မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီးနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီးနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

စက်တင်ဘာ ၁၆ ရက်။ ။ မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Su Yong တို့ မြို့တော် ပြွန်ယမ်းတွင် တွေ့ဆုံဆွေးနွေးနေကြသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားသို့ စက်တင်ဘာ ၁၄ ရက်နေ့က ရောက်ရှိလာပြီး နောက်တစ်နေ့တွင် ပြွန်ယမ်းရှိ မန်ဆူဒေးခန်းမ၌ ဆွေးနွေးကြသည်ဟု မြောက်ကိုရီးယားသတင်းအေဂျင်စီက ထုတ်ပြန်သည်။ ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ မသိရပါ။ မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် မြောက်ကိုရီးယားတွင် စက်တင်ဘာ ၁၇ ရက်အထိ ကြာမြင့်မည်ဟု သိရသည်။ နိုင်ငံခြားရေးဝန်ကြီး Ri Su Yong ဦးဆောင်သည့် မြောက်ကိုရီးယား အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခု သြဂုတ်လအတွင်းက လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required