ဗြိတိသျှကောင်စီ၏ အခမဲ့ online IELTS သင်တန်းဖွင့်လှစ်

ဗြိတိသျှကောင်စီ၏ အခမဲ့ online IELTS သင်တန်းဖွင့်လှစ်

IELTS ဖြေဆိုရန် လေ့လာသင်ယူနေသူများနှင့် အင်္ဂလိပ်စာ လေ့လာလိုက်စားသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် လက်လွတ်မခံသင့်သော ဗြိတိသျှကောင်စီ၏ အခမဲ့ online သင်တန်းတစ်ခုကို စတင်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို လာမယ့် စက်တင်ဘာလ ၂၁ ရက်တွင် စတင်မည်ဖြစ်ပြီး ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်မည် ဖြစ်ကြောင်း၊ တစ်ပတ်လျှင် ၂ နာရီ အချိန်ပေးရုံဖြင့် IELTS စာမေးပွဲအ ကြောင်း၊ အမှတ်ပေးပုံစံနှင့် စာမေးပွဲဖြေဆိုရန် ပြင်ဆင် လေ့လာနေသူများအတွက် အသုံးဝင်သော အကြံပေးချက်များကိုပါ လေ့လာသင်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

သင်တန်းဆရာအဖြစ် Chris Cavey က တာဝန်ယူ သင်ကြားပေးသွားမည်ဖြစ်ပြီး IELTS အင်တာဗျူးအတွက် အကြိုလေ့ကျင့်ခန်းများ၊ အရေး၊ အပြော၊ အဖတ်နှင့် စကားပြောစွမ်းရည်များကို  အချိန်ဇယားလိုက် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

တက်ရောက်လိုသူများသည် - https://goo.gl/zyuJbr သို့ ဝင်ရောက်၍ ကြိုတင် စာရင်း ပေးသွင်းရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required