ဂျပန်က ဗီယက်နမ်၏ စီးပွားဖွံ့ဖြိုးရေးအတွက် ယန်း ၁၀၀ ဘီလီယံ ချေးမည် ကတိကဝတ်ပြု

ဂျပန်က ဗီယက်နမ်၏ စီးပွားဖွံ့ဖြိုးရေးအတွက် ယန်း ၁၀၀ ဘီလီယံ ချေးမည် ကတိကဝတ်ပြု

ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့က စီးပွားရေးနှင့် လုံခြုံရေးတွင် ဆက်ဆံမှုခိုင်မြဲရေး ဦးတည်ရည်မှန်းထားရာ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုအတွက် ဂျပန်နိုင်ငံက ယန်း ဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ ၈၃၅ သန်း) ထုတ်ချေးမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စက်တင်ဘာ ၁၅ ရက်တွင် ကတိပြုပြောကြားသည်။

ဗီယက်နမ်အာဏာရကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ပုတောင်းနှင့် ရှင်ဇိုအာဘေး တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တောင်တရုတ်ပင်လယ်တွင် တရုတ်၏ နယ်မြေပိုင်နက်ပြုမှုများရှိနေရာ ဗီယက်နမ်နိုင်ငံ၏ ရေကြောင်းဆိုင်ရာ ဥပဒေသက်ရောက်မှု မြှင့်တင်နိုင်ရေးအတွက် ဂျပန်အနေဖြင့် ဗီယက်နမ်အား သင်္ဘောရေယာဉ်များစွာကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှင်ဇိုအာဘေး ကပြောသည်။

"ကျွန်တော်တို့ ဂျပန်နိုင်ငံက ဗီယက်နမ်နိုင်ငံကို ယန်း ၁၀၀ ဘီလီယံ ချေးငှားသွားပါမယ်။ အဓိကအားဖြင့် ဗီယက်နမ်နိုင်ငံရဲ့ ဆိပ်ကမ်းများ၊ ကမ်းရိုးတန်းများနဲ့ အဝေးပြေးလမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါ။ခုလို ချေးငှားမှုက ဗီယက်နမ်ဖွံ့ဖြိုးမှုကို ကြီးစွာအထောက်အကူဖြစ်သွားစေမှာပါ။"ဟု အာဘေးက သတင်းရှင်းလင်းပွဲတါင် ပြောကြားခဲ့သည်။

ထိုပြင် တစ်ပတ်ရစ်သင်္ဘောများကိုလည်း ဗီယက်နမ်၏ တောင်းဆိုမှုအရ ပေးသွားမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ဂျပန်က ဗီယက်နမ်အနေဖြင့် တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်သင်္ဘော အင်အားတောင့်တင်းစေရေးအတွက် တစ်ပတ်ရစ်သင်္ဘော ခြောက်စီးအား ပေးအပ်သွားရန် သဘောတူညီမှု ရှိထားခဲ့သည်။ သင်္ဘောခြောက်စီးမှ နှစ်စီးကို ဂျပန်က ဗီယက်နမ်သို့ ပေးထားပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly