ချင်းအမျိုသားဒီမိုကရက်တစ်ပါတီ၏ မူဝါဒ၊ သဘောထား

ချင်းအမျိုသားဒီမိုကရက်တစ်ပါတီ၏ မူဝါဒ၊ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၄ ။        ။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဇိုးဇမ်းက  ၎င်းတို့ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။ အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချင်းအမျိုးသား၊ မိဘပြည်သူအားလုံး(Thupha Thupha) မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ပါတီဟာ ၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ချင်းအမျိုးသားပါတီအဖြစ် မွေးဖွားသန့်စင် ခဲ့ပါတယ်။

၂၀၁၄  ခုနှစ်ရောက်တဲ့အခါ အမျိုးသားရေးသက်သက်မဟုတ်ဘဲ ဖက်ဒရယ်စနစ်ထူထောင်ရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ပါတီနာမည်ကို ချင်းအမျျိးသားဒီမိုကရက်တတစ်ပါတီ အနေနှင့် ပြောင်းလဲပြီး ချင်းအမျိုးသားရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့် ဒီမိုမိုကရေစီရှင်သန်ထွန်းကားရေးအတွက် မြန်မာနိုင်ငံအခင်းအကျင်းထဲမှာ ဦးဆောင်ပါဝင်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်တွင်းစစ်ရပ်စဲပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာဖို့အတွက်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးမူဘောင်ရေးဆွဲရာမှာ ထိပ်တန်းက ဦးဆောင်ပေးနိုင်ခဲ့ပါယ်။

 ပါတီအနေနဲ့ အနတ္တိမရည်မှန်း၊ ရပ်တည်ချက် (၃) ရပ်ထားရှိပါတယ်။

နံပါတ်(၁) ချင်းလူမျိုးများကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိစေမည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်အခြေခံသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပီပြင်စွာပေါ်ထွက်လာရေး။

နံပါတ်(၂) ချင်းလူမျိုးများ ဘာသာရေး၊စီပွားရေး၊နိုင်ငံရေး၊လူမှုရေးကဏ္ဍ တို့မှာ တန်းတူအခွင့်အရေး အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး။

နံပါတ်(၃)မြန်မာနိုင်ငံအတွင်းရှိနေသော အခြားပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေနဲ့  ရင်ပေါင်တန်းနိုင်မယ့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရေးတို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ချင်းအမျိုူးသားဒီမိုကရက်တစ်ပါတီဟာ တိုင်းရင်းသားစစ်စစ်(၂၃)ပါတီ ပူးပေါင်းထားသည့် Nationalities Brotherhod Federation  လို့ခေါ်တဲ့ ညီနောင်တိုင်းရင်းသားများ ပါတီဖက်ဒရေးရှင်း (NBF) ကိုထူထောင်ခဲ့သူနှင့် ဦးဆောင်နေသူအဖြစ် မားမားမတ်မတ်ရပ်တည်နေပါတယ်။

ပါတီရည်မှန်းချက်အနေနဲ့ အဓိကအားဖြင့် လေးချက်ရှိပါတယ်။

(က) ပြည်ထောင်စုတိုင်းရင်းသားများအားလုံး တန်းတူအခွင့် အရေး အပြည့်အဝရရှိရေး။

(ခ) အနာဂတ်နိုင်ငံတော် ဦးဆောင်မှု အခန်းကဏ္ဍမှာ ချင်းလူငယ်များ နေရာပိုမိုရရှိရေး။

(ဂ) ကမ္ဘာ့ကုလသမဂ္ဂမှ နိုင်ငံတကာအတွက် ပြဋ္ဌာန်းထားတဲ့ကြေညာစာတမ်းများနှင့် စာချုပ်များကို မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေး ထိုးပြီး အပြည့်အဝလိုက်နာဆောင်ရွက်ရေး။

(ဃ) မိမိတို့ပါတီရဲ့ဦးဆောင်မှုနှင့်ကျင်းပပြုလုပ်ခဲ့သည့် ချင်းအမျိုးသား ညီလာခံကြီး (၂၀၁၃ ခုနှစ်) ဆုံးဖြတ်ချက်အားလုံးကို အကောင် အထည်ဖော်ရေးတို့ပဲ ဖြစ်ပါတယ်။

မိမိတို့ပါတီအနေနှင့် နိုင်ငံတော်ရဲ့ဦးဆောင်အခန်းကဏ္ဍကနေ စီမံခန့်ခွဲနိုင်တဲ့အခါ နိုင်ငံတော်အတွက်၊ တိုင်းရင်းသားများအတွက်၊ အထူးလုပ်ဆောင်ပေးပို့ရန် ရည်မှန်းထားတဲ့အရာများ ရှိပါတယ်။

ဒီကိစ္စများဆောင်ကြဉ်းပေးနိုင်ပါက နိုင်ငံတော်နှင့် ချင်းအမျိုးသားထုအတွက် အထူးလိုအပ်နေတဲ့ လူမှု၊ စီပွား၊ ဖွံ့ဖြိုးမှုအတွက် အထူးပင်အထောက်အကူပြုမှာဖြစ်ပါတယ်။

နံပါတ်(၁) ဖွဲ့ စည်း ပုံအခြေခံ ဥပဒေပုဒ်မ ၅၃ (က)ပါ ခွင့်ပြုချက်အရ ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်များကို ချင်းပြည်နယ်ထဲတွင် ပါဝင်လာနိုင်ဖို့အတွက် စည်းရုံးမှုုကိုစနစ်တကျပြုလုပ်န်ုင်ရန်နှင့် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတစ်လျှောက် ချင်းပြည်နယ်နယ်နိမိတ်ဆုံးရံှုးနစ်နာမှုများ ပြန်လည်သတ်မှတ်နိုင်ရေး။

နံပါတ်(၂) ချင်းလူမျိုးများပိုင်ဆိုင်သည့် ဘိုးဘွားပိုင်နယ်မြေများ တရားဝင် ဥပဒေအရ ကာကွယ်ပေးနိုင်ရေး။

နံပါတ်(၃) မိခင်ချင်းဘာသာစကားများကို အခြေခံသည့် ကျောင်းပညာ သင်ကြားရေးစနစ်ဖြစ်ပေါ်လာရေး။

နံပါတ်(၄) ဘာသာရေးကိုအခြေမခံသည့် နိုင်ငံ (Secular State) ဖြစ်ပေါ်လာရေး၊ ဘာသာရေးမှာ အစိုးရမှု ကြားဝင်စွက်ဖက်မှုမရှိစေရေးတို့ ကို အထူးကြိုးပမ်းဆောင်ရွက်သွားပါမည်။

ကျွန်တော်တို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP) ပါတီဟာပါတီ အရေးထက် ပြည်သူ့အရေး၊ အမျိုးသားအရေးကိုဦးထိပ်ထားပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့။ တိုင်းရင်းသားအခွင့်အရေးကို ကာကွယ်ဖို့။ ချင်းပြည်နယ်ကို ဖွံ့ဖြိုးမှုအနိမ့်ဆုံးဘဝမှ အမြန်ဆုံးလွတ်မြောက်နိုင်ရန် အတွက်လည်း အစွမ်းကုန်ကြိုးစားသွားပါ့မယ်။

ကျွန်တော်တို့ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီရဲ့ အမှတ်တံဆိပ်(logo)ဟာ အတောင်ပံကြီးဖြန့်ကြက်ပြီး အထက်သို့ ပျံတက်နေတဲ့တက်ကြွလှုပ်ရှားနေတဲ့ဲ ''အောက်ချင်း ငှက်ကြီးတစ်ကောင်''ပဲ ဖြစ်ပါတယ်။

မိဘပြည်သူများနဲ့ချင်း အမျိုးသားအပေါင်းခင်ဗျား(၂၀၁၅ )ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မိဘပြည်သူတို့ရဲ့ အကျိုးတော်ကိုဆောင်ကြဉ်း ပေးနိုင်ဖို့ရန်အတွက်''အတောင်ပံ နှစ်ဖက်ကို ဖြန့်ကြက်ရင်း အထက်သို့ ပျံကြွနေတဲ့ အောက်ချင်းငှက်'' ပါတီဖြစ်တဲ့ချင်း အမျိုးသား ဒီမိုကရက်တစ်ပါတီကို စိတ်ချယုံကြည်စွာ မဲပေးထောက်ခံကြဖို့ အလေးအနက် မေတ္တာရပ်ခံအပ်ပါတယ်။ မိဘပြည်သူ်အပေါင်း ဘုရားသခင် ကောင်းကြီးခံစားနိုင်ကြပါစေ။

''ရောင်နီလင်းပြီ တို့ချင်းပြည်''

တေးရေး/တေးဆို-အထန်း

V1- ဟိုမှာမျှော်ကြည့်စမ်း ရိုးမတွေဆီ

လင်းလက်ရောင်ခြည်လည်းသန်းလို့နေပြီ

တောင်ရံတွေကာခြား စကားများမတူဘဲ

တို့ရဲ့ရင်ခုန်ခြင်း သဘောထားတွေညီ

တိုးတက်တဲ့ပြည်နယ်အောင်ပွဲဆီ

လတ်ဆတ်လို့ တို့လျှောက်လှမ်းမယ်

CHO:[ ဖလမ်း၊ တီးတိန်၊ ဟားခါးရယ်၊ ထန်တလန်၊ မင်းတပ်မှာ

ဝါးညှပ်ကတွေ ခွားဒိုးတွေ အတူယှဉ်တွဲကမယ်

ပလက်ဝ၊ မတူပီ၊ ရိုဒ်၊ တွန်းဇံ၊ ကန်ပက်လက်ဆုံးထိတိုင်

လမ်းခရီးတွေဈေးကွက်တွေ ဖော်ဆောင်ပေးဖို့ရန်

နိုးထလော့ဝိတူရိယာ၊ အေးချမ်းတို့ရိဒ်ရေစမ်းအလား

ဆုံးဖြတ်ချက်တစ်စုံဟာ တကယ်ကိုအရေးကြီးတယ်

ချင်းတို့ရဲ့ဌာနေမှာ]

V2- သံစဉ်တွေစီရင်း နှလုံးသားဆီက ပွင့်ထွက်သံစဉ်များ

ဟည်းလို့နေပြီ ပညာတွေစုံတဲ့အဝေးရပ်ဆီက

တို့ရဲ့ညီအစ်ကိုများအားပေးကူညီ

တိုးတက်တဲ့ပြည်နယ်အောင်ပွဲဆီ

လတ်ဆတ်လို့တို့ဆောင်ရွက်မယ်

CHO:[……………] II

ဆုံးဖြတ်ချက်တစ်စုံဟာ တကယ်ကိုအရေးကြီးတယ်

ချင်းတို့ရဲ့ဌာနေမှာ

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ

 ၁။  ပါတီအမည်  -  ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ
 ၂။  ပါတီအမည်(English)  -  Chin National Democratic Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၇.၄.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၆ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဇမ်ကျင်ပေါ်(ခ) ဦးဇိုးဇမ်း၊ ဦးချန်ဟဲ
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၃.၅.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၉.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၇.၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၂၀)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးဇမ်ကျင်ပေါ်၉ခ)ဦးဇိုးဇမ်း၊ဆလိုင်းထီယံအုပ်ထန်(တွင်း/မှုး-၁)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

 အမှတ်(၁၂၀)၊အခန်း(၅၂)၊သုခလှိုင်တိုက်၊ အင်းစိန်လမ်းမကြီး၊လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၅၀၃၀၈၇၀(ဦးဇိုဇမ်း) ၊ ၀၁-၆၄၆၃၉၇၊၀၉-၄၃၀၉၄၀၈၇၊ ၀၉-၄၃၁၆၃၅၃၉

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly