ခေတ်သစ်ပြည်သူ့ပါတီ၏ မူဝါဒ သဘောထားများ

ခေတ်သစ်ပြည်သူ့ပါတီ၏ မူဝါဒ သဘောထားများ

နေပြည်တော် စက်တင်ဘာ ၁၄ ။       ။ ခေတ်သစ်ပြည်သူ့ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီစံက  ၎င်းတို့ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကျွန်မကတော့ ခေတ်သစ်ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအထွေထွေအတွင်းရေးမှုး ဒေါ်ရီရီစံဖြစ်ပါတယ်။ စာရေးဆရာမ ခင်ဝင်းစံဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း ခရိုင်၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမှာဖြစ်ပါတယ်။ ခေတ်သစ်ပြည်သူ့ပါတီရဲ့ အမှတ်တံဆိပ်တွင် ကမ္ဘာလုံးပေါ်က သေး၊ လတ်၊ ကြီးကြယ်သုံးပွင့် မှာငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တစ်လောကလုံးဆိုင်ရာလွတ်မြောက်ရေးဖြစ်ပါတယ်။  ကျျွန်မတို့ ခေတ်သစ်ပြည်သူ့ပါတီဟာ ၁၉၇၀ ခုနှစ်လွန်ကာလများကပင် စီးပွားရေးနဲ့ နိုင်ငံရေးကို ဗဟိုကချုပ် ကိုင်သော ကမ္ဘာ့ဆိုရှယ်လစ်စနစ်အမှားနဲ့စက်မှုအရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့်က တစ်ဆင့်သာ ငြိမ်းချမ်းစွာဖြစ်ပေါ်လာမယ့် ခေတ်သစ်သိပ္ပံဆိုရှယ်လစ်ဝါဒလမ်းမှန်ကို တင်ပြလာခဲ့ပြီး မူဝါဒ သုတေသနလုပ်ငန်းများကို နှစ်ပေါင်း ၃၀ တိုင် လုပ်ကိုင်လာခဲ့တဲ့ခေတ်သစ်သိပ္ပံနိုင်ငံရေး၊ ဘောဂဗေဒလေ့လာရေး ကျောင်းတော်သားစုကပေါ်ပေါက်လာတဲ့ပါတီဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် အတွေ့ အကြုံအစဉ်လာကြီးမားသောနိုင်ငံရေးခေါင်းဆောင်ကြီးများရဲ့ နိုင်ငံရေးမျိုးဆက်က ပေါ်ပေါက်လာတဲ့ ပါတီလည်းဖြစ်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖွဲ့စည်းတဲ့ ပါတီဖြစ်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် (၁၄) ခုတွင် တိုင်းဒေသကြီးနဲ့ပြည်နယ် (၁၂) ခုမှာ အခြေစိုက်ဖွဲ့စည်းထားပါတယ်။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ငါးဦး၊ ဗဟိုကော်မတီဝင် ၁၄ ဦး၊အရန် ဗဟိုကော်မတီဝင်ခုနစ်ဦးတို့က ဦးဆောင်လျက်ရှိပါတယ်။ ဗဟို အလုပ်အမှှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်ဖြစ်ပါတယ်။

ခေတ်သစ်ပြည်သူ့ပါတီရဲ့လမ်းညွှန်သဘောတရားနဲ့မူဝါဒလမ်းစဉ် လုပ်ငန်းစဉ်များကို ဆက်လက်တင်ပြသွားပါမယ်။

လမ်းညွှန်သဘောတရား

လူ့အဖွဲ့စည်းဟာ အရေအတွက်အရရော အရည်အချင်းပါ အကန့်အသတ်မရှိ ပြောင်းလဲတိုးတက်လျက်ရှိပါတယ်။ လူဟာသေမျိုး သေမျိုးလို့ ပြောဆိုနေသော်လည်း လူရယ်လို့ကမ္ဘာပေါ်တွင် စတင်ပေါ်ပေါက်လာချိန် ကစပြီး လူ့အဖွဲ့အစည်းဟာ သေပျောက်ပျောက်မသွားတဲ့အပြင် ဒီကနေ့ အရေအတွက်အရ ကမ္ဘာ့လူဦးရေ (၇) ဘီလီယံကျော်ရှိလာပြီး အရည်အချင်းအရ အီလက်ထရွန်နစ်နည်း ပညာခေတ်ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဆက်လက်တိုးတက်နေဦးမှာလည်းဖြစ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးတက်ရာတွင် လူနည်းစုက လူများစုကို အုပ်ချုပ်တဲ့ပဒေသရာဇ်ဧကရာဇ်စနစ်၊ အာဏာရှင်စနစ်များနဲ့ အများဆန္ဒနဲ့ အုပ်ချုပ်တဲ့ဒီမိုကရေစီ စနစ်(အရင်းရှင်စနစ်)များတွင် လူ့အဖွဲ့စည်းဟာ ရပ်မနေပါ။ နောက်ဆုံး အစိုးရအုပ်ချုပ်ဖို့ မလိုလောက်အောင် လူ့အဖွဲ့အစည်းတိုးတက်အဆင့်မြင့် လာရင် တစ်လောကလုံးဆိုင်ရာ လွတ်မြောက်တဲ့ ခေတ်သစ်သိပ္ပံဆိုရှယ် လစ်စနစ် (လောကနိဗ္ဗာန်ခေတ်)သို့ အမှန်ပင်ရောက်လာမယ်ဖြစ်တယ်။အဲဒီလို ခေတ်သစ်သိပ္ပံဆိုရှယ်လစ်စနစ် (လောကနိဗ္ဗာန်ခေတ်)သို့ လူ့အဖွဲ့ အစည်းငြိမ်းချမ်းစွာ တက်လှမ်းရောက်ရှိနိုင်ရေးအတွက် ဒီကနေ့စက်မှုအရင်းရှင်ဒီမိုကရေစီနစ်အစွမ်းကုန် ဇွံ့ဖြိုးတိုးတက်ရန် လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအစွမ်းကုန် တိုးတက်ပြည့်ဝရန်လိုပါတယ်လို့ ခေတ်သစ်ပြည်သူ့ ပါတီကခံယူပါတယ်။

မူဝါဒလမ်းစဉ်လုပ်ငန်းစဉ်

(၁) စီးပွားရေး

စီးပွားရေးတွင် ပြည်သူတို့ရဲ့ စီးပွားရေးလွတ်လပ်မှုကို အာမခံချက်ပေးနိုင်သော တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကြိုးပမ်း သွားမယ်။ပြည်ပသို့သွားရောက် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမယ်။ ပြည်ပက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မယ်။

(၂) နိုင်ငံရေး

နိုင်ငံရေးတွင် ပြည်သူတို့ရဲ့ နိုင်ငံရေးလွတ်လပ်မှုကို အာမခံချက်ပေး နိုင်သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာဟောပြော စည်းရုံးခွင့်၊ နိုင်ငံရေးပါတီများထူထောင်ခွင့်၊ အဖွဲ့အစည်းများထူထောင်ခွင့်၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခွင့်စတဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလွတ်လပ်မှုများကို ခွင့်ပြုမယ်။

(၃) ပညာရေး

လူ့အဖွဲ့အစည်းအကျိုးအတွက် ယနေ့ပညာခေတ်ရဲ့အသိပညာရှင်၊ အတတ်ပညာရှင်များမွေးထုတ်သော ပညာရေးစနစ်ကို ကျင့်သုံးမယ်။ လူ့စွမ်းအားအရင်းအမြစ်ကို လေ့ကျင့်ပျိုးထောင်သော ပညာရေးစနစ်ကိုကျင့်သုံးမယ်။ ပညာရေးကတွင် ပုဂ္ဂလိကများကို ယှဉ်ပြိုင်လုပ်ကိုင် ခွင့်ပြုမယ်။ ပညာရေးသုတေသနလုပ်ငန်းများကို အစိုးရရော ပုဂ္ဂလိက မျာပါ လုပ်ကိုင်နိုင်အောင် အားပေးမယ်။

(၄) ကျန်းမာရေး

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရန်နဲ့ ဆေးပညာရပ်များ သိပူ္ပံနည်းကျ တိုးတက်လာစေရန်အတွက် ကျန်းမာရေးမူဝါဒများ ချမှတ်ကျင့်သုံးမယ်။ ပြည်သူလူထုကျန်းမာရေးကို အစိုးရကတာဝန်ယူ ကာကွယ်ကုသနိုင်ရေးနဲ့ ပုဂူ္ဂလိကများကျန်းမာရေးကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်လုပ်ကိုင်လာနိုင်ရေးကို ဦးစားပေးဆောင်ရွက်မယ်။ တိုင်းရင်းဆေးအပါအဝင် ဆေးပညာသုတေသန လုပ်ငန်းများကို အားပေးမယ်။

(၅) ကာကွယ်ရေး

လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အသက်ပေးကာကွယ်သော၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ဥစူ္စာများကို အသက်ပေးကာကွယ်စောင့်ရှောက်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ ပြည်ထောင်စုကြီးရဲ့ အန္တရာယ်ကို အသက်ပေးကာကွယ်သော ခေတ်မီအမျိုးသားတပ်မတော်ဖြစ်ရမယ်။ ယင်းအမျိုးသားတပ်မတော်အား အစဉ် ခေတ်မီအဆင့်မြင့်နေအောင်ဆောင်ရွက်မယ်။

(၆) နိုင်ငံခြားရေး

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူ(၅)ချက်ကို ဆက်လက် ကျင့်သုံးသွားမယ်။ နိုင်ငံတကာလူ့အဖွဲ့အစည်း ငြိမ်းချမ်းစွာဖြစ်ပေါ်တိုးတက် ရေးကို ကြိုးပမ်းသွားနိုင်ရန် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံး မယ်။ ကမူ္ဘာ့ကုလသမဂူ္ဂအဖွဲ့ကြီးတွင် နိုင်ငံတကာပြည်သူတို့ရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ကမူ္ဘာ့ရေးရာများကို ကဏ္ဍှအလိုက်နိုးကြားတက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်သွားမယ်။

(၇) စိုက်ပျိုးရေး

ဈေးကွက်စီးပွားရေးနဲ့လျော်ညီတဲ့ လွတ်လပ်စွာစိုက်ပျိုး၊ ထုတ်လုပ်၊ ရိတ်သိမ်း၊ သိုလှောင် ပြည်တွင်းပြည်ပတွင် လွတ်လပ်စွာရောင်းဝယ်ခွင့်ရှိသော စိုက်ပျိုးရေးမူဝါဒကိုကျင့်သုံးမယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေးကို ကြိုးပမ်းသွားမယ်။

(၈) ဘာသာရေး

လူတိုင်းလူတိုင်း မိမိတို့ကြိုက်နှစ်သက်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်၊လွတ်လပ်စွာ ဘာသာရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုမယ်။ (ဘာသာရေးနှင့်နိုင်ငံရေး ရောထွေးကျင့်သုံးခွင့်မပြု)

 (၉) တိုင်းရင်းသားလူမျိုးများအရေး

တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူရည်တူအခွင့်အရေးကို အပြည့်အ၀ အာမခံချက်ပေးနိုင်တဲ့ ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးများကို အခြေခံတဲ့ စစ်မှန်သောပြည်ထောင်စုဖြစ်ပေါ်လာ ရန် မဟာ လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသောလူမျိုးစွဲဝါဒကင်းရှင်းသော သွေးစစ်တဲ့ အရင်းရှင်စနစ်ကို ကျင့်သုံးမယ်။

အမျိုးသား/ အမျိုးသမီး၊ ကျား/မ တန်းတူညီမျှရေး

ရှေးနှစ်ပေါင်းများစွာကပင် အမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူရည်တူအခွင့်အရေးမရှိခဲ့တာ အမှန်ပင်ဖြစ်ပါတယ်။ အမျိုးသမီးများဟာ အမျိုးသားများထက် (၁) သဘာ၀၀န်ဒဏ် (၂) အိမ်တွင်းဘ၀ ဝန်ဒဏ်(၃) လူ့ဆက်ဆံရေးဝန်ဒဏ်ဆိုတဲ့ ဝန်ဒဏ်(၃)ရပ်ဖိစီးမမှုကို ခံလာခဲ့ရပါတယ်။ဒီကနေ့လို ဒီမိုကရေစီရေး လူ့အခွင့်အရေး ကြိုးပမ်းနေချိန်တွင် အမျိုးသား အမျိုးသမီး တန်းတူရည်တူအခွင့်အရေး  မရှိဘူးဆိုရင် ဘယ်လိုမှ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးရှိလာတယ်လို့ ဆိုနိုင်မည်မဟုတ်ပါ။ မြန်မာအမျိုးသမီးများဟာ မြန်မာ့လူဦးရေထက်ဝက်ကျော်ရှိပါတယ်။ ဒါကြောင့် ခောတ်သစ်ပြည်သူ့ ပါတီဟာ ကုလသမဂ္ဂရဲ့(CEDAW) စီဒေါစာချုပ်ပါ သဘောတူညီချက်များ အတိုင်း အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး အမျိုးသား/ အမျိုးသမးီ ၊ ကျား/မ တန်းတူရေးကို အစွမ်းကုန်ကြိုးပမ်း သွားမယ်၊ 

အမျိုးသားသင့်မြတ်စည်းလုံးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး

ခေတ်သစ်ပြည်သူ့ပါတီဟာ ဖြစ်နိုင်လျှင် ငြိမ်းချမ်းစွာဆောင်ရွက်မယ်၊ မဖြစ်နိုင်မှသာ အကြမ်းဖက်ရမယ်ဆိုတဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လမ်းစဉ်မျိုးလုံးဝမဟုတ်ဘဲ အကြွင်းမဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကို ခံယူတယ်။ပြည်တွင်းပြည်ပတွင် လက်နက်ကိုင်အတိုက်အခံတွေဖြစ်လာရင်လည်း ဘယ်ဘက်ကတာဝန်ဘယ်လောက်ရှိတယ်၊ မရှိဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ထောက်ပြပြီး အတိုက်အခိုက်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်။ ဒီကနေ့ နိုင်ငံတကာတွင် ပြည်တွင်းစစ်ပွဲများ၊ လူမျိုးရေး စစ်ပွဲများဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ အကောင်းဆိုလို့ လုံးဝပြစရာမရှိဘဲ ပြည်သူတွေ ဒုက္ခကြီး စွာကြုံနေရမှုက အထင်အရှားဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံးစာရင်းဝင် ပြည်တွင်းစစ် အမြန်ဆုံးချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့လိုပါတယ်။

ဒါ့ကြောင့် ဒီကနေ့ တိုင်းရင်းသားပြည်သူလူထု အကျိုးစီးပွား ဦးထိပ်ထားပြီး စစ်ဟာသေခြင်းတရားလို ရှောင်လွှဲလို့မရတဲ့ အရာမဟုတ်၊ ကောင်းသောစစ်နဲ့ ဆိုးတဲ့ငြိမ်းချမ်းရေးရယ်လို့မရှိနိုင်၊ ရန်သူပင်ဖြစ် ပါစေ၊ မတရား မလုပ်စတမ်း၊ အမှားကြုံတွေ့ရခြင်းဟာ ကျရှုံးမှုမဟုတ် အမှားကိုပြင်ဖို့ ငြင်းပယ်ခြင်းကသာ ကျရှုံးမှုဖြစ်တယ်ဆိုတဲ့ မွန်မြတ်သောခံယူချက်နဲ့ တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ အမျိုးသားသင့်မြတ်စည်းလုံးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားပြည်သူတို့လိုလားတဲ့ ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးတို့ကို အစွမ်းကုန်ကြိုးပမ်းသွားပါမယ်။

လုပ်ငန်းရှင်နဲ့ အလုပ်သမားလူတန်းစားနှစ်ရပ်တိုးတက်ခိုင်မာရေး

လူ့အဖွဲ့စည်းအသီးသီတို့ဟာ လုပ်ငန်းရှင်(အရင်းရှင်)နဲ့ အလုပ်သမား လူတန်းစားနှစ်ရပ်တို့ အပြန်အလှန်အကျိုးပြုပြီး ကုန်ထုတ်ကုန်သွယ်မှုများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အတူသာ ခေတ်မီဖွံ့ဖြိုး တိုးတက်လာတာဖြစ်တယ်။ လယ်သမားလူတန်းစားဟာလည်း လယ်ယာကို စက်ကရိယာများဖြင့် လုပ်ကိုင်လာတဲ့အခါ လယ်ယာလုပ်ငန်းရှင်နဲ့ အလုပ်သမားအဖြစ် ပြောင်းလဲသွားမယ်ဖြစ်တယ်။

အရင်းရှင်ဒီမိုကရေစီစနစ်မှာသာ အလုပ်သမား လယ်သမားနဲ့ဆင်းရဲသားများ လွတ်လပ်လာ နိုင်တယ်။ အာဏာပိုင်စိုးနိုင်တယ်။ ဥပမာအားဖြင့် လုပ်ငန်းရှင်(အရင်းရှင်)တစ်ဦးအောက်တွင် အလုပ်သမားထောင်သောင်းရှိနေတဲ့အတွက် လုပ်ငန်းရှင်မဲတစ်ပြားဆိုရင် အလုပ်သမားမဲပေါင်းများစွာနဲ့ State Power  ကို ဖန်တီးနိုင်တယ်။ State Power ဆိုတာ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေး အာဏာတို့ ပါဝင်တယ်။ ဒါကြောင့် ခောတ်သစ်ပြည်သူပါတီဟာ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် အားပေးသွားမယ်။ တစ်ဖက်တွင် လည်း အလုပ်သမားများအခွင့်အရး အပြည့်အဝရရှိရေး၊ အလုပ်သမားလူတန်းစားများ လူနေမှုအဆင့်မြင့်မားရေးကို ကြိုးပမ်းသွားမယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

လူဟာ သဘာဝတရားနဲ့ အဖန်ဆင်းခံဘဝမှ သဘောတရားအပေါ် အောင်နိုင် စိုးမိုးလာခဲ့သော်လည်း ဒီကနေ့ နိုင်ငံတကာတွင် သဘော၀ ပတ်ဝန်းကျင်ပျက်စီးမှု ဖန်လုံအိမ်ဓာတ်ငွေ့များစွာ ထွက်ရှိလာမှု တို့ကြောင့် ကမ္ဘာကြီးပူနွေးလာတဲ့ အန္တရာယ်ကြုံတွေ့လာနေပါယ်။ မြန်မာနိုင်ငံတွင်လည်း သစ်တောရေးရာဝန်ကြီးဌာနရဲ့ အဆိုအရ ၂၀၁၀ ခုနှစ်တွင် သစ်တောဧရိယာဟာ မြန်မာနိုင်ငံရဲ့ (၄၆.၉၆) ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နှစ်စဉ် သစ်တောများစွာ ပြုန်းတီးမှုဟာ(ဝ.၅၅) ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပင်ဖြစ်ပါစေ၊ သစ်တောများစွာပြုန်းတီးနေတယ်ဆိုတာကို အခုနှစ် မိုးရာသီ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ လေဘေးသင့်ပြည်သူများက သက်သေပြနေပါတယ်။ အဲဒီလို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ပြည်သူတွေအတွက် ကူညီထောက်ပံ့ရေး ပြန်လည်ထူထောင်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တောမပြုန်းတီးရေးကို ခောတ်သစ်ပြည်သူပါတီက အစွမ်းကုန်ကြိုးပမ်းသွားမယ်။

မြန်မာတောင်သူလယ်သမားတန်းစားများဖွံ့ဖြိုးတိုးတက်ရေး

ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် အများပြည်သူဆန္ဒနဲ့ ဆုံးဖြတ်ရတဲ့အတွက် မြန်မာလူဦးရေရဲ့ ၇၀ % ကျော်ရှိတဲ့ တောင်သူလယ်သမား လူတန်းစားများ ခောတ်မီဖွံ့ဖြိုးတိုးတက် ဖို့လိုတယ်လို့ ခေတ်သစ်ပြည်သူ့ ပါတီကခံယူတယ်။

ယနေ့ကမ္ဘာ့မြေယာစနစ်(၃)မျိုးနဲ့၊ မြန်မာ့မြေယာခောတ်(၅)ခောတ်ဖြစ်တဲ့ (၁) မြန်မာရှင်ဘုရင်များခောတ်မြေယာစနစ်၊ (၂) အင်္ဂလိပ်ခောတ်မြေယာစနစ်၊ (၃) ဖဆပလခောတ်မြေယာစနစ်၊ (၄)မြန်မာဆိုရှယ် လစ်လမ်းစဉ်ပါတီခောတ်မြေယာစနစ်၊ (၅) ၁၉၉၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရခောတ်မြေယာစနစ်များကို သုတေသနေပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ ကျင့်သုံးရမယ့် ခေတ်သစ်ပြည်သူ့ ပါတီရဲ့မြေယာမူဝါဒ (၁၁)ရပ်နဲ့ တောင်သူ လယ်သမားများဇွံ့ဖြိုးတိုးတက်ရန် အတိုနည်းနှစ်ရှည် ချေးငွေများရရှိရေး၊ လုပ်ကွက်ကြီး လယ်ယာမြေများပေါ်ပေါက်ရေး အမြန်ဆုံးစက်မှုလယ်ယာ ထူထောင်ရေးကို ကြိုးပမ်းသွာမယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

၂၀၀၈ ခုနှစ်၊နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသား ပြည်သူတို့အကျိုးအတွက် လိုအပ်ရင် ဥပဒေနဲ့အညီ ပြင်ဆင်သွားရမယ် ဖြစ်ပါတယ်။ အုပ်ချုပ်ရေးဥပဒေပြုရေးတို့တွင် တပ်မတော် ၂၅% ပါဝင်နေမှုကို လုံးဝမပါဝင်သည်အထိ အဆင့်ဆင့်လျှော့ချသွားရန် တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းဟာ အမျိုးသားသင့်မြတ်စည်းလုံးရေးလည်း ဖြစ်တယ်။ ပိုလန်၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေဟာ တပ်မတော်နဲ့ပူးပေါင်းပြီး တည်ငြိမ်စွာ ဒီမိုကရေစီထူထောင်သွားနိုင်တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့

ဒီမိုကရေစီမထွန်းကားတဲ့ ခောတ်စနစ်များတွင် ဖိနှိပ်ချုပ်ချယ်မှုများ ဆင်းရဲကျပ်တည်းမှုများကို ပြည်သူတို့ကြုံလာခဲ့ရသလို ဗဟိုဦးစီးစနစ်များ၊ အာဏာရှင်စနစ်များကို ဖယ်ရှားတော်လှန်နိုင်ခဲ့သော်လည်း ဒီမိုကရေစီချက်ချင်းထွန်းကားမလာနိုင်ဘဲ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အချင်းချင်းပြိုကွဲတိုက်ခိုက်မှုကြားတွင် ပြည်သူတွေ ဒုက္ခကြီးစွာကြုံတွေ့နေရမှုတွေရှိပါတယ်။ အထူးသဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် ဒီမိုကရေစီစတင်ခဲ့တဲ့ ဂရိနိုင်ငံဖြစ်တယ်။  The development of the productive forces is the hightest creation of the social progress စီးပွားရေးကုန်ထုတ်စွမ်းအားစုတွေရဲ့ တိုးတက်ဖြစ်ပေါ်ေရေးဟာ မှတ်ကျောက်(ဝါ) ညွှန်းလက်ဖြစ်တယ်လို့ လူမှုသိပ္ပံတရားကဆိုပါတယ်။ ဒီနေ့ဖွံ့ဖြိုးဆဲနိုင်ငံများ ဒီမိုကရေစီထူထောင်ရာတွင် ဒီမိုကရေစီရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတို့ရဲ့ စီပွားရေးကုန်ထုတ်စွမ်းအားစုများ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ သုံးလွန်းတင်ဒီမိုကရေစီထူထောင်ရေးဟာ တစ်ခုတည်းသော ဝေဒနာပြွမ်းတီးမှု အနည်းဆုံးသောခောတ်မီဒီမိုကရစီနိုင်ငံရေးလမ်းဖြစ်တယ်။

ဒါကြောင့် ခေတ်သစ်ပြည်သူ့ပါတီဟာ

(၁)လူထုတွေမပါရင် ဘာမှမလုပ်ရင်၊

(၂)လူထုရွေးကောက်ပွဲတွေမပါရင် ဘာမှမလုပ်နိုင်

(၃) လူထုတွေရဲ့ အခြေခံအကျိုးစီပွားနဲ့ ကိုက်ညီမှန်ကန်တဲ့မူဝါဒလမ်းစဉ်ကို လူထုအင်အား ကင်းကင်းလွတ်လွတ်ရွေးချယ်ခွင့်ပြုရမယ်။

(၄) အဲဒီလိုမပြုရင် လူထုဟာ သူ့လမ်းသူ ကင်းကင်းလွတ်လွတ်ရွေးချယ်သွားလိမ့်မယ်ဆိုတဲ့ လူမှုသိပ္ပံတရားလေးပါး(ဝါ) လောကပါလတရားလေးပါး သီးထိပ်ထားပြီး သုံလွန်းတင်ဒီမိုကရေထူထောင်ရေး မှုဝါဒဒလမ်းစဉ်နဲ့ မြန်မာနိုင်ငံကိုဖွံ့ဖြိုးတိုးတက်တဲ့ခောတ်မီဒီမိုကရေစီနိုင်ငံ  ဖြစ်ပေါ်လာအောင် ကြိုးပမ်းအကောင်ထည် ဖော်ဆောင်ရွက်သွားမယ်ဆိုတာတင်ပြရင်း နိဂုံးချုပ်ပါတယ်။

မြန်မာပြည်သူအပေါင်း ကာယသုခ စိတ္တသုခ နှစ်ဖြာဌာန ပြည့်ဝကြပါစေ။

ခေတ်သစ်ပြည်သူ့ပါတီ

 ၁။

 ပါတီအမည်

 -

 ခောတ်သစ်ပြည်သူ့ပါတီ

 ၂။

 ပါတီအမည်(English)

 -

 Modern People Party

 ၃။

 ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့

 -

 ၆.၄.၂၀၁၀

 ၄။

 လာရောက်လျှောက်ထားစဉ်ပါတိအင်အား

 -

 ၃၄ ဦး

 ၅။

 ပါတီလျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်

 -

 ဦးထွန်းအောင်ကျော်၊ ဦးတင်စိုး

 ၆။

 ပါတီတည်ထောင်ခွင့်ပြုသည့်နေ့

 -

 ၂၉.၄.၂၀၁၀

 ၇။

 ပါတီမှတ်ပုံတင်လျှောက်ထားသည့်နေ့

 -

 ၂၀.၅.၂၀၁၀

 ၈။

 ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့

 -

 ၂၈.၅-၂၀၁၀

 ၉။

 ခွင့်ပြုသည့်ပါတီအမှတ်စဉ်

 -

 အမှတ်စဉ်(၂၃)

 ၁၀။

 ခွင့်ပြုသည့်ပါတီအလံ

 -

 

 

 ၁၁။

 

 ခွင့်ပြုသည့်ပါတီတံဆိပ်

 -

 

 ၁၂။

 ပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်စာရင်း

 -

 ဦးထွန်းအောင်ကျော်၊ ဒေါ်ရီရီစံ(ထွေ/မှုး)

 ၁၃။

 ပါတီနယ်မြေ

 -

 ပြည်ထောင်စုတစ်ဝန်းလုံး

 ၁၄။

 ပါတီရုံးချုပ်တည်နေရာ

 -

 အခန်း(၂၀၂)၊ တိုက်(၅)၊ ကွမ်းခြံ(၆)လမ်း၊ (၄)ရပ်ကွက်၊  ကမာရွက်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 ၁၅။

 ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်

 -

 ၀၉-၇၃၂၃၈၃၂၄(ဦးထွန်းအောင်ကျော်)၊

 ၀၉-၈၆၁၄၃၇၂(ဦးလှသိန်း)၊ ၀၁-၅၀၄၈၈၂၊

 ၀၁-၅၀၅၃၀၇

 ၁၆။

 ပါတီ၏မှုဝါဒများ

 -

 PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly