မမေ့သင့်ပါဘူး

မမေ့သင့်ပါဘူး

သိပ်ပူတဲ့ နွေရာသီတစ်ခုမှာ လူတစ်စုက မြစ်ရေလှိုင်းထဲ ဖောင်စီးသွားကြတယ်။ ကောင်မလေး တယောက် ရေဆော့နေတုန်း ဖိနပ်က ရေထဲ ကျသွားတယ်။ ကမ်းပေါ်ရောက်တော့ နေပူထဲမှာ ပူကျစ်နေ တဲ့ရေချိုး ကျောက်သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။ ဒါနဲ့ ကောင်မလေးက တယောက်ယောက် ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်၊ ဒါပေမဲ့ လူတစ်ယောက်မှာ ဖိနပ်တစ်ရံပဲ ပါတာ ဘယ်သူမှ မပေးချင် ကြဖူး၊ ကောင်မလေးက မကျေမနပ် ဖြစ်သွားတယ်။

သူက မိန်းခလေးသဘာဝ နည်းနည်းလောက် ချွဲလိုက်ရင် သူများ အကူညီရနေကျလေ။ ဒါပေမဲ့ ဒီတခါတော့ မရတော့ဘူး။ ဒါနဲ့ သူက ဒီလူတွေအားလုံး မကောင်းဘူး၊ ကူညီချင်စိတ်မရှိဘူးလို့ တွက်လိုက် တယ်။ နောက်တော့ ကောင်လေးတစ်ယောက်က သူ့ဖိနပ်ကို ပေးလိုက်တယ်။ သူကတော့ ဖိနပ်ဗလာနဲ့ အကြာကြီး ရေချိုး ကျောက်ပူပူပေါ် ပြေးလိုက်ရတယ်။ သံပူနဲ့ ကပ်နေသလိုပါပဲ။

ကောင်မလေးက ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။ ကောင်လေးက ဘယ်သူမှ မင်းကို ကူညီဖို့ တာဝန်မရှိပါဘူး။ခင်မင်မှု တစ်ခုကြောင့်ပဲ၊ မကူညီဖြစ်ရင် ဒါ သမားရိုးကျပါ။ အဲ့လိုပြောတော့ကောင်မလေးစိတ်ထဲ အောင့်သက်သက် ဖြစ်သွားခဲ့တယ်။

အဲချိန်ကစပြီး သူ့ကို ကူညီဖူးသူတွေကို အမြဲမှတ်သားထားလေ့ရှိပြီး ပြန်လည် ကျေးဇူးဆပ် လေ့ရှိသတဲ့။ ကျွန်တော်တို့ဟာ အမြဲတမ်း သူများက ကိုယ့်အပေါ် ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။ အစ ပိုင်းတော့ ကျေးဇူးတင်မဆုံးဘူးပေါ့။ ကြာလာတော့ သူများ ကိုယ့်အပေါ် ကောင်းတာကို အကျင့်ဖြစ် လာတယ်။ ဒါက ဖြစ်သင့်တဲ့အရာလို့ ထင်လာတယ်။

တစ်နေ့မှာ ကိုယ့်အပေါ် မကောင်းခဲ့ရင် အပြစ်တင် ရှုတ်ချမိတော့တယ်။ တကယ်တန်းကျ တော့ သူများ မကောင်းတာတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ၊  ရနေကျ ဆိုတော့။ ကျေးဇူးတရားဆိုတာကို မေ့သွားတာပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required