၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၏ မူဝါဒ၊ သဘောထား

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၏ မူဝါဒ၊ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၃ ။      ။ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီဥက္ကဋ္ဌ ဦးရဲထွန်းက ၎င်းတို့ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြော တင်ပြချက်အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

မိဘပြည်သူအပေါင်းတို့ခင်ဗျာ-

ကျွန်တော်ကတော့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ )ံ ပါတီဥက္ကဋ္ဌ ဦးရဲထွန်းဖြစ်ပါတယ်။ မိဘပြည်သူအားလုံး စိတ်ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဂါရဝတရားရှေ့ထား၍ ဦးစွာပဏာမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံဟာ တိုင်းတစ်ပါးနယ်ချဲ့ ဗြိတိသျှ(အင်္ဂလိပ်)လူမျိုးတွေရဲ့လက်အောက်မှာ ကျွန်အဖြစ်နဲ့ နှစ်ပေါင်းတစ်ရာကျော်နေခဲ့ရပါတယ်။ ဒီတော့ကျွန်တော်တို့ အဘိုးအဘွားများက သူ့ကျွန်မခံတော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအလီလီ ဆင်နွဲခဲ့တာကြောင့်၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့မှာ လွတ်လပ်ရေးကြေညာနိုင်ခဲ့ပြီး ပါလီမန်ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့အချုပ်အခြာအာဏာနပိုင် 'ပြည်ထောင်စု မြန်မာနိုင်ငံ' ရယ်လို့ ကမ္ဘာအလယ်မှာ ဝင့်ထည်စွာ ရပ်တည်လာနိုင်ခဲ့ပါတယ်။

သို့ပေမယ့် လွတ်လပ်ပြီး ၁၄ နှစ်အကြာ ၁၉၆၂ခုနှစ်မှာ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်တဲ့တော်လှန်ရေးကောင်စီအစိုးရ တက်လာချိန်မှာတော့ လွတ်လပ်ရေးနဲ့ အတူရရှိခဲ့တဲ့ ပါလီမန်စနစ်လည်း နိဂုံးကမ္ပတ် အဆုံးသတ်သွားရပါတော့တယ်။ အဲဒီနောက် ၁၄ နှစ်အကြာ ၁၉၇၄ မှာတော့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်မှုနဲ့တစ်ပါတီစနစ်ကျင့်သုံးတဲ့ နိုင်ငံအဖြစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ၁၄ နှစ်အကြာ သြဂုတ်လ ၈ ရက်နေ့မှာတော့ တစ်ပြည်လုံး ပါဝင်လာတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာတစ်ပါတီစနစ်ကျင့်သုံးတဲ့ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီပြုတ်ကျပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)က နိုင်ငံတော် အာဏာအရပ်ရပ်ကိုထိန်းချုပ်လိုက်ပါတယ်။ နဝတအစိုးရက ပါတီတွေ တည်ထောင်ခွင့်ပြုခဲ့ပြီး ၂ နှစ် အကြာ ၁၉၉၀ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေကျင်းပပေးခဲ့ပါတယ်။ သို့ပေမယ့် ဒီမိုကရေစီ အစိုးရတော့ တက်မလာသလို ဒီမိုကရေစီနိုင်ငံ လည်းဖြစ်မလာခဲ့ပါဘူး။

မိဘပြည်သူအပေါင်းတို့ခင်ဗျာမြန်မာနိုင်ငံမှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါလီမန်ဒီမိုကရေစီစနစ်၊၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်ပါတီစနစ်တွေ ကျင့်သုံးခဲ့တာပါ။ အခုဒီမိုကရေစီစနစ် ကိုပြန်လည်ကျင့်သုံးမယ်ဆိုတော့ နဂိုကသုံးခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ကျင့်သုံးဖို့ မဖြစ်နိုင်တော့တာနဲ့ ၁၉၉၃ ခုနှစ် ကစပြီး အမျိုးသားညီလာခံကျင်းပကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ကိုရေးဆွဲခဲ့ကြပြီး ၁၅ နှစ်အကြာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွက်လာခဲ့ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးန့ဲ ဖွံ့ ဖြိုးရေးကောင်စီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ နိုင်ငံရေးပါတီများ ထူထောင်ခွင့်ပြုခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲကျင်းပခဲ့လို့ဒီနေ့အားလုံးသိနေကြတဲ့ လွှတ်တော်ကြီးတွေ၊ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ်စတဲ့ အစိုးရတွေ ပေါ်ပေါက်လာပြီး ဒီမိုကရေစီနိုင်ငံထူထောင်ရေးလမ်းစပေါ်သို့လျှောက်လှမ်းခဲ့ပါတယ်။ ယခုဆိုလျှင် လွှတ်တော်ပထမသက်တမ်း ကုန်ဆုံး ပါတော့မယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ လွှတ်တော် ဒုတိယသက်တမ်းအတွက် ကိုယ်စားလှယ်အသစ်တွေ ရွေးချယ်ဖို့၊ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့အတွက် ရွေးကောက်ပွဲများ ကျင်းပပါတော့မယ်။ ပို၍ကောင်းတဲ့ နိုင်ငံရေးနဲ့ စီပွားရေး၊ ပြီးတော့ ပြည်သူတစ်ရပ်လုံးရဲ့ လူနေမှုဘဝတွေ တိုးတက်ဖွံ့ဖြိုးနိုင်ရေးအတွက် ပြည်သူများကိုယ်တိုင်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံခွင့်ရပြီး ကြိုက်တဲ့ကိုယ်စားလှယ်လောင်းကို ရွေးချယ်ပေးခွင့်ရပါတော့မယ်။

မိဘပြည်သူအပေါင်းတို့ခင်ဗျာ-

အခုကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီရဲ့ နောက်ခံသမိုင်း (အကျဉ်း) ကို တင်ပြလိုပါတယ်။ ကျွန်တော် တို့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များဟာ ၁၉၈၈ ခုနှစ် မတ်လကစပြီးမြန်မာနိုင်ငံရေးစနစ် ပြောင်းလဲရန်အတွက် အသက်သွေးချွေးပေးဆပ်စတေးပြီး ပြည်သူနဲ့အတူနေ၊ ပြည်သူနဲ့အတူဒုက္ခခံရင်း ပြည်သူနဲ့အတူ ရုန်းကန်လှုပ်ရှား ခဲ့တာ အခုဆိုလျှင် ၂၇ နှစ်ကျော်လာခဲ့ပါပြီ။ ကျွန်တော်တို့ကိုယ်တိုင် ထောင်တွေထဲမှာ နှစ်ရှည်လများနေခဲ့ရပြီး ၂၀၀၅ ခုနှစ် ဇူလိုင်လ ထောင်ကလွတ်တာနဲ့ ၈၈ မျိုးဆက်များကိုစုစည်းကာ မပြီးဆုံးသေးတဲ့ နိုင်ငံရေးဇာတ်ကို ဆက်ကဖို့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့ပြီး အသွေးတူ အသားတူ စိတ်ဓာတ်တူ ရည်ရွယ်ချက်တူတဲ့ ၈၈ မျိုးဆက်များကို ဆက်လက်စုစည်းခဲ့ပါတယ်။

ဒါကြောင့်လည်း စုစည်းပြီးဖြစ်တဲ့ ၈၈ မျိုးဆက်များရဲ့အားဖြင့် နိုင်ငံရေးအပြောင်းအလဲမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ခွင့်ရလာစေရေးအတွက် အမျိုးသား လှုပ်ရှားမှုတစ်ရပ်ဖော်ဆောင်ရန် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီမှာဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခုဖြစ်နေတဲ့ စီးပွားရေးပိတ်ဆို့  မှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီမိုကရေစီရေးအတွက် အားခဲကြိုးပမ်းနေချိန်မှာ စီးပွားရေးပိတ်ဆို့မှုဒဏ်ချက်ကြောင့် ပြည်သူအများ စီးပွားရေးထိခိုက်ပြီး စားဝတ်နေရေး အဆင်မပြေမှုများနဲ့ ငတ်မှုများဖြစ်နေခြင်းဟာ  အားကုန်သုံးရမယ့်လူတွေဟာ အင်အား ချည့်နဲ့သွားခဲ့ရပါတယ်။ ထို့အပြင်ပြည်တွင်းပြည်ပ နှစ်ဌာနလုံးမှာရှိတဲ့ ဒီမိုကရေစီရေလှုပ်ရှားသူများ အချင်းချင်း သွေးကွဲခဲ့ပြီး နိုင်ငံရေးကွင်း ပျောက်လုနီးနီး ဖြစ်သွားရပါတယ်။ မြန်မာနိုင်ငံသား များဟာ ဘာမှလုပ်စရာ မလိုဘဲ အမေရိကန်၊ ဥရောပနှင့်ပြည်တွင်းမှပြည်ပ အားကိုးသူများရဲ့ စီးပွားပိတ်ဆို့မှုလက်နက် ထိရောက်မှုရှိ မရှိကိုသာ ထိုင်ကြည့်ရမယ့် သဘောဖြစ်နေပါတယ်။

ဒါ့ကြောင့်လည်း ပြည်တွင်းအားကိုးယုံကြည်၊ ပြည်သူကိုအားကိုးကာကိုယ့်အင်အားဖြင့် ဒီမိုကရေစီအပြောင်းအလဲကို ဆောင်ရွက်ခဲ့ကြတဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် တွေဟာ ၂၀၀၆ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဝိုင်အမ်ဘီအေ (YMBA) ခန်းမမှာ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးအမျိုဒသားလှုပ်ရှားမှု ၂၀၀၇ ကို ဖော်ဆောင်မှာ

ဖြစ်ကြောင်း ကြေငြာပြီးတစ်မျိုးသားလုံးပါဝင်နိုင်စေရန် မြန်မာပြည်တစ်နှံတစ်လျားမှာပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ အမျိုးသားရေးတွေ့ဆုံရှင်းလင်းပွဲတွေပြုလုပ်ပါတယ်။ စာရွက်စာတမ်းများ ဖြန့်ဝေတဲ့လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အမျိုးသားလှုပ်ရှားမှုကို တခြားသောနိုင်ငံရေးအစုအဖွဲ့များ၊စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ လူတန်းစားရေးရာ အသင်းအဖွဲ့များပါ ပူးပေါင်းပါဝင်လာကြပါတယ်။ ဒီတော့နိုင်ငံကို ဘယ်သို့ ဘယ်ပုံပြောင်းလဲ ဖန်တီးမလဲလို့ စဉ်းစားညှိနှိုင်းကြရင်း နိုင်ငံထူထောင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်မဖြစ်မနေလိုအပ်နေတာကို တွေ့ကြရပါတယ်။ ဒါကြောင့်လည်း၂၀၀၇ ခုနှစ် မတ်လ မန္တလေးမှာပြုလုပ်တဲ့ အမျိုးသားရေးတွေ့ဆုံရှင်းလင်းပွဲမှာ အမျိုးသားနိုင်ငံရေး အင်အား စုများအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး အမျိုးသားလှုပ်ရှားမှု ၂၀၀၇ ကိုဖော်ဆောင် မည်ဖြစ်ကြောင်းကြေညာနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၈၈ မျိုးဆက်များနှင့်အတူ ပူးပေါင်းပါဝင်လာခဲ့ကြတဲ့ အမျိုးသား နိုင်ငံရေးအင်အားစုများဖြင့် ၂၀၀၇ ဇူလိုင် ၂၃ မှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသားရေးလှုပ်ရှားမှုများကို ဆက်လက်ဖော်ဆောင်ခဲ့ကြတယ်။

အဲဒီဖွဲ့စည်းပုံအခြခံဥပဒေပေါ်ပေါက်ရေး အမျိုးသားလှုပ်ရှားမှု (၂၀၀၇) ကို စတင်ဖော်ဆောင်သည်မှ တစ်နှစ်တိတိပြည့်တဲ့ ၂၀၀၈ မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (မူကြမ်း) ကြီးပေါ်ထွက်ပြီး ဆန္ဒခံယူပွဲများ ကျင်းပကာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီတော့ ရရှိလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံရေးပါတီများ ထူထောင်နိုင်ရေး၊လွှတ်တော်ရွေးကောက်ပွဲများကျင်းပရေး၊ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများရရှိရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မဲပေး နိုင်ရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်တို့ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအမျိုးသားလှုပ်ရှားမှု (၂၀၀၉) ကို သုံးခုမြောက် အမျိုးသားလှုပ်ရှားမှုအနေနဲ့၂၀၀၉ မတ်လ ၉ ရက်နေ့မှာ စတင်လှုပ်ရှားဖော်ဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာရပ်တည်ကာ " တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး ပါဝင်ခွင့်ရှိတဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍသစ်'' တစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေတဲ့ သမိုင်းနောက်ခံပေါ်မှာ အခြေခံကာ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။

မိဘပြည်သူအပေါင်းတို့ခင်ဗျာ-

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးအတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေများ ထွက်ပေါ်လာပြီး နိုင်ငံရေးပါတီများ ထူထောင်ခွင့်ရရှိလာပြီး ပြည်သူလူထု တစ်ရပ်လုံးလည်း နိုင်ငံရေးမှာ ပါဝင်ခွင့်ရရှိလာခဲ့ပါတယ်။

သို့ပေမယ့် ပါတီတည်ထောင် ခြင်းကို ဆန့်ကျင်တဲ့ အင်အားစုတွေ ပေါ်ပေါက်လာပြီး အပြင်းအထန် ဝေဖန်တိုက် ခိုက်မှုများ ပြုလုပ်လာကြပါတယ်။ အဲဒီလို အခက်အခဲများကြားကပဲ ကျွန်တော်တို့၈၈ မျိုးဆက်တွေဟာ ပါတီစုံ ဖော်ဆောင်ရေး လမ်းကြောင်းမှ လုံးဝမသွေဖည်ဘဲဘယ်သူမှ ပါမလာလည်းတို့ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့အကြံနဲ့၈၈ မျိုးဆက်ကျောင်းသားလူငယ်များ( ပြည်ထောင်စု မြန်မာနိုင်ငံ) အနေနဲ့ ခွပ်ဒေါင်းအလံဆက်လက်ကိုင်ဆွဲပြီး ပါတီတည်ထောင်ခဲ့သလို ပြည်ထောင်စုမြန်မာန်ုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်အနေနဲ့လည်း ကဒေါင်းအလံဆက်လက်ကိုင်ဆွဲပြီး ပါတီ တည်ထောင် ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ကျင့်သုံးနေတဲ့ ပါတီစုံ လမ်းကြောင်းပေါ်မှာ ဒီပါတီနှစ်ခုဟာ အဦးဆုံး ထွက်ပေါ်လာတဲ့ နိုင်ငံရေးပါတီများဖြစ်ပါတယ်။

ကျွန်တော်တို့ ၈၈ မျိုးဆက်တွေက 'ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်စစ်မှန်သည့် ပြည်ထောင်စုစနစ်ကျင့်သုံးခြင်း၊ လုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာ ပိုင်စိုးမှုရှိခြင်းနှင့်စစ်မှန်သည့် ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွား ရေးစနစ်ကျင့်သုံးခြင်းတည်းဟူသော ဝိသေသလက္ခာများနှင့် ငြိမ်းချမ်းသာယာပြီး တိုးတက်ဖွံ့ဖြိုးသည့် လူနေမှုဘဝကို ပိုင်ဆိုင်သောခေတ်မီနိုင်ငံ ဖြစ်ပေါ်ရေး အတွက်နိုင်ငံသားအားလုံးနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားမည်' ဟု ပါတီတစ်ရပ်အနေဖြင့် ထူထောင်ခဲ့တာဖြစ်ပါတယ်။

မိဘပြည်သူအပေါင်းတို့ခင်ဗျာ-

''နိုင်ငံသားတိုင်း လိင်ကွဲပြားခြားနားမှုကြောင့် တန်းတူရည်တူအခွင့်အရေး ခံစားခွင့်ရှိရေးကို ထိခိုက်မှုမရှိစေရန် အာမခံချက်ပေးနိုင်သည့် လူနေမှုဘ၀ ဖြစ်ပေါ်ရေး''နှင့် ''နိုင်ငံသားတိုင်း မင်းမဲ့စရိုက်ဖြင့် အကြမ်းဖက်ခံရခြင်းမှ လုံခြုံမှုအာမခံချက် ရရှိနိုင်သည့် လူနေမှုဘဝဖြစ်ပေါ်ရေး''ကို ဦးတည်ပါတယ်။''ကာယဗလ၊ ဉာဏဗလ၊ စာရိတူ္တဗလ၊ မိတူ္တဗလ၊ ဘောဂဗလတည်းဟူ သော ဗလငါးတန်ဖွံ့ဖြိုးရေး ကိုရှေးရှု၍ နိုင်ငံသားတိုင်း စာတတ်မြောက်ပြီး ပညာရည်မြင့်မားသော လူနေမှုဘဝဖြစ်ပေါ်ရေး''နှင့် ''နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ရေးကို အာမခံချက်ပေးနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်သော လူနေမှုဘဝဖြစ်ပေါ်ရေး''ကို ဦးတည်ပါတယ်။

''နိုင်ငံသားတိုင်း ပုဂ္ဂလိက စီးပွားရေးကို ပြည်တွင်း ပြည်ပနှစ်ဌာနလုံးတွင် လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိသောစစ်မှန်သည့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးရေး" ''လယ်ယာသားငါးနှင့် စက်မှု လက်မှုစသည့် ကုန်ထုတ်လုပ်ငန်းများတွင် ခေတ်မီနည်း ပညာ များကျယ်ပြန့်စွာအသုံးပြုနိုင်ရေး " နှင့်"နိုင်ငံသားအားလုံး၏ လူနေမှုအဆင့်အတန်းကိုမြင့်မားလာစေပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ် ပေါ်လာစေရေး'' တို့ကိုဦးတည်ပါတယ်။

မိဘပြည်သူအပေါင်းတို့ခင်ဗျာ-

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက "နိုင်ငံသားအားလုံး၏ အခြေခံလူ့အခွင့်အရေးများကို အာမခံချက်ပေးနိုင်ရေး" "နိုင်ငံသားတိုင်း ဥပဒေရှေ့မှောက်၌ တန်း တူရည်တူ အခွင့်အရေးရရှိစေရေး" နှင့် " နိုင်ငံသားတိုင်း လွတ်လပ်စွာ ပရိယေသန ရှာဖွေစားသောက်ပြီး စားဝတ်နေရေးပြေလည်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး"  တို့ကို အာမခံ ချက်ပေးနိုင်တဲ့ လူနေမှုဘ၀ ဖြစ်ပေါ်ရေးကို ဦးတည်ပါတယ်။

"နိုင်ငံသားတိုင်း လွတ်လပ်စွာ အိမ်ယာ ထူထောင်အခြေချနေထိုင်ရေး၊ " လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ကျင့်သုံးရေး" ၊ " လွတ်လပ်စွာဆန္ဒသဘောထား ထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာရေးသားပုံနှိပ် ထုတ်ဝေခွင့်စသည့် ဒီမိုကရေစီ အခွင့်အရေးများ" ကို အာမခံချက်ပေးနိုင်တဲ့ လူနေမှုဘဝဖြစ်ပေါ်စေရေး ဦတည်ပါတယ်။

"ဒေသဆိုင်ရာအဖွဲ့စည်းများ ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၏ အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများနှင့် လွတ်လပ်၍ အဓိပ္ပာယ်ရှိပြီး အကျိုးရှိသောလက်တွေ့ကျသည့် ဆက်ဆံရေးစနစ် ကျင့်သုံးခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် မြန်မာလူနေမှုဘ၀ ဖြစ်ပေါ်ရေး" ကို ဦးတည်ပါတယ်။

မိဘပြည်သူအပေါင်းတို့ခင်ဗျာ-

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက''လက်နက်ကိုင်ပဋိပကူ္ခအမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ်၊ ဈေးကွက် စီးပွားရေးစနစ် ရှင်သန်ထွန်းကားရေး ၊ပြည်ထောင်စု စိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်နှင့်ဒီမိုကရေစီရေးစိတ်ဓာတ်များကို အခြေခံ၍ဖွံ့ဖြိူးတိုးတက်သည့် ခောတ်မီနိုင်ငံထူထောင်ရေး၊ ငြိမ်းချမ်းစွာဖြစ်ပေါ်တိုးတက်ပြောင်းလဲရေး နည်းလမ်းဖြင့် ပြည်ထောင်စုအစိုးရဖွဲ့စည်းထူထောင်ရေး''စတဲ့ ရည်ရွယ်ချက်များ ထားရှိပါတယ်။

မိဘပြည်သူအပေါင်းတို့ခင်ဗျာ-

''လူအုပ်စုဝါဒ၊ မင်းမဲ့ဝါဒ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဝါဒ၊ ဂိုဏ်းဂဏဝါဒ၊ အကြမ်းဖက်ဝါဒ၊ လူမျိုးရေးအစွန်းရောက်ဝါဒ၊ ဘာသာရေးအစွန်းရောက်ဝါဒ''တို့ကို ဆန့်ကျင်ပြီး နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးသက်သက်ကိုသာ ရှေးရှုဆောင်ရွက်သော နိုင်ငံရေးကျင့်စဉ်ကို စောင့်ထိန်းလိုက်နာကျင့်သုံးပါတယ်။

''တိုင်းရင်းသားလူမျိုးများ ငြိမ်းချမ်းစွာစုပေါင်းနေထိုင်ခြင်း၊လုံးဝလွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်စိုးခြင်း၊ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးခြင်းတည်းဟူသော ဝိသေသ လက္ခဏာများ မပျောက်မပျက်ရှင် သန်လှုပ်ရှား သက်ဝင်နေသည့် နိုင်ငံငံတစ်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရေး လမ်းစဥ'် '၊ ''အများစု၏  ဆန္ဒ သဘောထားက ို အနည်းစုက လေးစားလိုက်နာခြင်း၊ အနည်းစု၏ဆန္ဒသဘောထားကို အများစုက တန်ဖိုးထား အသိအမှတ်ပြုခြင်း တည်းဟူသောစစ်မှန်သည့် ဒီမိုကရေစီကျင့်စဉ်'' နှင့် ''နိုင်ငံတော်၊ နိုင်ငံသားနှင့် ပါတီရေးရာကိစ္စများကိုဆောင်ရွက်ရာတွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများနှင့်အညီ နိုင်ငံသားတိုင်း ကာယ၊ ဉာဏ၊ ဝီရိယစွမ်းအားအလျောက် တန်းတူ ရည်တူအခွင့်အရေးရှိသည့် လမ်းစဉ်''တို့ကို လိုက်နာကျင့်သုံးပြီး ပါတီ၏သဘောထားဟူသမျှသည် ပါတီဝင်ထု၏ ဆန္ဒကို ထင်ဟပ်စေပါတယ်။

မိဘပြည်သူအပေါင်းတို့ခင်ဗျာ-

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ( ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက"စည်ပင်သာယာရေးအဖွဲ့ဝင်များကိုလည်ကောင်း၊ တိုင်းဒေသကြီးအစိုးရနှင့် ပြည်နယ်အစိုးရရုံးစိုက်သည့် မြို့များတွင် မြို့တော်ဝန်များထားရှိ ခန့်ထားနိုင်ရေးတို့ကိုအများသဘောတူ ရွေးကောက်တင်မြှောက်သည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်၊မြို့တိုင်းနယ်တိုင်းတွင် လွှတ်လပ်ရေးပန်းခြံ၊ အောင်ဆန်းပန်းခြံ၊ လွတ်လပ်ရေးကျောက်တိုင်နှင့် ဦးအောင်ဆန်း ရုပ်တုများ တည်ဆောက်ထားရှိနိုင်ရန် ဆောင်ရွက်သွားပါမယ်။

ကျောင်းသားသမဂ္ဂ၊ တောင်သူလယ်သမားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ ပုဂ္ဂလိကဝန်ထမ်းသမဂူ္ဂ အစိုးရဝန်ထမ်းသမဂူ္ဂများ လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှာ နိုင်ရေးနှင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အတွက် ရုံးအဆောက်အအုံနှင့် မြေနေရာရရှိရေး ဝန်ထမ်းများ ခန့်ထားနိုင်ရေးအတွက် ဘဏ္ဍာငွေများ အလုံအလောက်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

မိဘပြည်သူအပေါင်းတို့ခင်ဗျာ -

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)က ယခုကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်း ရှစ်ဦးပါဝင်ပါတယ်။ ကရင်၊မွန်နှင့် ရှမ်းပြည်နယ်များ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင်အမျိုး လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ယခင်ကလို အသက်သွေးချွေးပေးဆပ်စရာမလိုဘဲ ယုံကြည်မမူစိတ်ထားကို အခြေခံကာ ဆန္ဒမဲပေးရွေးချယ်ခြင်းဖြင့် ကျွန်တော်တို့ ၈၈ မျိုးဆက်များနှင့်ပူးပေါင်းလက်တွဲပြီး ဒီမိုကရေစီနိုင်ငံထူထောင်လို့ ရပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်တယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ( ပြည်ထောင်စုမြန်မာနိုင်ငံ )ံ ရဲ့ ခွပ်ဒေါင်းသင်္ကတကတော့ အရွယ်တူကြယ်ဖြူ  ခုနှစ်စင်နှစ်တန်းရဲ့ အလယ်မှာ ခုန်ခွပ်တော့မယ့် ခွပ်ဒေါင်းပုံဖြစ်ပါတယ်။ ကြယ်ဖြူ ၁၄ လုံးက အမျိုးသားရေးစိတ်ဓာတ် အရင်းခံကာ ပြည်ထောင်စုကြီးအတွက် ထာဝစဉ် သယ်ပိုးဆောင်ရွက်သွားမည့် သဘောဖြစ်ပါကြောင်း အသိပေးတင်ပြလိုပါတယ်။

ကျွန်တော်တို့ ပါတီဝင်အပေါင်းသည် ပြည်သူနှင့် အတူနေ၊ ပြည်သူနှင့်အတူခံစား၊ ပြည်သူနှင့်အတူ နိုင်ငံကိုမြှင့်တင်ဖို့ အစဉ်တစိုက် ကြိုးပမ်းရွက်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း နိဂုံးချုပ်အပ်ပါ တယ်။မိဘပြည်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ

 ၁။  ပါတီအမည်  -  ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ
 ၂။  ပါတီအမည်(English)  -  The 88 Generation Student Youths (Union of Myanmar)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၂.၃.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၂၇ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးရဲထွန်း၊ ဦးသန်းဦး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၂.၄.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၉.၄.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၆.၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁၇)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးရဲထွန်း၊ ဦးလေးစိုး(ထွေ/မှုုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

 တိုက်(အက်ဖ်)၊ အခန်း(၃၀၁)၊ ပုလဲကွန်ဒိုမီနီယံ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၁-၅၅၆၅၅၄၊ ၀၉-၅၁၉၇၆၂၆

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required