ခြံမြေရမည်ဟု ဆိုကာ ဝန်ကြီးများအိမ်ရာရှေ့ လူတစ်စု သွားခဲ့ ဟုဆို

ခြံမြေရမည်ဟု ဆိုကာ ဝန်ကြီးများအိမ်ရာရှေ့ လူတစ်စု သွားခဲ့ ဟုဆို

ဘားအံမြို့ အမှတ် ၇ ရပ်ကွက်တွင် မြေယာလျှောက်လွှာများ ဖြန့်ဝေနေသည်ဟု သတင်းရ သဖြင့် အုပ်ချုပ်ရေးမှူးက စုံစမ်းရာ ဝန်ကြီးများအိမ်ရာရှေ့သို့ ၂၀၁၅ သြဂုတ်လ ၂ ရက် ည ၆ နာရီ ၁၅ မိနစ် က ခြံမြေရရှိရန် လူတစ်စုက သွားရောက်ခဲ့ကြသည်ဟု သိရကြောင်း အမှတ် ၇ အုပ်ချုပ်ရေးမှူး ရုံး၌ သြဂုတ်လ ၃ ရက် နံနက် ၁၀ နာရီတွင် ခေါ်ယူ မေးမြန်းချက်အရ သိရသည်။

“ရပ်ကွက်ထဲမှာ မြေယာလျှောက်လွှာမိတ္တူတွေ လိုက်ဖြန့်နေတယ် သတင်းရလို့ စုံစမ်းခိုင်းတာ မြေယာလျှောက်လွှာတွေ ဖြစ်ကြောင်း သိရတယ်။ အဲဒါနဲ့ ဒီလျှောက်လွှာတွေ ဘယ်က ထွက်လာတာ လဲ သိချင်လို့ ရုံးခေါ်မေးရာက သြဂုတ်လ ၂ ရက်နေ့ ည ၆ နာရီ ၁၅ မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် မပြောင်းခင် အမှတ် ၇ ရပ်ကွက်က မြေမရှိတဲ့လူတွေကို ခြံမြေပေးခဲ့တဲ့အတွက် ဝန်ကြီးချုပ်နဲ့ တွေ့ဖို့ သွားခဲ့ကြတာတဲ့။ ဒါတွေကို ကျွန်တော်တို့ရုံးကတောင် ဘာမှ မသိရသေးပါဘူး။ ဒါကို ကွဲပြားအောင် ထပ်မေးပါမယ်” ဟု အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ပြောသည်။

“မြေလိုချင်ရင် ကျွန်တော်တို့ တာဝန်ခံလူကြီး ဦးဝင်းနိုင်နဲ့ သွားတွေ့ဆိုလို့ သွားတွေ့တာ    လျှောက်လွှာတစ်စောင် တစ်သောင်းပေးရမယ် ဆိုတာနဲ့ မြေစာရင်းက အသိကို မေးတော့ မဖြစ် နိုင်ဘူးပြောလို့ မယူတော့ဘဲ အဘဝန်ကြီးချုပ်နဲ့ သွားတွေ့တော့ အဘက မြေမရှိသေးဘူးလား မရှိရင် လက်ရေးမူနဲ့ပဲ စည်းဝေးခန်းထဲရောက်အောင် မြန်မြန်တင်ဆိုလို့ တင်လိုက်တယ်။ နောက်လျှောက်လွှာတစ်စောင်ယူပြီး အမှက် ၇ ရပ်ကွက်ထဲက မြေမရှိတဲ့လူတွေကို မိတ္တူကူးပြီး မြေရအောင် အချိန်မီတင်ဖို့ ပြောလိုက်တာပါ။ ကျွန်မက ဝန်ထမ်းမဟုတ်ပါ။ ထွက်ပြီး ဗေဒင်တွက်နေတဲ့ ဗေဒင်ဆ ရာမပါ” ဟု လိုက်ပါသူတစ်ဦး ကပြောသည်။

သထုံမြို့နေ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ဝင် ဦးဝင်းနိုင်က “ကျွန်တော်က အမှတ် ၇ မှာရှိတဲ့ ခြံမြေမရှိသေးတဲ့ လူ ၅၈ ဦးကို သမ္မတအထိ တရားဝင် စာတင်ထားပါတယ်။ ကရင်ပြည်နယ် ဝန်ကြီးချုပ်ကို လည်း စာတင်ထားပါတယ်။ကျွန်တော့်လူတွေကိုလည်း အမျိုးသမီးတစ်ဦးက စည်းရုံးပြီး ဝန်ကြီးချုပ်ဆီကို ခေါ်သွားလို့ ပြန်ခေါ်လာခဲ့ရပါတယ်။ သူတို့ဆီက ငွေယူမထားပါဘူး”ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required