မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ မူဝါဒ သဘောထား

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၅ ။         ။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဒုတိယဥက္ကဋ္ဌ-၁ ဒေါ်စန္ဒာဦးက   ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ် များမှဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကျွန်မတို့ပါတီရဲ့မူဝါဒကတော့ လူသားဆန်သော ဒီမိုကရက်တစ် နိုင်ငံသားဝါဒ ဖြစ်ပါတယ်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးဆိုတဲ့ပါတီရဲ့ အမည်နာမမှာကိုပဲ အဓိပ္ပာယ်ပြည့်ဝနေပါတယ်။ မတူကွဲပြားခွင့်ရှိခြင်း ဒိုင်ဗားစတီးဆိုတာကိုက လူ့ဘောင်လူ့လောကမှာ လူအမျိုးမျိုးဟာ မိမိတို့ရဲ့ လွတ်လပ်ခွင့်နှင့် အညီအခြားသူများနှင့် မတူသော ခံယူချက်၊ ရပ်တည်ချက်၊ စဉ်းစားချက်၊ တုံ့ပြန် ချက်အမျိုးးမျိုးကို လုပ်ခွင့်ရှိကြရပါမယ်။

လွတ်လပ်သောဘာသာအယူဝါဒ အမျိုးမျိုးကိုးကွယ်ယုံကြည်မှု အမျိုးမျိုးကိုးကွယ်ခွင့်လွတ်လပ်သော ထင်မြင်ယူဆချက် အမျိုးမျိုးထင် မြင်ယူဆခွင့် ရှိနေရပါလိမ့်မယ်။

ဒီနေရာမှ အချို့သော ဘာသာတရားကျမ်းစာတွေက လွတ်လပ်သောထင်မြင်ယူဆခွင့်ကို မပေးဘူးဆိုရင် ကျွန်မတို့ရဲ့ ဒိုင်ဗားစကီးအယူဆကို ဆန့်ကျင်နေပါပြီ။

အချို့ သောဘာသာအယူဝါဒ ကျမ်းစာတစ်ရပ်ရပ်ဟာ မိမိတို့ ဘာသာကနေ နုတ်ထွက်ရင် သေဒဏ်သတ်မှတ်လာပြီဆိုရင် လူ့လောကက နေသူ တို့ကို ဆန့်ကျင်ရှုတ်ချပေးနေဖို့ လိုအပ်လာပါပြီ။

ကျွန်မတို့ရဲ့ ဒိုင်ဗားစတီးမတူကွဲပြားခွင့်ကို တန်ဖိုးထားလေ ဘာသာ တရားတစ်ခုခုကနေ ကျန်ဘာသာသာသနာတွေကို တိုက်ခိုက်သတ်ဖြတ် ချေမှုန်းဖို့ရေးသားဟောပြောနေမယ်ဆိုရင် ပိတ်ပင်ဖို့ လုပ်ဆောင်ရပါ လိမ့်မယ်။

ဒါဟာ မတူကွဲပြားခွင့်ကို အဓွန့်ရှည်ဖို့အတွက် အာဏာရှင်ဆန်တဲ့ ဘာသာတရားမျိုးကိုဆန့်ကျင်ရတာဖြစ်ပါတယ်။ ဒီသဘောတရားဟာ ပါတီရဲ့အမည်နာမဖြစ်တဲ့ ဒိုင်ဗားစတီးမတူ ကွဲပြားခွင့်ကိုတန်ဖိုး ထားကြောင်း ဖော်ပြချက်ပဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတဲ့ ပါတီရဲ့နောက်ဆက်တွဲကို ဆက်လက်ရှင်းလင်း ပါမယ်။ မတူကွဲပြားခွင့်တွေကို တန်ဖိုးထားမယ်ဆိုရင် ငြိမ်းချမ်းရေး မလွဲမသွေရရှိလာမယ်လို့ ယုံကြည်တာဖြစ်ပါတယ်။

ဒါကြောင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ မတူကွဲပြားခွင့် မပေးတဲ့အယူအဆ၊ မတူကွဲပြားခွင့်မပေးတဲ့ အတွေးအခေါ်တွေကို ဆန့် ကျင်ရှုတ်ချနေခြင်းဟာ ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်ကြ တာဖြစ်ပါတယ်။

မိဘပြည်သူများရှင့်-

နိုင်ငံတစ်ခုမှာ နိုင်ငံရေးလုပ်ကြပြီဆိုရင် အမျိုးသားနိုင်ငံရေးနဲ့ စပိုင်နိုင်ငံ ရေးနှစ်မျိုးရှိပါတယ်။ ဥပမာပေးရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ပါတီထောင်ပြီး မြန်မာနိုင်ငံရှိတိုင်းရင်းသား ၁၃၅ မျိုး အကျိုးစီးပွားကို ရှေးရှု လုပ်ဆောင်ရပါမယ်။ ဒီလိုလုပ်ရင် အမျိုးသားနိုင်ငံရေးလို့ ခေါ်ရပါတယ်။

မြန်မာနိုင်ငံမှာနိုင်ငံရေးပါတီထောင်ပြီး နိုင်ငံခြားတိုင်းပြည်တစ်ခုခု(သို့) နိုင်ငံခြားသားတွေရဲ့ အကျိုးစီးပွားကိုလုပ်မယ်ဆိုရင် ဒါမျိုးဟာ စပိုင်နိုင်ငံ ရေးပါပဲ။

အဲ့ဒါကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်မယ်ဆိုရင် မြန်မာတိုင်းရင်းသား ၁၃၅ မျိုးအတွက် ရှေးရှုလုပ်ကြရမယ်။ နိုင်ငံခြားသားအတွက်/နိုင်ငံခြားတိုင်းပြည်တစ်ခုခုအတွက် နိုင်ငံရေးလာလုပ်ရင် စပိုင်ဖြစ်တဲ့အတွက် ချေမှုန်းရပါလိမ့်မယ်။

ကျွန်မတို့ရဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဝင်တိုင်းဟာ အမျိုးသားနိုင်ငံရေးကိုသာ ဦးတည်ရှေးရှုပြီး လုပ်ကြမှာဖြစ်သလို စပိုင်နိုင်ငံရေးသမားတွေကိုလည်း ဖော်ထုတ်ဖမ်းဆီး ချေမှုန်းသွားကြပါမယ်။

နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုတော့ ဈေးကွက်စီးပွားရေးစနစ်နဲ့သွားမှ သာလျှင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

ကွန်မြူနစ်ဆိုရှယ်လစ်စတဲ့ နိုင်ငံတော်စနစ်တွေမှန်သမျှဟာ အုပ်ချုပ်ရေး အက်ဒမင်ပိုင်းရော အော်ပရေးရှင်းပိုင်းကိုပါ ဝန်ထမ်းဆန်တဲ့ စီမံခန့်ခွဲမှုရှိကြတဲ့အတွက် ဘယ်နေရာမှာမှ မအောင်မြင်ကြပါဘူး။

အရင်းရှင်စနစ်ကတော့ မက်လုံးကိုအခြေစိုက်ထားတာ ဖြစ်တယ်။ အက်ဒမင်ပိုင်းမှာ မက်လုံးကိုအခြေစိုက်ထားလေတော့ အောင်မြင်လာတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကသာ မိမိတို့အကျိုးမြတ် အများဆုံးရဖို့အတွက် အာရုံစူးစိုက်ကြလေတော့ လုပ်ငန်းတွေအောင်မြင်လာကြတယ်။

နိုင်ငံတော်အစိုးရဟာ ပြည်သူတွေဖြစ်တဲ့ ထုတ်လုပ်ရောင်းချသူတွေနဲ့ စားသုံးသူတွေကြားမှာ မှန်ကန်တဲ့ ဒိုင်လူကြီးအဖြစ် ရပ်တည်ဖို့လိုတယ်။ အဲ့သလိုရပ်တည်နိုင်တဲ့အချိန်မှာ နိုင်ငံတစ်ဟုန်တိုးဖွံ့ဖြိုးမယ်။

ဒိုင်လူကြီးဟာ ပြည်သူအချင်းချင်းအပေါ်မမျှတဘဲ ဘက်လိုက်ရင် ခရိုနီအရင်းရှင်စနစ်ဖြစ်လာတယ်။ ခရိုနီအရင်းရှင်စနစ်ကြောင့် အရင်းရှင်စနစ် နာမည်ပျက်ရတယ်။ အာဏာကိုအလွဲသုံး ဘက်လိုက်တဲ့ ခရိုနီကို ပပျောက် အောင်လုပ်ဖို့လိုပါတယ်။

