စက်တင်ဘာလအတွင်း ခရီးကြမ်းကို ဖြတ်ရမည်ဟု ရတနာပုံနည်းပြ ရီနီပြော

စက်တင်ဘာလအတွင်း ခရီးကြမ်းကို ဖြတ်ရမည်ဟု ရတနာပုံနည်းပြ ရီနီပြော
ရတနာပုံနည်းပြ ရီနီဒီဆေရီ။ ဓာတ်ပုံ- ရတနာပုံ

မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းနည်းပြချုပ် ရီနီဒီဆေရီက စက်တင်ဘာလမှာ ရတနာပုံအသင်းအတွက် အရေးကြီးသော ကာလဖြစ်ပြီး ခရီးကြမ်းကို ဖြတ်သန်းရမည်ဟု သုံးသပ် ပြောကြားသည်။

ရတနာပုံအသင်းမှာ စက်တင်ဘာလအတွင်း အဓိကပြိုင်ဖက် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သလို စက်တင်ဘာ ၂၂ ရက်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ဗိုလ်လုပွဲအဖြစ် ဧရာဝတီယူနိုက်တက်အသင်းနှင့် ကစားရမည် ဖြစ်သည်။

“အသင်းအတွက် အရေးကြီးတဲ့ အချိန်တွေက စက်တင်ဘာလထဲမှာ ရှိနေပါတယ်။ ရန်ကုန်နဲ့ အဝေးကွင်းပွဲပြီးရင် ဗိုလ်ချုပ်ဒိုင်း ဗိုလ်လုပွဲ ကစားရမယ်။ အသင်းရဲ့အဓိကပစ်မှတ်က ရှုံးထွက် ချန်ပီယံဖြစ်ဖို့ပါ။ ဒါပေမယ့် ရန်ကုန်နဲ့ပွဲကလည်း အရေးကြီးတဲ့အတွက် အာရုံစိုက်ကစားမှာပါ” ဟု ရီနီက ပြောသည်။

ရတနာပုံအသင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ဆီမီးဖိုင်နယ်တွင် မကွေးအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၈-၂ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly