အင်ဒိုနီးရှားက ကမ္ဘာလှည့်ခရီးသွားနေရာ ဆယ်နေရာ ဖွံ့ဖြိုးရေး ဦးတည်ချက်ထား

အင်ဒိုနီးရှားက ကမ္ဘာလှည့်ခရီးသွားနေရာ ဆယ်နေရာ ဖွံ့ဖြိုးရေး ဦးတည်ချက်ထား

လာမည့်ငါးနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားဦးရေ ရောက်ရှိမှု အရေအတွက် နှစ်ဆတိုးလာရေး အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသွားများ လာရောက်နေရာ ဆယ်နေရာ ဖွံ့ဖြိုးရေးအတွက် ဦးတည်ရည် မှန်းလျက်ရှိသည်။

ခရီးသွားများ လာရောက်လာ နေရာ ဆယ်နေရာဖွံ့ဖြိုးရေးစီမံကိန်းကို ပင်လယ်ရေကြောင်းဆိုင်ရာ ဝန်ကြီး ရီဇယ်ရမ်လီ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီး အာရစ်ဖ်ယာဟယာ၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး အစ်နာဆုဂျိုနန်နှင့် ပြည်သူ့လုပ်အားနှင့် ပြည်သူ့အိမ်ရာမြေဝန်ကြီး ဘာဆုကီဟာဒီမူဂျိုနိုင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

"အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ခရီးသွားနေရာတွေကို ပစ်မှတ်ထားဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တာပါ။" ဟု ရီဇယ်က ပြောသည်။

ယခုပစ်မှတ်ထားရွေးချယ်ထားသည့် ခရီးသွားများလာရောက်ရာ နေရာမှာ မြောက်ပိုင်း ဆူမတြားရှိ တိုဘာရေကန်၊ အရှေ့ဂျာဗားရှိ ဘရိုမို၊ အနောက်ပိုင်းနုဆာတန်ဂါရာရှိ မန်ဒါလီကာ၊ ဘန်တန်းရှိ တန်ဂျန်းလီဆန်းနှင့် မာလုကူရှိ မိုရိုတိုင်းတို့ စသည့် နယ်မြေနေရာများ ပါဝင်သည်။ ဂျကာတာ ကမ်းလွန်နှင့် ယိုဂယာကာတာတို့ရှိ ထောင်ပေါင်းများစွာသော ကျွန်းဆွယ် ကျွန်းစုများသည်လည်း ခရီးသွားနေရာများအဖြစ် ထွက်ပေါ်လာမည်ဖြစ်သည်။

Ref: ASIA NEWS NETWORK

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly