နျူကလီးယားရန်စမှုများမှ ရှောင်ကြဉ်ရန် အမေရိကန်က မြောက်ကိုရီးယားကို သတိပေး

နျူကလီးယားရန်စမှုများမှ ရှောင်ကြဉ်ရန် အမေရိကန်က မြောက်ကိုရီးယားကို သတိပေး

ဝါရှင်တန်၊ စက်တင်ဘာ-၁၆ ။          ။ ဒေသတွင်းတင်းမာမှုများကို ပိုမိုဆိုးရွားစေသည့် တာဝန်မဲ့ ရန်စသည့်လုပ်ရပ်များမှ ရှောင်ကြဉ်ရန် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားကို စက်တင်ဘာလ ၁၄ရက်နေ့က သတိပေးခဲ့သည်။

လက်နက်ထုတ်လုပ်နိုင်သည့်အဆင့်ရှိ ပလူတိုနီယံပြုလုပ်ရာတွင် အသုံးပြုသော နျူကလီးယားဓာတ်ပေါင်းဖိုကို ပြန်လည် လည်ပတ်ခဲ့ပြီဖြစ်ကြောင်း အစိုးမရသည့် ကွန်မြူနစ်နိုင်ငံ မြောက်ကိုရီးယားက ကြေညာ ခဲ့ပြီးနောက်တွင် အိမ်ဖြူတော် ပြောခွင့်ရပုဂိုလ် ဂျို့ရှ် အားနက်စ်က ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန် သတိပေးခဲ့ခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly