ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၏ မူဝါဒ သဘောထား

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၃ ။        ။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးအေးလွင်  ၎င်းတို့ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အောက်ပါအတိုင်းဖြစ်ပါသည်-

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျာ-

တို့ခင်ဗျာကျွန်တော်ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥကူ္ကဋ္ဌ ဦးအေးလွင် ဖြစ်ပါတယ်။ ကျွန်တော်အနေနှင့် မဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့အား မင်္ဂလာရှိသောညချမ်း ပါဟု ဦးစွာပဏာမနှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။

ကျွန်တော်အနေနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီဖွဲ့စည်းဖြစ်ပေါ်လာပုံသမိုင်းကြောင်း ဦးစွာတင်ပြပေးချင်ပါတယ်။

''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ'' အမည်ရှိ ဤပြည်ထောင်စုကြီးအတွင်း၌မှီတင်းနေထိုင်ကြကုန်သော ကျွန်ုပ်တို့တိုင်းရင်းသား မျိုးနွယ်စုအားလုံးတို့သည်သမိုင်းမတင်မီကာလမှစ၍ ယနေ့ချိန်ထိ ဥမကွဲ သိုက်မပျက်အတူတကွ လက်တွဲနေထိုင်ခဲ့ကြပါတယ်။ ပြည်ထောင်စုဖွားတိုင်းရင်းသားပေါင်းတ်ု့သည် ဤမြေပေါ်၌ပင် ပြည်ထောင်စုကြီး အစဉ်တည်တံ့ခိုင်မြဲရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ လက်လွတ်မဆုံရှုံးရေးတို့ကို မိမိတို့၏ ''ကိုယ်ပိုင်အမျိုးသားရေးအမြင်''၊''ကိုယ်ပိုင်အမျိုးသားရေးဝါဒ'' တို့ဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ကြပါသည်။

ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်ရှေးပဝေသဏီကာလမှသည် မျက်မှောက်ခေတ်ကာလထိတိုင် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေထ့ းုံတမ်းအစဉ် လာများနှင့်''လောကပါလတရားနှင့် အပရိယာနိယ တရားခုနစ်ပါး''တို့ကို ကောင်းစွာယုံကြည်လိုက်နာကျင့်သုံးခဲ့ကြခြင်းဖြင့် ဒီမိုကရေစီကျင့်စဉ်များနှင့်လည်း အကျွမ်းတဝင်ရှိခဲ့ကြပြီးဖြစ်ပါတယ်။ ထို့အပြင် လူ့အခွင့် အရေးကိုလည်း လေးစားလိုက်နာတန်ဖိုး ထားခဲ့ကြပါတယ်။

သို့ရာတွင် ပြည်ထောင်စုနိုင်ငံတော်ကြီး၏ အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်းကိုသာ အစဉ်ရှေးရှုလုပ်ဆောင်ခြင်း၊ အပြုသဘောမဆောင်ဘဲနေရာတကာတိုင်းတွင် ''ဆန့်ကျင့်ဖီလာစိတ်'' ဖြင့် ပြည်ပ စွက်ဖက်မူနှင့် ပိတ်ဆို့မှုတို့ကို လက်ယပ်ခေါ်နေခဲ့ကြတဲ့ "အဆိုးမြင်ဝါဒ"  လက်ကိုင်ပြုထားကြသူမျာ ပြည်တွင်းပြည်ပရှိ လက်ဝဲ/လက်ယာမြေပေါ်/မြေအောက် ''အစွန်းရောက် အဖျက်သမားများ''၏ အမျိုးသားရေးနှင့် ပြည်ထောင်စုရေး ''သစူ္စာဖောက်မှုအသွယ်သွယ်''ကို''ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ်'' အရင်းခံဖြင့် ဆန့်ကျင်ကာကွယ်တားဆီးကြရပေမည်။ တစ်ချိန်တည်းမှာပင် ပါတီစုံဒီမိုကရေစီစနစ်နှင့်ဈေးကွက်စီးပွားရေးစနစ်တို့ ရှင်သန်အားကောင်းလာစေရေး ဦးတည်ချက်အတိုင်း ကျွနု်ပ်တို့ ပြည်ထောင်စုတိုင်းရင်းသားမျိုးနွယ်စုအားလုံးက ဆက်လက်လျှောက်လှမ်း ချီတက်ကြ ရပါမယ်။

ဤတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ကြစေရန်အလို့ငှာ ''ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်''က တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ''အမျိုးသားရေး''၊ ''ဒီမိုကရေစီရေး''၊ ''လူ့အခွင့် အရေး''ဆိုင်ရာ ဖော်ဆောင်မှုစွမ်းပကားတို့ကို အမြင့်မားဆုံးသို့ရောက်ရှိလာစေရန် တိုင်းရင်းသားပြည်သူလူထုကြီးတစ်ရပ်လုံးနှင့်အတူ ညီညွတ်စွာလက်တွဲ ကြိုးပမ်းဆောင်ရွက် သွားပါမည်။

ကျွန်ုပ်တို့ပြည်ထောင်စုဖွား တိုင်းရင်းသားမျိုးနွယ်စုတစ်ရပ်လုံးက အားလုံးတန်းတူညီမျှ ငြိမ်းချမ်းစွာပါဝင်ခွင့်ရှိသော တန်းတူညီမျှ အကျိုးခံစားခွင့်လည်းရှိသော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ် ကြီးတစ်ရပ် ပေါ်ထွန်းလာစေရေး ဦးတည်ချက်ဖြင့် ဤပြည်ထောင်စုမြန်မာနိုင်ငံ

အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ (THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS)ကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ကမ္ဘာအေးဘုရားလမ်း ပုလဲကွန်ဒိုမီနီယမ်တိုက်(F)  အခန်း(၀၃-၃)တွင် ၂၀၀၇ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၌ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဦးဆောင်၍ အမျိုးသားနိုင်ငံရေးအင်အားစုများ ပူးပေါင်းပါဝင်ကာစတင် ဖွဲ့စည်းတည်ထောင်ခဲ့ကြ ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုသားနိုင်ငံရေးအဖွဲ့ချုပ်သည် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနှိင်ငံ)၏ ဦးဆောင်မှု အခြားအမျိုးသားနိုင်ငံရေးအင်အားစုများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် စီပွားပိတ်ဆို့မှု ဆန့်ကျင့်ရေး၊ အမျိုသားလှုပ်ရှားမှု(၂၀၀၇) ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ အမျိုးသားလှုပ်ရှားမှု (၂၀၀၇)နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသား လှုပ်ရှားမှု(၂၀၀၉)တို့ကို ပြုလုပ်ဖော်ဆောင်ခဲ့ရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာရပ်တည်ကာ ''တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပါဝင်ခွင့်ရှိသည့် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍသစ်''တစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေသည့်သမိုင်းနောက်ခံပေါ်တွင်အခြေခံ၍ ပေါ်ပေါက်လာသော နိုင်ငံရေးပါတီတစ်ရပ် လည်းဖြစ်ပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျာ -

ကျွန်တော်အနေဖြင့် ပါတီ၏မူဝါဒသဘောတရားများကို ဆက်လက်တင်ပြပါမယ်။ လွတ်လပ်သည့် အမျိုးသားရေးဝါဒကို ပါတီတွင်း ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လိုက်နာကျင့်သုံးပါတယ်။ အပြန်အလှန် အားဖြင့် ဒီမိုကရေစီကျင့်စဉ်ကို လွတ်လပ်သည့်အမျိုးသားရေးဝါဒနှင့်အညီ လိုက်နာကျင့်သုံးပါတယ်။ နိုင်ငံသားများ၏ကျင့်ဝတ်သိကူ္ခာ အခွင့်အရေး၊ ရပိုင်ခွင့်နှင့် အကျိုးစီးပွားများကို ဆုတ်ယုတ် ပျက်ပြားစေသော ပြည်တွင်းပြည်ပ မည်သည့်လုပ်ဆောင်ချက်ကိုမဆိုဆန့်ကျင်ပါတယ်။ ပါတီ၏သဘောထားအမြင်များသည် ပါတီဝင်ထုတစ်ရပ်လုံး၏ သဘောထားကို ထင်ဟပ်ပါတယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ထွန်းကားရေးကိုဦးတည်ပါတယ်။ ပါတီ၌ စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်၊ စစ်မှန်သောဈေးကွက်စီးပွားရေးစနစ် ရှင်သန် ထွန်းကားရေးကို ဦးတည်ပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျာ -

ပါတီ၏ဦးစားပေးလုပ်ငန်းစဉ်များကို ကျွန်တော်အနေဖြင့် ဆက်လက်တင်ပြပါမယ်။ မြန်မာနိုင်ငံကိုစစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် အမြန်ဆုံးဖော်ဆောင်နိုင်ရေးဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပကူ္ခများ ရပ်စဲရေးနှင့် အစဉ်ထာဝရငြိမ်းချမ်းရေး၊ ကမူ္ဘာတည်သရွေ့ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ လူမျိုးမပျောက်မပျက်ဘဲ ဆက်လက်ရှင်သန်ရပ်တည်ရေး ဆောင်ရွက်ပါမယ်။

နိုင်ငံတော်၏နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊လူမှုရေးသတင်းမီဒီယာများအရေးတို့ကို ပြည်သူလူထု၏ဆန္ဒနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံသားများ၏ စားဝတ်နေရေးနှင့်အခြေချနေထိုင်ရေး၊အိမ်ခြံမြေ၊ စိုက်ပျိုးမြေ၊ အခြားလုပ်ငန်းသုံးမြေများရရှိရေး၊ လယ်ယာမြေအခြားနည်းအသုံးပြုခွင့်အတွက် ပွင့်လင်းမြင်သာသည့် ဥပဒေများထွန်းကားလာရေး၊ ဥပဒေနှင့် မညီသော သိမ်းဆည်းခံမြေယာများမူလလက်ငုတ်နိုင်ငံသားများထံသို့ အမြန် ဆုံးပြန်လည်ရောက်ရှိရေး၊ ဥပဒေနှင့်အညီ သိမ်းဆည်းခံရသည့် မြေယာများအတွက်ခေတ်ကာလနှင့် လိုက်လျော ညီထွေဖြစ်ပြီး ထိုက်တန်သောနှုန်းထားများဖြင့် လျော်ကြေးရရှိရေး၊ အမှန်တကယ်စိုက်ပျိုးသည့် စိုက်ပျိုးဧကအလိုက် အပြည့်အဝချေးငွေ ထုတ်ပေးရေး၊ လယ်ယာသုံးစက်ကိရိယာ ဝယ်ယူရေးချေးငွေရရှိရေး ၊နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေး၊ ပြည်ထောင်စုအဆင့်ရန်ပုံငွေစနစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ရန်ပုံငွေစနစ်၊ အများပြည်သူ၏ဆန္ဒအလျောက် ထည့်ဝင်သည့်ရန်ပုံငွေစနစ် ၊နိုင်ငံတကာအဖွဲ့အစည်း များ၏ အကူအညီဖြင့် ဆောင်ရွက်သောရန်ပုံငွေစနစ်ဖော်ဆောင်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်အညီ ကျင့်သုံးနိုင်ရေး တို့ကို ဆောင်ရွက်သွားပါမယ်။

 သဘာဝဘေးအနတရာယ် ကျရောက်သောဒေသများရှိ နိုင်ငံသားဒုကူ္ခသည်များအရေအတွက်ကယ်ဆယ်ရေး၊ ကူညီရေး၊ ပြန်လည်ထူထောင်ရေး၊ လုပ်ငန်းစဉ်များ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အား တိုက်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေစနစ်တစ်ရပ်ကိုထားရှိရေး၊ နိုင်ငံတကာမှအဖွဲ့အစည်းများမှ ထောက်ပံ့သည့်လူသားချင်း စာနာမှု ဆိုင်ရာအကူအညီများကို ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြု ရေးဆောင်ရွက် သွားပါမယ်။လူငယ်ကျောင်းသား၊ သြက်ကီးရွယ်အို၊ အမျိုးသမီး၊ မိခင်နှင့်ကလေးသူငယ်၊ မသန်စွမ်းသူများ၊ အချုပ်သားအကျဉ်းသား၊ ပြည်တွင်းရွေ့ပြောင်း အလုပ်သမားများ၊ ပြည်တွင်းပြည်ပ အလုပ်ကိုင်ဖြင့်ရောက်ရှိနေသူများ၊ တောင်သူလယ်သမား၊ အလုပ်သမား အသိပညာရှင်အတတ်ပညာရှင်၊ နိုင်ငံ့ဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများ အစရှိသည့် လူတန်းစားအလွှာအသီးသီး၏ လိုအပ်ချက် များကို ပါတီစုံဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်တို့နှင့်အညီ ဖြစ်ပေါ်လာသော အခွင့်အလမ်းကောင်းများကို ပြည့်ပြည့်၀၀ခံစားရရှိနိုင်ရေး အသေးစိတ်မူဝါဒများချမှတ်ဆောင်ရွက်သွားပါမယ်။

ရပ်ကွက်နှင့်ကျေးရွာအုပ်စု၊ မြို့နယ်ခရိုင်အဆင့်များတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်သော အရပ်သား အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်လာရေး၊ မြို့နယ်နှင့်ခရိုင် တိုင်းဒေသကြီးနှင့်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များကို ရွေးကောက်တင်မြှောက်သည့်စနစ်ဖြင့် ခန့်ထား နိုင်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရရုံးစိုက်သည့်မြို့များတွင် မြို့တော်ဝန်များ ကို ရွေးကောက်တင်မြှောက်သည့်စနစ်ဖြင့် ထားရှိခန့်ထားနိုင်ရေး၊ နိုင်ငံတစ်ဝန်းရှိမြို့တိုင်းတွင် ဗိုလ်ချုပ်အောင်ပန်းခြံနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု၊လွတ်လပ်ရေးပန်းခြံနှင့် လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ထားရှိရေး၊ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေဘဲ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး၊ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေး ၊ကျောင်းသားလူငယ်၊ တောင်သူလယ်သမားနှင့်အလုပ်သမားသမဂ္ဂများ၊နိုင်ငံဝန်ထမ်း၊ အသိပညာရှင်အတတ်ပညာရှင်သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားနိုင်ရေးနှင့် ၎င်းတို့နှင့်သက်ဆိုင် သည့်မြေနေရာအဆောက်အအုံရရှိရေးဆောင်ရွက်ပါမယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် သီးခြားရုံးအဆောက်အအုံမြေနေရာထားရှိအသုံးပြုရေးနှင့်ဝန်ထမ်းများ အပြည့်အဝခန့်ထားနိုင်ရေးတို့အတွက်လုံလောက်သည့်ဘဏ္ဍာငွေများ ခွဲဝေချ ထားအသုံးပြုနိုင်ရေး ထောက်ခံအားပေး ဆောင်ရွက်ပါမယ်။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့အတွက် ဥပဒေအစီအမံများပြုလုပ် ၍ဆောင်ရွက်သွားပါ မယ်။

မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ခင်ဗျာ -

နိုင်ငံတော်၏စီးပွားရေးတစ်ရပ်လုံးကို ဈေးကွက်စီးပွားရေးစနစ်နှင့်လိုက်လျောညီထွေဖြစ်စေရန် နိုင်ငံတော်ပိုင်၊ သမဝါယမပိုင်၊ အများပိုင်၊ ပုဂ္ဂလိကပိုင်၊ ဖက်စပ်ပိုင်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပိုင်၊ စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းများကိုလွတ်လပ်စွာအပြိုင်အဆိုင် လုပ်ကိုင်ခွင့်ရရှိရေး၊ အထူးစီးပွားဇုန်များ ထူထောင်ပြီး  ပြည်ပမှအတတ်ပညာနှင့်အရင်းအနှီးများကိုဆွဲဆောင်၍ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်ပါမယ်။

နိုင်ငံသားများ၏ စားဝတ်နေရေးပြည့်၀ ဖူလုံစေရန် လွတ်လပ်စွာအခြေချနေထိုင် ခွင့်နှင့် လွတ်လပ်စွာပရိယေသနရှာ ဖွေခွင့်ရရှိရေး ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် အလုပ်လက်မဲ့ပပျောက်ရေး တို့ကိုဆောင်ရွက်ပါမည်။

အမျိုးဘာသာသာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်လိုသည့်ဝံသာနုရကူ္ခိတတရားများ ပိုမိုထွန်းကားပြန့်ပွားရေး၊ အမျိုးသားစာရိတ္တ မဏ္ဍိုင်မြင့်မားရေးနှင့်အမျိုးသားစာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု အမွေနှစ်များကို မပျောက်မပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ပါမယ်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကိုရှေးရှု၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ စရိတ်မျှပေးကျန်းမာရေးစောင့်ရှောက်မှု၊ ပုဂ္ဂလိကပိုင် အများပိုင်၊ ဖက်စပ်ပိုင်၊သမဝါယမပိုင်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံပိုင်၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အာမခံထားရှိရေးလုပ်ငန်းများကို စီမံဆောင်ရွက်သွားမယ်။ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်စေပြီးနိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးဖြစ်စေမည့် စာမတတ်သူပပျောက်ရေး၊မသင်မနေရအခမဲ့မူလတန်းပညာရေးစနစ်ကို ဖော်ဆောင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာရေး၊ စိတ်ကြိုက်ဘာသာ ရွေးချယ်သင်ကြားနိုင်သော တက္ကသိုလ်ပညာရေး၊ ပညာသင်ထောက်ပံ့ကြေး ရန်ပုံငွေစနစ် ထူထောင်ရေး၊ ပညာဆိုင်ရာ သုတေသန ရန်ပုံငွေ ထူထောင်ရေးတို့ကို အထူးဦးစားပေး ဆောင်ရွက်သွားမည်။

အမျိုးသားပညာရည် မြင့်မားရေးကို ရှေးရှု၍ နိုင်ငံတော်ပိုင်၊ သမဝါယမပိုင်၊ပုဂ္ဂလိကပိုင်၊ ဖက်စပ်ပိုင်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုင် ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်ပေါ်လာရေးဆောင်ရွက်ပါမယ်။

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာရေးအသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်တို့ကို အားပေးပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာကို ဘိုးဘွားအမွေနှစ်အဖြစ် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပါမယ်။ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ အများစုကိုးကွယ် ယုံကြည်သော ဝိသေသလက္ခဏာရှိသည့် ဘာသာတရားဖြစ်သည်ဟု တန်ဖိုးထားအသိအမှတ်ပြုပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူမအပေါင်းတို့ခင်ဗျာ-

တိုင်းရင်းသားဘာသာစကား၊ စာပေ ၊အနုပညာယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသားအချင်းချင်း၊ စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေါ်နှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ် ထွန်စေရန်နှင့် တိုးတက်ဖွံ့ဖြိုးမှ နောက်ကျနေသေးသည့် အရပ်ဒေသများရှိ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်တို့ပါဝင်သော လူမှုစီပွား ဘဝအခြေနေ ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသားတန်တူညီမျှရေးမျှရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ကို အသိအမှတ်ပြုထောက်ခံပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ အားကစားကဏ္ဍတို့နှင့် စပ်လျဉ်း ၍နိုင်ငံတကာအခြေအနေနှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်လည်ကောင်း၊ ကိုယ်တိုင်ပါဝင်လုပ်ကိုင် ဆောင်ရွက်နေသူများ၏ အခွင့်အရေးများ ထိခိုက်ဆုံးရှုံးမှုမရှိစေရန် လည်ကောင်းဖြည့်ဆည်းဆောင် ရွက်ပေးသွားပါမယ်။

မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ခင်ဗျာ-

နိုင်ငံတော်အုပ်ချုပ်ရေး၊ယန္တရားအဆင့်ဆင့်၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် အများပြည်သူတို့၏ မွေးရာပါလူ့အခွင့်ရေး၊ ဒီမိုကရေစီ အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ၊ ရပိုင်ခွင့်များနှင့် ခံစားခွင့်များကို တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်စောင့်ရှောက်ပါမယ်။ နိုင်ငံတော်ဥပဒေပြုရေး ယန္တရားမှ ရေးဆွဲပြုစုပြဋ္ဌာန်းသော ဥပဒေများသည် နိုင်ငံသားများ၏ မွေးရာပါ လူ့အခွင့်အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများ၊ လွတ်လပ်ခွင့်များ၊ ရပိုင်ခွင့်များနှင့် ခံစားခွင့်များနှင့် ကျင့်ဝတ်သိက္ခာများကို ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်စောင့်ရှောက်ပါမယ်။

တရားစီရင်ရေးစနစ် မူဘောင်အတွင်းမှ နိုင်ငံသားတိုင်း၊ မည်သူ့မဆို တရားစွဲဆိုပိုင်ခွင့်၊ အမှုကျေအေးပိုင်ခွင့်၊ ထးခြေပိုင်ခွင့်၊ အယူခံပိုင်ခွင့်တို့နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ တရားရင်ဆိုင်ခွင့်ကို လွတ်လပ်စွာကျင့်သုံးခွင့် ရရှိနိုင်စေရန် ကာကွယ်စောင့်ရှောက်ပါမယ်။ နိုင်ငံတကာနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူနှင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ တို့ကို ပေါင်းဖက်ဆက်ဆံရေး၊ မြန်မာနိုင်ငံသည် မည်သည့်နိုင်ငံကိုမျှ စစ်ရေးအရ စတင်ခွင့်မပြုရေးနှင့် နိုင်ငံအတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြုရေးတို့ကို ရပ်တည်ဆောင်ရွက်မယ်။

မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ခင်ဗျာ-

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် (UMFNP) ၊ပါတီ အလံနှင့် ပါတီသင်္ကေတတံဆိပ်တို့နှင့် ပတ်သက်၍ ဆက်လက်တင်ပြပါမယ်။ အောက်ခံအရောင် အနီ၊ အလယ်တွင် အဖြူရောင်အောက်ခံ၊ အဝိုင်းအတွင်း၌ အစိမ်းရောင် ကဒေါင်းနှင့်၊ ကဒေါင်း၏ အောက်နှင့်အထက်ပိုင်းတို့တွင် အရွယ်တူကြယ်ဖြူ(၇) လုံးစီကို အတန်းလိုက်ဖော်ကျူးထားသည့်အလံကို ပါတီ အထိမ်းမှတ် အလံအဖြစ် သတ်မှတ်သည်။

အနီရောင်သင်္ကတသည် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းသဘောကိုဆောင်သည်။ အလယ်ရှိ အဖြူရောင်နောက်ခံစက်ဝိုင်းသည် ဖြူစင်ခြင်းသဘောကိုဆောင်သည်။ အရွယ်တူကြယ်ဖြူ(၁၄)လုံးမှာ တိုင်းရင်းသားပေါင်းစုံ ရင်းနှီးချစ်ကြည်စွာ အတူတကွ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံကို ပြဆိုခြင်းဖြစ်သည်။ အစိမ်းရောင် ကဒေါင်းသည် တိုင်းရင်းသားအားလုံး၏ စုပေါင်းအမည် နာမဖြစ်သည့် မြန်မာကို ကိုယ်စားပြုပြီး၊ ဥစ္စာပစ္စည်းထွေထွေ ပေါကြွယ်ဝခြင်းသဘောကို ဆောင်သည်။

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျား-

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ (UMFNP) ၏ ဆောင်ပုဒ်ကတော့ "ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်မြစေစော ဒေါင်းအိုးဝေရယ်နဲ့ တွန်စေကစေသောဝ်……"  ရွေးကောက်ပွဲ မှာအသုံးပြုမည့် ပါတီဆောင်ပုဒ်ကတော့ "နေ့သစ်များဆီတက်လှမ်းချီ  UMFNP ကဒေါင်းဘေးမှာ အမှန်ချစ် ပြည်သူအောင်ပွဲအစစ်"

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျား-

နိဂုံးချုပ်အနေဖြင့် တင်ပြလိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူဦးရေ (၇၀) ရာခိုင်နှုန်းကျော်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ပြီး လယ်ယာလုပ်ငန်းနှင့် အသက်မွေးကြပါတယ်။ လယ်ယာ လုပ်ငန်းများ ခောတ်မီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ယန္တရားများအသုံးပြုပြီး ထွန်ယက်စိုက်ပျိုးရိတ်သိမ်းရေး၊ လယ်ယာလုပ်ငန်းသုံးရင်းနှီးငွေနှင့် အခြားသွင်းအားစုများ ပြည့်ပြည့်၀၀ဖူဖူလုံလုံ ဖြည့် ဆည်းပေးရေးတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် လယ်ယာစီပွားဘဝဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တဲ့ အတွက်ကြောင့် လယ်ယာလုပ်ငန်းခွင်အပါဝင်၊ လယ်ယာစီးပွားရေးအကျိုးစီးပွားကို အကာအကွယ်ပေးသည့် ဥပဒေများ လက်တွေ့ကျကျ ရှင်သန်သက်ဝင်လာရေး၊ လယ်ယာပြဿနာများ ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးရေးတို့ဟာ နောင်တက်လာမဲ့ လွှတ်တော်နှင့် အစိုးရအတွက် အရေးကြီးတဲ့တောင်း ဆိုချက်တစ်ခု ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ

 ၁။  ပါတီအမည်  -  ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ
 ၂။  ပါတီအမည်(English)  -  The Union of Myanmar Federation of National Politics
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၂.၃.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၂၈ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအေးလွင်၊ ဦးခင်မောင်ဦး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၂.၄.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၉.၄.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၆.၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁၈)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးအေးလွင်၊ ဦးဌေးငွေ( တွဲ-ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

 တိုက်(အက်ဖ်)၊ အခန်း(၃၀၁)၊ ပုလဲကွန်ဒိုမီနီယံ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၁-၅၅၆၅၅၄၊ ၀၉-၅၁၈၇၉၉၁

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required