွှာ ၊၃၇ လမ်း(လယ်) ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး

 ၁၅။

 ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်

 -

 ၀၁-၅၃၈၃၂၈ ၊၀၉-၅၁၅၅၉၈၃ (ဌာနချုပ်) ၊

 ၀၁-၆၄၇၄၂၀၊ ၀၉-၈၆၃၆၄၇၀(ဥက္ကဌ)၊

 ၀၁-၅၃၇၃၅၂ ၊၀၉-၅၀၁၄၉၁၆(ထွေ/မှုး)

 ၁၆။

 ပါတီ၏မှုဝါဒများ

 -

 PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly