ပယ်မဲများဖြင့် အနိုင်မယူနိုင်ရန် ဦးတင်ဦး သတိပေး

ပန်းတနော်၊ စက်တင်ဘာ ၁၆။            ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဖြစ်သူ ဦးတင်ဦးသည် ဧရာဝတီတိုင်း ပန်းတနော်မြို့သို့ စက်တင်ဘာ ၁၆ ရက်က ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၈ ရက် မဲပေးရာတွင် ပယ်မဲ မဖြစ်ရန် မဲဆန္ဒရှင်များသို့ တိုက်တွန်းသွားသည်။

"အခုဟာက ဘာနဲ့ သဏ္ဍာန်တူလဲဆိုတော့ စွဲချက် စွဲတာလည်း သူတို့ တရားဖြစ်တာလဲ သူတို့ ဆုံးဖြတ်တာလည်း သူတို့ပဲဆိုတဲ့ စနစ်ကြီး အောက်မှာ ဆွဲရင် ခင်ဗျားတို့ မျက်စိ ဒေါက်ထောက်ကြည့်ပြီး မလွဲအောင်ကြည့်နိုင်မှ ခင်ဗျားတို့ အောင်မြင်နိုင်မယ်။ အဲ့ဒီ ပယ်မဲနဲ့ လုပ်နိုင်မယ့် နည်းလမ်း ကျန်သေးတယ်။ အဲ့ဒါကို သတိထားပြီးတော့ အောင်မြင်အောင် လုပ်နိုင်ဖို့လိုတယ်" ဟု ဦးတင်ဦးက ပြောသည်။

ပန်းတနော်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌလည်း ဖြစ်သူ ပန်းတနော်မြို့နယ်မှ ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း မန်းညွန့်သိန်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းတိုးရွှေ၊တိုင်းဒေသကြီး လွှတ်တော်အမတ်လောင်း ဦးစန်းမောင်နှင့် ဦးသန့်ဇင်ထွဋ်နှင့် ကရင်တိုင်းရင်းသား နေရာအတွက် ဂါ့မိုးမြတ်မြတ်သူတို့အား ပါတီဝင်များ ပြည်သူများနှင့် မိတ်ဆက်ပွဲအား ပန်းတနော်မြို့အောင်သပြေ ဘိုးဘွားရိပ်သာတွင်ကျင်းပစဉ် ပြောသွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required