ချယ်လ်ဆီး လေ့ကျင့်ရေးကွင်းတွင် ရယ်မောနောက်ပြောင်ခြင်းများကို ပိတ်ပင်တားမြစ်

ချယ်လ်ဆီး လေ့ကျင့်ရေးကွင်းတွင် ရယ်မောနောက်ပြောင်ခြင်းများကို ပိတ်ပင်တားမြစ်

လန်ဒန်၊ သြဂုတ် ၁၅ ။           ။ ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၅ တွင် အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် လေ့ကျင့်ရေးကွင်းတွင် ရယ်မောနောက်ပြောင်းခြင်းများကို ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်ငါးပွဲ ကစားပြီးချိန်တွင် သုံးပွဲရှုံး၊ တစ်ပွဲသရေ၊ တစ်ပွဲနိုင်ဖြင့် ရမှတ်လေးမှတ်သာ ရရှိပြီး အမှတ်ပေးဇယားအဆင့် ၁၇ တွင် ရပ်တည်နေကာ ပြီးခဲ့သည့် ၂၉ နှစ်အတွင်းအဆိုးရွားဆုံးရာသီစတင်မှုဖြင့် ရင်ဆိုင်နေရသည်။ လက်ရှိတွင် အမှတ်ပေးဇယားထိပ်မှ မန်စီးတီးနှင့် ၁၁ မှတ်အထိကွာဟသွားပြီဖြစ်ပြီး ချန်ပီယံဆုကို ကာကွယ်ရန် ခက်ခဲသည့်အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။

ထိုကဲ့သို့ ဆိုးရွားနေသည့် အသင်း၏ ပုံစံနှင့် ယခုနှစ်ရာသီကို ပြန်လည်ကယ်တင်နိုင်ရန်အတွက် မော်ရင်ဟိုက လေ့ကျင့်ရေးကွင်း Cobham တွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ခြင်း၊ ဟာသပြောဆိုခြင်းများကို တားမြစ်လိုက်ခြင်း ဖြစ်သည်။

အဲဗာတန်နှင့်ပွဲစဉ်တွင် ချယ်လ်ဆီး အသင်းခေါင်းဆောင် တယ်ရီနှင့် တိုက်စစ်မှူး ဒီယေဂိုကော်စတာတို့မှာ စကားများကာ အခြေအတင်ဖြစ်ခဲ့ကြသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ထိုသတင်းမှာ မမှန်ကန်ကြောင်း ချယ်လ်ဆီးအသင်းက သတင်းထုတ်ပြန်ထားသည်။

ချယ်လ်ဆီးအသင်းသည် ခုတစ်ပတ်အတွင်း မက္ကာဘီတဲအဗစ်နှင့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကစားရမည်ဖြစ်ပြီး ထို့နောက်တွင် အာဆင်နယ်အသင်းနှင့်ပရီးမီးယားလိဂ်ပွဲကျပ်ကစားရဦးမည် ဖြစ်သည်။

Ref ;  တယ်လီဂရပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required