ပွဲဦးထွက်တွင်ဂိုးသွင်းခဲ့သည့် မာရှယ်ကို အွန်နရီချီးကျူး

ပွဲဦးထွက်တွင်ဂိုးသွင်းခဲ့သည့် မာရှယ်ကို အွန်နရီချီးကျူး

စက်တင်ဘာ ၁၃၊ မန်ချက်စတာ ။           ။ မန်ယူအတွက်ပွဲဦးထွက်တွင် ကောင်းမွန်သည့် ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့သည့် မန်ယူဆယ်ကျော်သက်ကြယ်ပွင့် မာရှယ်ကို အာဆင်နယ်ဂန္ထဝင် တိုက်စစ်မှူး အွန်နရီက ချီးကျူးလိုက်သည်။

လူငယ်ကစားသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်မိုနာကိုမှပြောင်းလာခဲ့ပြီး အွန်နရီနှင့်နှိုင်းယှဉ်ခံနေရသည့် မာရှယ်သည် ဘယ်ခြမ်းမှအတွင်းသို့ဝင်ရောက်ပြီး လီဗာပူးလ်နောက် ခံလူစကာတယ်ကိုလိမ်ခေါက်ကာ ပြင်သစ်ဂန္ထဝင်အွန်နရီ၏ အကောင်း ဆုံးဂိုးသွင်းနေကျပုံစံဖြင့် လီဗာပူးလ်ဘက်သို့ ဂိုးသွင်းနိုင်ခဲ့သည်။

သို့ဖြစ်ရာအွန်နရီက အသက် ၁၉ နှစ်အရွယ်မာရှယ်သည် အိုးထရက်ဖို့ဒ်တွင်ကောင်းမွန်သည့်အဆုံးသတ်ဖြင့် ၎င်းခြေစွမ်းကိုသက်သေပြခဲ့ သည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။

"သူ့အတွက်ကျွန်တော်ပျော်ပါတယ်။ ဘောလုံးနဲ့အတူ သူသက်သေပြခဲ့တာပါ။ အဲဒီဂိုးသွင်းပုံကိုကျွန်တော်ကြိုက်တယ်။ ကျွန်တော့်အတွက် အကြိုက်ဆုံးပုံစံပါ။ မကန်မီအရင်ကြည့်ပြီး ဂိုးသမားကိုငြိမ် သွားစေခဲ့တယ်"ဟု အွန်နရီကပြောသည်။

သို့သော်လည်း စကိုင်းစပို့စ်တွင် ဘောလုံးကျွမ်းကျင်သူအဖြစ်လုပ်ကိုင်နေသည့် အွန်နရီ၏လုပ်ဖော်ကိုင်ဖက် ဂရေမီဆူးနက်စ်ကမူ မာရှယ်၏ သက်ရောက်မှုအတိုင်းအတာကို ပယ်ချခဲ့သည်။

လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်းဆူးနက်စ်က မာရှယ်သည်ပထမဆုံးရာသီအတွင်းအဆိုးအကောင်းများကို ခံစားရမည်ဖြစ်ပြီး မန်ယူ အသင်းအတွက် လုံလောက်မှုရှိစေမည်မဟုတ်ဟု ပြောသည်။

"မန်ယူအသင်းဟာ တစ်ပတ်ပြီးတစ်ပတ် မျက်လှည့်ပြနေတဲ့တစ်ယောက်ယောက်အတွက်ခံစားရလိမ့်မယ်။ မာရှယ်လည်းကျော်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ လူငယ်တစ်ယောက်ဟာ ခြေစွမ်းအတက်အကျရှိနိုင်လို့ပါပဲ"ဟု ဆူးနက်စ်ကပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly