ဆိုရှယ်မီဒီယာတွေနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဆိုးကျိုးများ

ဆိုရှယ်မီဒီယာတွေနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဆိုးကျိုးများ

ဆိုရှယ်မီဒီယာတွေနဲ့ အလုပ်တွေရှုပ်ပြီး မအိပ်နိုင်၊ မစားနိုင်ထိတောင် ဖြစ်နေရပြီလား။ သူငယ် ချင်းသစ်တွေရတာ မှန်ပေမယ့် အာရုံနောက်ရတဲ့ ကိစ္စတွေလည်း အရင်ထက် ပိုများလာခဲ့ပြီး မဟုတ်ပါ လား။ ဒီတော့ ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်တဲ့ ဆိုးကျိုးလေးတွေ နည်းနည်း ပြောပြပေးချင်ပါတယ်။ ဒါဆိုရင် ကိုယ်ရှောင်ရမယ့် အရာတချို့ကို သိသွားတာမို့ ဆင်ခြင်သင့်တာလေးတွေ ဆင်ခြင်နိုင်တာ ပေါ့။

၁။    Facebook နဲ့ Twitter ကို တစ်မိနစ် တစ်ခါလောက် ကြည့်မိနေခြင်းမျိုးဟာ အိပ်ရေးပျက်ပြီး ခေါင်းမကြည်မလင် ဖြစ်စေပါတယ်။ ကိုယ်တင်ထားတဲ့ ပို့စ်မှာဘယ်သူတွေ Like လုပ်ထားသလဲ၊ ဘယ်သူတွေ ကွန်မန့်ပေးထားသလဲဆိုတာ သိရဖို့၊ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေးက ဘာတွေများ အသစ်တင်ထားသလဲဆိုတာ သိရဖို့ တစ်မိနစ် တစ်ခါလောက် ဝင်လိုက် ထွက်လိုက်နဲ့ အင်တာနက် သုံးနေခြင်းမျိုးဟာ သင့်ကို အိပ်ရေးပျက်စေတဲ့အပြင် ခေါင်းလည်း ကြည်လင်မှု မရှိစေ တော့ဘူးဆိုတာ သိထားပါ။ နောက်နေ့ ရုံးသွားတဲ့အခါ၊ ကျောင်းသွားတဲ့အခါ လန်းဆန်းမှုတွေ ပျောက်ဆုံးစေတာ ဘာ့ကြောင့်မှန်း ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် ကြည့်လိုက်ပါဦး။

၂။    အရင်တွဲခဲ့တဲ့ ရည်းစားဟောင်းတွေကို unfriend လုပ်ပြီး ကိုယ့်ဘာသာကိုယ် အေးဆေးနေနိုင် အောင် လုပ်ပါ။ ရည်းစားဟောင်းတွေနဲ့ facebook မှာ သူငယ်ချင်း ဖြစ်နေတုန်းဆိုရင် သူတို့တင်ထား တဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေကို ကြည့်ပြီး စိတ်ကျဉ်းကြပ်ရတာ၊ ဒေါသ ပေါက်ကွဲရတာမျိုးတွေ ခဏခဏ ဖြစ်နေတာဟာ သင့်အတွက် ဘယ်လိုမှ မငြိမ်းချမ်းနိုင်တာမို့ သူတို့ကို ကိုယ့်ဘဝထဲကရော facebook လို နေရာမျိုးမှာပါ အာရုံနောက်ခံစရာ အကြောင်းမရှိပါဘူး။

၃။    Instagram က တခြားသော မိန်းကလေးတွေရဲ့ဘဝကို မနာလို မဖြစ်မိပါစေနဲ့။ တစ်နေ့တစ် နေ့ ဓာတ်ပုံတွေ မနားတမ်းတင်၊ ရှော့ပင်ထွက်တဲ့ပုံတွေ၊ ဟိုတယ်မှုာ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေ တဲ့ပုံ တွေ၊ ပါတီပေးနေတဲ့ပုံတွေ စသဖြင့် အမျိုးစုံတင်နေတဲ့ တခြားမိန်းကလေးတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး အော်…သူတို့ဘဝက သာယာလိုက်တာ၊ ငါကျတော့ ဘယ်လိုဆိုပြီး စိတ်ညစ်ခံစရာ အကြောင်း မရှိသလို မနာလိုဖြစ်တာမျိုးကိုလည်း ရှောင်ပါ။

၄။    Facebook ပေါ်မှာ ပေါက်ကရတွေ မလုပ်ပါနဲ့။ ကိုယ်က ပျော်စေပျက်စေဆိုပြီး ကိုယ့်သူငယ် ချင်း ကောင်မလေးနဲ့ တကယ်မဟုတ်ဘဲ မိန်းကလေး အချင်းချင်း relationship တင်လိုက်တာမျိုး ဆိုရင် ဘယ်သူကမှ သင့်ကို အထာကျလိုက်တာလို့ ထင်မှာ မဟုတ်ပါဘူး။ relationship တင်လိုက်၊ ဖြုတ်လိုက် ဖြစ်နေတဲ့ သူတွေကို အားလုံးက အာရုံနောက်ရတဲ့ကြားထဲ ဒီလိုပေါက်ကရ လုပ်ခြင်းမျိုးကိုရှောင်ပါ။

၅။    ကိုယ်ကြည့်မရတဲ့သူတွေ သူငယ်ချင်းတွေအကြောင်း facebookနဲ့ Twitter ပေါ်မှာ မရေးလိုက် ပါနဲ့။ ကိုယ့်ကြည့်မရတဲ့ ကိုယ့်ရဲ့အခန်းဖော်၊ သူငယ်ချင်း၊ ဒါမှမဟုတ် အလုပ်ထဲက လူတွေအကြောင်း လူတကာသိမယ့် facebook နဲ့ Twitter ပေါ် ရေးလိုက်လို့ကတော့ အခြေအနေတွေ ကောင်းမသွားတဲ့ အပြင် ပိုးဆိုးလာစေဖို့ပဲ ရှိတာမို့ ဒါမျိုးတွေ ရှောင်သင့်ပါတယ်။

၆။    ပေါက်ကရ ဓာတ်ပုံတွေ မတင်ပါနဲ့။ ဟိုပေါ် ဒီပေါ် ဓာတ်ပုံမျိုးတွေ၊ ကြည့်ရဆိုးလွန်းတဲ့ ပေါက်ကရပုံမျိုးတွေ တင်လိုက်ပြီ ဆိုရင်တော့ ကိုယ့်အလုပ်ရှင်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ဒီပုံကို မမြင်ပါစေနဲ့ လို့သာ ဆုတောင်းပါတော့။ ဒါဟာ သိက္ခာကျရုံတင် မကပါဘူး။ ကိုယ်က ခုမှ အလုပ် လျှောက်ထားတဲ့သူဆိုရင်လည်း အလုပ်ရဖို့တောင် ခက်ခဲသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခုခေတ်မှာ ကိုယ်အလုပ် ခန့်မယ့် ဝန်ထမ်းရဲ့ faacebook ကို အလုပ်ရှင်တွေကိုယ်တိုင် ဝင်ရောက် ကြည့်ရှုနေလို့ပါပဲ။

၇။    ကိုယ်တင်လိုက်တဲ့ အစားအသောက်ပုံဟာ ကိုယ်စားရတဲ့ အရသာလောက်တော့ ကြည့်မကောင်းဘူးဆိုတာ မမေ့ပါနဲ့။ ချက်သမျှဟင်းတွေကို ဒိုင်ခံ facebook ပေါ် တင်နေတဲ့သူတွေအတွက် သိထားရမှာက အပြင်မှာ သိပ် အရသာကောင်းပါတယ်ဆိုတဲ့ ကိုယ့်ရဲ့ဟင်းခွက်ပုံက ဓာတ်ပုံထဲမှာ တော့ မြင်ရသူကို ဆွဲဆောင်အားရှိစေမယ်လို့ မထင်လိုက်ပါနဲ့။ ဟင်းခွက်ကို ခပ်မြန်မြန် ကျော်ပစ်လိုက် တာမျိုးပဲ ခံရမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required