မြန်မာ ပင်လယ်စာစက်ရုံ ၈၀ ယာယီပိတ်ရတော့မည်

မြန်မာ ပင်လယ်စာစက်ရုံ ၈၀ ယာယီပိတ်ရတော့မည်
မွန်ပြည်နယ် ရေးမြို့နယ်ရှိ ငါးလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ ရမည)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက်။        ။ ကုန်ကြမ်း မလုံလောက်သဖြင့် မြန်မာပင်လယ်စာ လုပ်ငန်းစက်ရုံ ထက်ဝက်ခန့် ယာယီပိတ်ထားရတော့မည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးကပြောသည်။

ငါးပုဇွန် ရှားပါးသွားသဖြင့် တစ်နိုင်ငံလုံးရှိ ပင်လယ်စာလုပ်ငန်း စက်ရုံ ၁၅၀ ခန့်မှ ၈၀ ကို ယာယီပိတ်ထားရမည်ဟု သူကပြောသည်။ 

မြန်မာနိုင်ငံတွင် ပင်လယ်ငါးပုဇွန် ပြန်လည် ပေါက်ဖွားရေးကို ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်သဖြင့် ကုန်ကြမ်းများ ရှားပါးသွားရသည်ဟု သိရသည်။  အစိုးရအနေဖြင့်လည်း ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီ အထောက်အပံ့အများ ပေးသင့်သည်ဟု ဦးနှင်းဦးက အကြံပြုသည်။

Ref; the Global New Light of Myanmar

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly