ပြည်ထောင်စုဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထားများ

ပြည်ထောင်စုဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထားများ

နေပြည်တော် စက်တင်ဘာ ၁၅ ။          ။ ပြည်ထောင်စုဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ ဥိးစိုးဝင်းက   ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်း ကရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

မြန်မာနိုင်ငံသူ/နိုင်ငံသားအပေါင်း မင်္ဂလာရှိသောနေ့ရက်များကို ရရှိ ခံစားကြရပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဒုတိယဥက္တဋ္ဌ ဦးစိုးဝင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ပါတီကို ကိုယ်စား ပြုပြီး အခုလို မြန်မာနိုင်ငံသူ/နိုင်ငံသားအပေါင်းကို စကားပြောခွင့်ရတဲ့ အတွက် အတိုင်းမသိဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ဦးစွာပြောကြား ခွင့်ပြုပါခင်ဗျား။

၂၀၁၀ ခုနှစ်တွင် ကျွန်တော်တို့ပါတီတည်ထောင်ဖွဲ့စည်း၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရရှိခဲ့ပါ။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း ထောက်ခံအားပေးခဲ့ပါတယ်။

ကျွန်တော့်ရဲ့အတွေ့အကြုံ ၊ကျွန်တော့်ပါတီမိတ်ဆွေအပေါင်းအသင်း များရဲ့အတွေ့အကြုံများပေါင်းစပ်၍ ယခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား ပဲခူးတိုင်းဒေသကြီးမှ အထူးကြိုးစား၍ ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ပါတယ်။

ယနေ့အချိန်အခါသည် နိုင်ငံတော်ကြီးတစ်ခုလုံး အစစအရာရာ ပြုပြင် ပြောင်းလဲနေပြီဖြစ်တဲ့အတွက် ကျွန်တော်နဲ့ ကျွန်တော်ပါတီ လွှတ်တော်  ကိုယ်စားလှယ်များသာလျှင် အရွေးးချယ်ခံရပါက ကိုယ်ကျိုးဖဖက်ဘဲ တိုင်းပြည်အတွက် စွမ်းစွမ်းတမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

ကျွန်တော်ဟာ အသက် ၆၄ နှစ် ရှိပြီဖြစ်တဲ့အတွက် နိုင်ငံတော်မှာ ပြောင်းလဲခဲ့သော နိုင်ငံရေးဇာတ်ခုံအကြောင်း တော်တော်များများသိရှိခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်ဟာ တောရွာမှာ မွေးဖွားကြီးပြင်း ခဲ့သောသူ တစ်ယောက်ဖြစ်ခဲ့တဲ့အတွက်ကြောင့် တောရွာနေလူတန်းစားတွေရဲ့ ဒုက္ခ မျိုးစုံကို ငယ်စဉ်ကပင် မျက်မြင်ကိုယ်တွေ့ခံစားခဲ့ရတဲ့သူ တစ်ယောက်ဖြစ် ပါတယ်။ တောရွာနေလူထုရဲ့ပညာရေး၊ ကျန်းမာရေးကအစ စားဝတ် နေရေးပါမကျန်နိမ့်ကျနေတာတွေဟာ ယနေ့အချိန်ထိဖြစ်ပါတယ်။ ကလေး တွေရဲ့ကျန်းမာရေးနှင့်ပညာရေးကို ဦးစွာပထမ ဦးစားပေးရလိမ့်မယ်လို့ လည်း ထင်မိပါတယ်။

ကျွန်တော်တို့ ပါတီဟာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို မည်သည့်အကြောင်းကြောင့်နဲ့မျှ နောက်ပြန်လှည့်သွားနိုင်စရာမရှိ ဟုယုံကြည်ပါတယ်။ အစိုးရလွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေး ပါတီများနဲ့တိုင်းရင်းသားလက်နက်ကိုင်အသီးသီးတို့ဖြင့်ပူးပေါင်း၍ ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်တစ်ခုကို ထူထောင်သွားမည်ဖြစ်ပါတယ်။

နိုင်ငံတော်၌ ကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခက်အခဲများအား ရွေးကောက်ခံရသော ကိုယ်စားလှယ်များနဲ့လက်တွဲ၍ ယခုထက်ပိုမိုမြန်ဆန်စနစ်ကျအောင် ဆောင်ရွက်သွားပါမယ်။ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကြီးဟာ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်မည်ဟု ယုံကြည်တဲ့အတွက် ကျွန်တော်တို့ပါတီဟာ ရွေးကောက် ပွဲတွင် နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ နိုင်ငံရေးအင်အားစုများနှင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို အထူးလက်တွဲပြီး ဆက်လက်ဆောင်ရွက်သွား ပါမယ်။

ကျွန်ုပ်တို့ ပြည်ထောင်စုဒီမိုကရေစီပါတီအနေနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာအေဂျင်စီ များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပါအဝင် ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ပြည်ထောင်စုဒီမိုကရေစီပန်းတိုင်ကို အရောက်ချီတက်မည်ဟု အလေးအနက်အဓိဋ္ဌာန်ပြုပါတယ်။

လူမှုရေး၊ စီးပွားရေး၊ ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးနဲ့ အခြေခံလူ့အခွင့်အရေးများအတွက် ပြည်သူလူထုတစ်ရပ်လုံး၏ တရားမျှတ သော တောင်းဆိုလှုပ်ရှားမှုအသီးသီးကို ကျွနု်ပ်တို့ပါတီမှ အပြည့်အ၀ ထောက်ခံပူးပေါင်းဆောင်ရွက်သွားပါမယ်။

ကျွန်ုပ်တို့ပါတီ၏အလံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း နေထိုင်သည့် ပြည်ထောင်စုစနစ်၏ အဓိပူ္ပာယ်ကိုဖော်ဆောင်ပြီး ပင်လုံ ကျောက်တိုင်မှာ ပြည်ထောင်စုကြီးကိုဖြစ်ပေါ်စေခဲ့သော အခြေခံ အုတ်မြစ် ပင်လုံစာချုပ်ကြီးကို ဂုဏ်ပြုဖော်ပြခြင်းဖြစ်ပါတယ်။ ပါတီ၏အမှတ်တံဆိပ် ဖြစ်သော မြန်မာပြည်မြေပုံဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်ပြီး ပင်လုံကျောက်တိုင်ဟာ တိုင်းရင်းသားလူမျိုး အားလုံး လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်းတရားများနှင့် ငြိမ်းချမ်းစွာအတူ လက်တွဲပူးပေါင်း နေထိုင်သွားကြမည်ဟူသော အဓိပ္ပာယ်ဖြစ်ပါတယ်။

ထို့ကြောင့် ကျွန်တော်တို့ပါတီ၏ဆောင်ပုဒ်ကို လွတ်လပ်ညီမျှချစ်ကြည် ပြည်ထောင်စုဒီမိုကရေစီပါတီဟု မှတ်တမ်းတင်ထားပါတယ်။

နိုင်ငံရေးပါတီတစ်ခုတည်ထောင်တဲ့အခါ ပါတီ၏မူဝါဒ၊ သဘောထား ရပ်တည်ချက်တို့မှာ အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ မူဝါဒ၊ သဘောတရားများကို နိုင်ငံသူ/သားအပေါင်း သိရှိနိုင်ကြရန် တင်ပြခွင့်ပြုပါ ခင်ဗျား။

ကျွန်တော်တို့ ပါတီအနေနဲ့ အဖြစ်ချင်ဆုံးသော မူဝါဒမှာ ဖက်ဒရယ် နိုင်ငံတော် တည်ထောင်ရေးပဲဖြစ်ပါတယ်။ နိုင်ငံသူ/သားအပေါင်းအားလုံး မိမိကိုယ်ကိုမိမိတည်ဆောက်၊ မိမိကိုယ်ကို မိမိတာဝန်ယူပြီး တစ်ချိန်တည်းမှာ အခြားတစ်ပါးသူများနှင့် ညီညွတ်၊ ချစ်ကြည်၊ စည်းလုံးပြီးအေးအတူ ပူအမျှခွဲဝေခံစားနိုင်မည်ဆိုလျှင် အောင်မြင်သော ပြည်ထောင်စုနိုင်ငံတော်ကြီး တစ်ခုတည်ထောင်နိုင်မည်မှာ မလွဲဧကန်ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ ထာဝရပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်စေဖို့ ကြီးစွာသောအထောက်အကူပြုမှုကို ဖက်ဒရယ်စနစ်ကသာ ပြုမှုနိုင်မှာဖြစ်တယ်လို့ ခိုင်မာစွာယုံကြည်ပါတယ်ခင်ဗျား။