ဆင်းရဲချမ်းသာမရွေး တန်းတူယှဉ်ပြိုင်ခွင့်ရှိနေရမယ်။ တန်းတူယှဉ်ပြိုင် ခွင့်ကို နမူနာပေးမယ်ဆိုရင် ရွှေတွင်းလုပ်ကွက် တစ်ယူနစ်ဧက တစ်ထောင်ချပေးမယ် မည်သူမဆို လေလံဆွဲခွင့်ရှိတယ်၊ ဆင်းရဲ ချမ်းသာမရွေး လေလံဆွဲခွင့်ပေးမယ်၊ လေလံဆွဲသူတိုင်း ဒပို့ဇစ် သိန်းတစ်ထောင် ဘဏ်အကောင့်ပြရမယ် ဆိုရင် ဒါဟာ တန်းတူယှဉ်ပြိုင်ခွင့်မဟုတ်ဘူး။ တစ်ယူနစ်ဧက ၁၀၀၀ ဆိုတော့ အများကြီး ဆင်းရဲသူက ဘယ်လိုမှ လေလံဝင်မပြိုင်နိုင်တော့ဘူး။

အဲ့ဒါကြောင့် တန်းတူယှဉ်ပြိုင်ခွင့်ဆိုတာ (မည်သူမဆို)လို့စကားလုံးထည့်တိုင်းမဟုတ်ပါဘူး မမှန်ဘူး။ သာာမန်လုပ်ငန်း အသေးစားအဆင့်က လူတွေပါလေလံဆွဲနိုင်တဲ့ လုပ်ကွက်အသေးတွေ ဖြန့်ခွဲနိုင် ရမယ်။ ဒီလို စီမံခန့်ခွဲတာမျိုးကို ဝင်ငွေခွဲဝေဖြန့်ဖြူးမှု ညီမျှအောင်လုပ်တယ် လို့ခေါ်တယ်။

ဝင်ငွေခွဲဝေဖြန့်ဖြူးတယ်ဆိုတာ နိုင်ငံတော်ဘတ်ဂျက်ကို နိုင်ငံတော်မှာရှိတဲ့ လူဦးရေနဲ့စားပြီး တစ်ဦးချင်းလိုက်ပေးတဲ့ ကိစ္စမဟုတ်ပါဘူး။ အထက်ဖော်ပြပါ စီမံခန့်ခွဲမှုမျိုးကို ခေါ်ပါတယ်။

ဒီနေရာမှာ လေကြောင်းလိုင်း ထောင်ခွင့်ကို ဆင်ခြင်ပြပါမယ်။ ဘယ်ဆင်းရဲသားကမှ လေကြောင်းလိုင်း မထောင်နိုင်ဘူးဆိုတာ တွေ့ရလိမ့်မယ်။ ဘယ်လောက်အသေးငယ်ဆုံး ယူနစ်အဖြစ် လုပ်ကိုင် ခွင့်ပေးပါစေ ဆင်းရဲသားအနေနဲ့ လုပ်ပိုင်ခွင့်မယှဉ်နိုင်ပါဘူး။

အဲ့ဒါကြောင့် လုပ်ငန်းပုံစံမျိုးစုံအလိုက် အနည်းဆုံးပမာဏ ယူနစ်လုပ်ကွက်တွေ လုပ်ကိုင်ခွင့်ကို အစိုးရက လုပ်ပေးနေရမယ်။ ဒီနေရာမှာ ကွန်မြူနစ်လို စဉ်းစားရင်တော့ မည်သူမျှ လုပ်ကွက်တစ်ကွက်ထက် ပိုမယူရဆိုတာမျိုးပါ ပါလာတတ်တယ်။ ဒါဆိုရင် လက်ဝဲစွန်းကို ရောက်လာပြီလို့ ခေါ်ရပါမယ်။

အသေးဆုံးက ဝင်ပြိုင်နိုင်သလို အကြီးဆုံးက အဆမတန်ကြီးထွားခွင့်ကိုခွင့်ပြုနိုင်မှ ခွင့်ပြုတတ်မှသာလျှင် ပုဂ္ဂလိကလုပ်ငန်းတွေ ဖွံ့ဖြိုးလာပြီး နိုင်ငံ ဖွံ့ဖြိုးလာပါလိမ့်မယ်။

ယခုတင်ပြတဲ့ကိစ္စဟာ ပညာရေး ကျန်းမာရေးနယ်ပယ်တွေအတွက်ပါ ကျင့်သုံးရမှာဖြစ်ကြောင်း တင်ပြလိုပါတယ်။

မိဘပြည်သူများရှင့် -

ကျွန်မတို့ပါတီရဲ့  လုပ်ငန်းစဉ်လေးကိုတော့ တင်ပြချင်ပါသေးတယ်။ အဲ့ဒါကတော့ ရွေးကောက်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်တာဟာ ပါတီရဲ့လုပ်ငန်း စဉ်တစ်ခုအနေနဲ့ ပါဝင်ပေမယ့် အဓိကလုပ်ငန်းစဉ် မဟုတ်ပါဘူး။ မတူကွဲပြား

ခြင်းနှင့် ငြိမ်းချမ်းရေးပါတီရဲ့ အဓိကလုပ်ငန်းစဉ်အစစ်ကတော့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးကို အကျိုးပြုနိုင်မယ့်၊ နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် ဒေတာ (အချက်အလက်) တွေ ရှာဖွေစုဆောင်းပြီး နိုင်ငံရေး ရာ တာဝန်ရှိမည့်သူမဆိုပါတီမရွေး အဖွဲ့အစည်းမရွေး ပုဂူ္ဂိုလ်မရွေး အခမဲ့ဖြန့်ဝေဖို့ပါပဲ။ အဲ့ဒါ အဓိကလုပ်ငန်းစဉ်ဖြစ်ပါတယ်။ ပါတီရဲ့ အထိမ်းအမှတ်တံဆိပ်မှာ ခောတ်မီ ဆက်သွယ်ရေးကိရိယာများနှင့် မိမိတို့လုပ်ဆောင်ချက်များ ပျံ့နှံ့စေရမည် ဟူသော ရည်ရွယ်ချက်ဖြစ်ပါတယ်။

မိဘပြည်သူများရှင့် -

အမျိုးသားနိုင်ငံရေးနဲ့ စပိုင်နိုင်ငံရေးကို ခွဲခြားသိမြင်နိုင်တဲ့ ပြည်သူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းသည့်အပြင် ပြည်သူသည်သာ အခရာ ဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရဲ့ အကျိုးကိုရှေးရှုသည့်ပြည်သူ ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြပါလို့ တိုက်တွင်းရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။

မတူကွဲပြားခြားနှင့်ငြိမ်းချမ်းရေးပါတီ

 ၁။

 ပါတီအမည်

 -

 မတူကွဲပြားခြားနှင့်ငြိမ်းချမ်းရေးပါတီ

 ၂။

 ပါတီအမည်(English)

 -

 Peace for Diversity Party

 ၃။

 ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့

 -

 ၆.၄.၂၀၁၀

 ၄။

 လာရောက်လျှောက်ထားစဉ်ပါတိအင်အား

 -

 ၁၇ ဦး

 ၅။

 ပါတီလျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်

 -

 ဦးညိုမင်းလွင်(နုတ်ထွက်)၊ ဦးတင်မောင်အေး

 ၆။

 ပါတီတည်ထောင်ခွင့်ပြုသည့်နေ့

 -

 ၂၉.၄.၂၀၁၀

 ၇။

 ပါတီမှတ်ပုံတင်လျှောက်ထားသည့်နေ့

 -

 ၂၄.၅.၂၀၁၀

 ၈။

 ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့

 -

 ၁.၆.၂၀၁၀

 ၉။

 ခွင့်ပြုသည့်ပါတီအမှတ်စဉ်

 -

 အမှတ်စဉ်(၂၅)

 ၁၀။

 ခွင့်ပြုသည့်ပါတီအလံ

 -

 

 

 ၁၁။

 

 ခွင့်ပြုသည့်ပါတီတံဆိပ်

 -

 

 ၁၂။

 ပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်စာရင်း

 -

 ဦးထွန်းအောင်ကျော်၊ ဒေါ်ရီရီစံ(ထွေ/မှုး)

 ၁၃။

 ပါတီနယ်မြေ

 -

 ပြည်ထောင်စုတစ်ဝန်းလုံး

 ၁၄။

 ပါတီရုံးချုပ်တည်နေရာ

 -

 အခန်း(၂/၂/၂၃၂)၊မဟော်ဂနီလမ်း၊ ထောက်ကြန့် တိုးချဲ့ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 ၁၅။

 ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်

 -

 ၀၉-၄၂၁၁၄၈၂၇၅(ဦးနေမျိုးဝေ)၊ ၀၉-၈၆၁၀၇၁၉

 ၁၆။

 ပါတီ၏မှုဝါဒများ

 -

 PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly