ဖေ့ဘုတ်တွင် Dislike လုပ်နိုင်တော့မည်

ဖေ့ဘုတ်တွင် Dislike လုပ်နိုင်တော့မည်

လူမှုကွန်ယက် ဖေ့ဘုတ်တွင် Like၊ Commentနှင့် Share လုပ်နိုင်သည့် function များအပြင် မိမိ မနှစ်သက်သည့် ပို့စ်များကို Dislike လုပ်နိုင်သည့် function ပါ ထည့်သွင်းတော့မည်ဟု ဖေ့ဘုတ်တည်ထောင်သူ စီအီးအို မတ်ဇူကာဘတ်က ကြေညာလိုက်သည်။

"လူတွေက dislike ပေးနိုင်အောင် လုပ်ပေးဖို့အတွက် တော်တော်ကြာကြာ တောင်းဆိုကြတယ်။ ဒီကနေ့ကတော့ အထူးနေ့တစ်နေ့ပဲဖြစ်တော့တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလို dislike ပေးနိုင်ဖို့အတွက် ကျွန်တော်တို့တွေ လုပ်ဆောင်နေပြီပဲဖြစ်လို့ပါ။"ဟု ဇူကာဘတ်က ပြောခဲ့သည်။

ယခုအထိတွင် ဖေ့ဘုတ်တွင် Dislike ပေးနိုင်ဖို့ လုပ်ဆောင်ချက်က အပြီးမသတ်သေးဘဲ လုပ်ဆောင်နေဆဲပင်ဖြစသ်ည်။

"ဖေ့ဘုတ်သုံးသူတွေအနေနဲ့ ကိုယ်ခံယူချက်ကို ဖော်ပြနိုင်ဖို့ပါ။ အကုန်လုံးလုပ်ဆောင်သမျှက အကောင်းချည်းပဲ မဟုတ်ဘူးလေ။"ဟုလည်း ဇူကာဘတ်က ဆိုသည်။

ဖေ့စ်ဘုတ်တွင် Dislike button ထည့်သွင်းရေးအတွက် အနှုတ်သဘောဆောင်လာနိုင်သည့်ဟု စိုးရိမ်မှုများကြောင့် လုပ်ဆောင်ရေးအတွက် ရေရှည်နှောင့်နှေးနေခဲ့ရခြင်းဖြစ်သည်။

Ref: Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required