ပြည်ထောင်စုဒီမိုကရေစီပါတီအနေနဲ့ ပြည်ထောင်စုသမူ္မတမြန်မာနိုင်ငံတစ်ဝန်းတွင် ဘက်စုံအခြေခံအဆောက်အအုံများ ပြည့်စုံကုံလုံစွာပေါ်ပေါက်လာစေနိုင်ရေးအတွက် အဓိကထားကြိုးပမ်း သွားမှာဖြစ် ပါတယ်။

စီးပွားရေးအခြေခံအဆောက်အအုံများ ပြည့်စုံလာပါက ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအတွက်သော်လည်းကောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ အတွက်သော်လည်းကောင်း အလုံစုံကူညီပံ့ပိုးရာရောက် သဖြင့် နိုင်ငံတော် အတွက် အပေါင်းလက္ခဏာဆောင်လာမှာ ဖြစ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်အဖြစ် နိုင်ငံသားများ အလုပ်အကိုင်ရရှိလာခြင်း၊ တိုင်းပြည်ဘဏ္ဍာတိုးတက်လာများပြားလာခြင်း အစရှိသော ကောင်းကျိုးများကို ရရှိမှာဖြစ်ပါတယ်။

နိုင်ငံတော်ဘဏ္ဍာတောင့်တင်းလာမှ နိုင်ငံတွင်းရှိ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှာဖြစ်သလို ပြည်ပချေးငွေအပေါ် မှီခိုနေရခြင်းမှ လည်း လျော့ကျမှာဖြစ်ပါတယ်။

စနစ်တိုင်းမှာ အားသာချက်၊ အားနည်းချက်တွေကို ဒီမိုကရေစီနည်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာကြရမှာ နိုင်ငံတော်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ မည်သည့်တာဝန်ကိုမဆို အရှောင်လွဲ တာဝန်ယူဖြေရှင်းရမှာ နိုင်ငံတော်တစ်ခုရဲ့ အာဏာပိုင်အဖွဲ့ အစည်းပဲဖြစ်ပါတယ်။ အဲဒီတာဝန်ကို ယူရမယ့်အခြေနေကို ကျွန်တော်တို့ ပါတီမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို မျှဝေပေးစေလိုပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ အမှန်တကယ်လိုအပ်နေတဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေးတို့ကို ဆောင်ရွက် နိုင်သော အစိုးရအဖွဲ့အစည်းတစ်ရပ် အမှန်တကယ်လိုအပ် ပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံသူ/နိုင်ငံသားအပေါင်းတို့ခင်ဗျား- ထိုသို့ လိုအပ်သော အစိုးရအဖွဲ့အစည်းတွင် ကျွန်တော်တို့ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပေးခြင်းဖြင့် တစ်တပ်တစ်အား ပါဝင်တာဝန်ထမ်းဆောင်နိုင်ရန် ကူညီကြပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါတယ်။

နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ကို မိမိတို့ပါတီများမှ အောင်နိုင်သူများ နှင့် အတူတကွ နားလည်မှုကြီးစွာ ပေါင်းစပ်ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ/ နိုင်ငံသားအပေါင်းတို့ခင်ဗျာ-ထိုသို့အထက်ပါ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ဖြေရှင်းရန် ပြည်ထောင်စုဒီမိုကရေစီပါတီအနေဖြင့် မည်သည့် ပါတီအဖွဲ့အစည်းနှင့်မဆိုလက်တွဲ၍ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဤနေရာမှနေ၍ ကတိသစ္စာပြုအပ်ပါတယ်။

ကျွန်တော်တို့ပါတီအနေဖြင့် နံပါတ်(၁) မိမိရပ်ရွာ၊ (၂) မိမိမြို့နယ်၊ (၃) မိမိတိုင်းပြည် ကောင်းရာကောင်းကျိုးများကိုရည်ရွယ်ပြီး အုပ်ချုပ်ရေး ယန္တရားကြီး ချောမွေ့မှန်ကန်စွာ၊ တည်ငြိမ်အေးချမ်းစွာ၊ သာယာဖြောင့်ဖြူး စွာလည်ပတ်နိုင်စေရန် စွမ်းစွမ်းတမံအထောက်အကူပြုပြီး နိုင်ငံတော် မျက်နှာကို အစဉ်ရှေးရှု၍ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းမိဘပြည်သူအပေါင်းကို ဤနေရာ မှလေးနက်ခိုင်မာစွာ ကတိသစူ္စာပြုအပ် ပါသည်ခင်ဗျား။

ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းတွင် လက်ရှိဖြစ်ပေါ်ကြုံတွေ့နေကြရ သော လယ်ယာမြေအမှုအခင်းများအပါဝင် အခြားသော တရားဥပဒေ၏  လက်ငင်းလိုအပ်ချက်များစွာအတွက် ပြည်ထောင်စုဒီမိုကရေစီ ပါတီမှ အလေးထား ဆောင်ရွက်သွားပါမည်ဟု ထပ်လောင်းကတိပြုအပ်ပါတယ်။

မြန်မာနိုင်ငံသူ/နိုင်ငံသားအသီးသီးတို့ခင်ဗျား-

မိမိတို့၏ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် အောင်မြင်ရာ အောင်မြင်ကြောင်းရရှိရန် ကိုယ်တိုင်ကိုယ်ကျကြိုးစားဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ တော်ကြီးသည် သာယာဝပြောသော ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်လာမည်ဟု ကျွန်ုပ်တို့ ပြည်ထောင်စုဒီမိုကရေစီပါတီမှ အပြည့်အဝယုံကြည်ကြောင်း ပြောကြားလိုပါတယ်။ မိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

ပြည်ထောင်စုဒီမိုကရေစီပါတီ

 ၁။

 ပါတီအမည်

 -

 ပြည်ထောင်စုဒီမိုကရေစီပါတီ

 ၂။

 ပါတီအမည်(English)

 -

 Union Democratic Party

 ၃။

 ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့

 -

 ၈.၄.၂၀၁၀

 ၄။

 လာရောက်လျှောက်ထားစဉ်ပါတိအင်အား

 -

 ၁၅ ဦး

 ၅။

 ပါတီလျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်

 -

 ဦးရွှေအုံး(ကွယ်လွန်)၊ ဦးဖြိုးမင်းသိန်း(နုတ်ထွက်)

 ၆။

 ပါတီတည်ထောင်ခွင့်ပြုသည့်နေ့

 -

 ၄.၅.၂၀၁၀

 ၇။

 ပါတီမှတ်ပုံတင်လျှောက်ထားသည့်နေ့

 -

 ၂၀.၅.၂၀၁၀

 ၈။

 ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့

 -

 ၂၈.၅.၂၀၁၀

 ၉။

 ခွင့်ပြုသည့်ပါတီအမှတ်စဉ်

 -

 အမှတ်စဉ်(၂၄)

 ၁၀။

 ခွင့်ပြုသည့်ပါတီအလံ

 -

 

 

 ၁၁။

 

 ခွင့်ပြုသည့်ပါတီတံဆိပ်

 -

 

 ၁၂။

 ပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်စာရင်း

 -

 ဦးသောင်းဝင်း(ထွေ/မှုး)

 ၁၃။

 ပါတီနယ်မြေ

 -

 ပြည်ထောင်စုတစ်ဝန်းလုံး

 ၁၄။

 ပါတီရုံးချုပ်တည်နေရာ

 -

 အခန်း(၆၃၇/၆၅၁)၊ အခန်းအမှတ်(၀၀၁/c)၊ ၂၉လမ်းနှင့်ကုန်သည်လမ်းထောင့်၊ ၉၃)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။

 ၁၅။

 ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်

 -

 ၀၁-၅၈၄၂၆၁၊၀၉-၇၃၂၀၃၀၈၅၊

၀၉-၄၄၈၅၃၇၉၁၄(ဦးသောင်းဝင်း)

၊၀၉-၄၄၈၅၃၇၉၁၅

 ၁၆။

 ပါတီ၏မှုဝါဒများ

 -

 PDFDownload1

       PDFDownload2

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly