Girls’ Generation အဖွဲ့ဝင် သုံးဦးက သူတို့ရဲ့ ရည်းစားတွေနဲ့ လမ်းခွဲလိုက်ပြီ

Girls’ Generation အဖွဲ့ဝင် သုံးဦးက သူတို့ရဲ့ ရည်းစားတွေနဲ့ လမ်းခွဲလိုက်ပြီ

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့သည် ၎င်းတို့၏ ချစ်သူ များနှင့် တရားဝင် လမ်းခွဲလိုက်ပြီဖြစ်ကြောင်းနှင့် တေယွန်က EXO အဖွဲ့ဝင် Baekhyun နှင့် ၁၅ လ ကြာ ဆက်ဆံရေးကို အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသည်။

Girls’ Generation အဖွဲ့ဝင်များသည် ၎င်းတို့၏ ချစ်သူများနှင့် ပြတ်လိုက် ဆက်လိုက် ဆက်ဆံ ရေးများ အချိန်ကြာမြင့်စွာ ရှိခဲ့ကြောင်းနှင့် နောက်ဆုံးတွင် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

သြဂုတ်လက ယွန်နသည် အဆိုတော် သရုပ်ဆောင် လီဆောင်ဂီနှင့် လမ်းခွဲလိုက်ပြီဟု အတည်ပြု ပြောကြားခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် ချစ်သူသက်တမ်း နှစ်နှစ်ကြာပြီးနောက် ယခုကဲ့သို့ လမ်းခွဲ ခဲ့ခြင်း ဖြစ်သည်။

Girls’ Generation အဖွဲ့ဝင် တစ်ဖနီသည်လည်း 2PM အဖွဲ့ဝင် နစ်ခ်ဟန်နှင့် လမ်းခွဲလိုက်ပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် အဖွဲ့ဝင်များဖြစ်သော ဆုယောင်းနှင့် ယူရီတို့သည်  ချစ်သူများဖြစ်သော မင်းသား ဂျောင်ကောင်ဟိုနှင့် ဘတ်စ်ကတ်ဘော ကစားသမား အိုဆောင်ဟွန်းတို့နှင့် ဆက်ဆံရေး ခိုင်မြဲနေသည်။

Girls’ Generation အဖွဲ့သည် ၎င်းတို့၏ ပဉ္စမမြောက် တေးသီချင်းအယ်လ်ဘမ် Lion Heart အတွက် မကြာသေးမီက ရုပ်မြင်သံကြား တေးဂီတ အစီစဉ်များမှ ပေးအပ်သော ဆု ၁၉ ဆုကို လက်ခံ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly