အပစ်ရပ်လက်မှတ်ထိုးမထိုး သုံးသပ်မည့် အစည်းအဝေး ယနေ့စမည်

အပစ်ရပ်လက်မှတ်ထိုးမထိုး သုံးသပ်မည့် အစည်းအဝေး ယနေ့စမည်

ချင်းမိုင်၊ စက်တင်ဘာ ၁၆။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်များအဖွဲ့(SD) အစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည်ဖြစ်သည်။

ထိုအစည်းအဝေးတွင် စက်တင်ဘာလ ၉ ရက်က သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရန် ဆွေးနွေးမှုများကို ပြန်လည် သုံးသပ် ဆွေးနွေးကြမည် ဖြစ်ကြေင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြေသည်။

“အက်စ်ဒီအစည်းအဝေးပါ။ ပြီးခဲ့တဲ့အခြေအနေတွေကို ဆွေးနွေးကြမယ်ထင်တယ်”ဟု သူက မဇ္ဈိမကိုပြောသည်။

လာမည့် အောက်တိုဘာလ ပထမပတ်တွင် NCA လက်မှတ်ရေးထိုးရန် နှစ်ဘက် သဘောတူညီမှု ရရှိထားသော်လည်း မကြာမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ ပြန်လည် သုံးသပ်ဆွေးနွေးကြမည် ဖြစ်သည်။

SD အစည်းအဝေးက ကျင်းပပြီးနောက် လာမည့် စက်တင်ဘာလ ၂၄ ရက်မှ စတင်၍ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို သုံးရက်ကြာ ကျင်းပကြမည် ဖြစ်သည်။

အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ဖြင့် လက်မှတ်ရေးထိုးရန် တင်ပြထားသော်လည်း တိုင်းရင်းသားခေါင်းဆောင်များကမူ အားလုံးပါဝင်နိုင်ရေးကိုသာ ဆွေးနွေးနေသည်။

SD နှင့် မြန်မာငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)မှ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာမင်းဇော်ဦးတို့လည်း တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly