အမေရိကန် ယူတာပြည်နယ် ရုတ်တရက်ရေကြီးမှု လူ၁၅ဦး သေဆုံး

အမေရိကန် ယူတာပြည်နယ် ရုတ်တရက်ရေကြီးမှု လူ၁၅ဦး သေဆုံး

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ-၁၆ ။         ။ အာဏာပိုင်များ၏ ပြောကြားချက်အရ အမေရိကန် အနောက်ပိုင်းပြည်နယ် ယူတာတွင် ရုတ်တရက်ရေကြီးမှုကြောင့် သေဆုံးသူဦးရေမှာ စက်တင်ဘာလ ၁၅ရက်နေ့အထိ ၁၅ယောက်အထိ မြင့်တက်လာခဲ့ပြီး နောက်ထပ် လူ၅ဦးမှာလည်း ယခုထက်တိုင် ပျောက်ဆုံးလျှက် ရှိနေသေးသည်ဟု ဆိုသည်။

သေဆုံးသူများအနက် ၁၂ယောက်မှာ ဟီလ်ဒေးမြို့ကလေးအတွင်းသို့ ရေများ ထိန်းမနိုင်သိမ်းမရ တက်လာစဉ် ပြင်ဆင်ချိန်မရလိုက်ဘဲ ကားနှစ်စင်းအတွင်း ပိတ်မိနေခဲ့သည့် မိသားစုနှစ်စုမှ ဖြစ်သည်ဟု ဆိုသည်။

ညနေ၅နရီလောက်မှာ ကားနှစ်စင်းကို ရေလွှမ်းမိုးသွားခဲ့ပြီး နစ်မြှုပ်သွားခဲ့တယ်ဟု ဒေသအရာရှိ မီရှဲ ကတ်ဝင်းက အေက်အက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ကျမတို့ကြုံဖူးသမျှ အကြီးမားဆုံး ရေလွှမ်းမိုးမှု ပါပဲဟုလည်း သူမက ပြောကြားခဲ့သည်။ ကားနှစ်စင်းဖြင့် ခရီးသွားနေသည့် အခြားလူ၃ဦးမှာမူ လွှတ်မြောက်ခဲ့ပြီး တစ်ယောက်မှာမူ ယခုတိုင် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ကားနှစ်စင်းမှ ယာဉ်မောင်းများမှာ လမ်းများဖြတ်ရျ် ရေကြီးမှုမှဝေးရာသို့ အမြန်မောင်းနှင်ခဲ့သော်လည်း ရေလွှမ်းခံခဲ့ရသည်ဟု ဆိုသည်။

မြောက်ဖျားတွင်လည်း ဇီယွန်အမျိုးသားဥယျာဉ်တွင် ရုတ်တရက် ရေကြီးမှုကြောင့် လူ၃ဦး သေဆုံးခဲ့ရပြီး ၄ဦးမှာ ပျောက်ဆုံးနေသည်ဟု အာဏာပိုင်များက စက်တင်ဘာလ ၁၅ရက်နေ့တွင် ပြောကြားခဲ့ သည်။

လူ၇ယောက်အုပ်စုဟာ ခြောက်ထဲမှာ ဘေးတွေ့နေကြောင်းကို ဥယျဉ်ထိန်းသိမ်းသူများက သတင်းရရှိခဲ့သော်လည်း အဆက်မပြတ်ရွာသွန်းနေသည့်မိုးကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာခဲ့ရသည်ဟု အရေးပေါ်ဌာနမှ အရာရှိများက ပြောကြားခဲ့သည်။ မြစ်များနှင့် ချောင်းများထဲတွင် ရေများမှာ အန္တရာယ်အဆင့်အထိ ဗောင်းလန်နေသောကြောင့် ဥယျာဉ်တွင် စက်တင်ဘာ ၁၅ရက်နေ့အထိ ရေကြီးမှုသတိပေးချက် ထုတ်ပြန်ထားဆဲဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required