’’၀'' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ

’’၀'' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ  ၁၁ ။          ။ ''ဝ’’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဦးအိုက်ရုန်းပလိတ်က ၎င်းတို့၏ ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည် တို့ကို စက်တင်ဘာ ၁၁ ရက် ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်တဲ့ မိဘပြည်သူမဲဆန္ဒရှင်များ၊ ဒီမိုကရေစီမြတ်နိုးတန်ဖိုးထား ကြတဲ့ လုပ်သားပြည်သူများနဲ့ ပါတီဝင်များခင်ဗျား-

ယခုလို 'ဝ' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီရဲ့ သီးတည်ရည်ရွယ်ချက်၊လုပ်ငန်းစဉ်များကိုတင်ပြရှင်းလင်းခွင့်ရတဲ့အတွက် စီစဉ်ဆောင်ရွက်ပေးတဲ့ အစိုးရနဲ့တကွ တာဝန်ရှိသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

အလွန်တိုတောင်းလှတဲ့ အချိန်အတွင်း ကျွန်တော်တို့ ပါတီရဲ့ဦးတည် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြဖို့ မပြည့်စုံနိုင်ပေမယ့် ရရှိတဲ့အချိန်အတွင်း အနှစ်သာရကို အနည်း ငယ်ကောက်နုတ်ပြီးပြောပြခွင့်ရလို့ ကျေးဇူးတင်ဂုဏ်ယူမိပါတယ်။

တိုင်းရင်းသားလူမျိုးစုများ ခောတ်မီဖွံ့ဖြိုးတိုးတက်ဖို့ ခောတ်မီတိုးတက်တဲ့နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့ဟာ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ပြည်သူများ ကိုယ်တိုင်ပါဝင်ပြီး နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အကျိုးစီးပွားများကိုနိုင်ငံသားတိုင်း၊ ပြည်သူတိုင်း၊နိုင်ငံရေးအရ တန်းတူအခွင့်အရေး၊ အဆင့်အတန်း များ၊ စီးပွားရေးအရ တန်းတူညီမျှဖို့ စတဲ့အခွင့်အလမ်းမျာ ပီပြင်စွာအကောင် ထည်ဖော်ဆောင်ရွက်နိုင် မှသာ စည်းလုံးညီညွတ်တဲ့ ပြည်သူများရဲ့ မဟာအင်အားကြီးကို စုစည်းရယူနိုင်ဖြစ်ပြီး နိုင်ငံတော်လည်း ခော်မီဖွံ့ဖြိုးတိုးတက်ကာ ထာဝရငြိမ်းချမ်းရေးရရှိနိုင်မှာဖြစ်တယ်လို့ခံယူ ယုံကြည်ပါတယ်။

နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာရရှိခဲ့တာဟာ လူပုဂ္ဂိုလ်တစ်ဦး၊ လူမျိုးစုတစ်စု၊ လူ့အဖွဲ့အစည်းတစ်ဖွဲ့တည်းနဲ့ရယူနိုင်ခဲ့တာမဟုတ်ဘဲ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က ဘက်စုံထောင့်စေ့ မှအသက်အိုးအိမ်စည်းစိမ်များကို ပဓာနမထားဘဲ အသက်သွေး၊ ချွေးမြောက်မြားစွာ စတေးခံ၍ဆင်နွှဲရယူခဲ့တဲ့ နိုင်ငံတော်ကြီးဖြစ်ပါတယ်။ဒါကြောင့်မို့ နိုင်ငံတော်ရဲ့ အကျိုးကျေးဇူးများရရှိခံစားတဲ့ အပိုင်းမှာ လည်း တိုင်းရင်းသားများအားလုံး ရသင့်ရထိုက်တဲ့အခွင့်အရေး၊ အဆင့်အတန်းများ၊ လွတ်လပ်ခွင့်များ၊ ပုဂ္ဂိုလ်ဆိုင်ရာ ပိုင်ဆိုင်ခွင့်များ၊ အပြည့်အဝ၊ တန်းတူ ညီမျှစွာရရှိဖို့လိုအပ်ပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများနဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ကျွန်တော်တို့ 'ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီရဲ့ အဓိကရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်များကို အကျဉ်းချုံးပြီး ရှင်းလင်းတင်ပြသွားပါမယ်။ကျွန်တော်တို့ပါတီဟာ နောင်အနာဂတ်နိုင်ငံတော်ကို တကယ်စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ဖြင့် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုခုပြီးနိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက်ရှိကြတဲ့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ဘက်စုံတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုအဆင့် အတန်းမြင့်မားလာဖို့၊  အသိပညာအတတ်ပညာဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာနိုင်ငံများနဲ့ရင်ပေါင်တန်းနိုင်ဖို့ အခြေခံမူ(၅)ချက်နဲ့ လုပ်ငန်းစဉ် (၇)ရပ်တို့ကို စနစ်တကျချမှတ်ပြီး အကောင်ထည်
ဖော်ဆောင်ရွက်နေပါတယ်။

၎င်းအခြေခံသဘောထား ရည်ရွယ်ချက်များကတော့-

(၁) နိုင်ငံတော်တစ်ဝန်းလုံးတွင် အချုပ်အခြာအာဏာစက်သက်ရောက်ပြီးတိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွတ်ဖို့နဲ့ နိုင်ငံတော်ရဲ့လွတ်လပ်ရေးအဓွန့်ရှည်တည်တံခိုင်မြဲရေးအတွက် ဒီမိုကရေစီကျင့်စဉ်နဲ့ အညီကြိုးပမ်းဆောင်ရွက်သွားရန်၊

(၂) နိုင်ငံသားတစ်ဝန်းလုံးတွင် အချုပ်ခြာအာဏာစက်သက်ရောက်ပြီးရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို နိုင်ငံနဲ့အဝန်း တည်ရှိစေပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးနဲ့စည်းရုံးရေး
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်၊

(၃) တစ်မျိုးသားလုံး၏ လူနေမူအဆင့်အတန်းမြင့်မားလာစေရန် ပုဂ္ဂလိကလုပ်ငန်းစဉ်များကိုဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့်ခောတ်အဆက်ဆက်တွင် နောက်ကျကျန်ရစ်ခဲ့သော 'ဝ’ နယ်မြေဒေသနှင့်အခြားတောင်တန်းဒေသများ၏ လူနေမှုအဆင့်အတန်းဖွံ့ဖြိုးတိုးတက် လာအောင်ဆောင်ရွက်သွားရန်၊

(၄) တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်း စဉ်လာများ၊ အနုပညာများဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်သွားရန်၊

(၅) နိုင်ငံတော်နဲ့လက်တွဲပြီး နယ်မြေဒေသဖွံ့ဖြိုးတိုးရေးအတွက် ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့နိုင်ငံများမှ အကျိုးရှိမယ့် အတွေ့အကြုံများ၊ လုပ်နည်းလုပ်ဟန်နည်းပညာများကို ရယူပြီး အကောင်အထည်ဖော်ဆောင်ရွက် ရန်တို့ဖြစ်ပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့ပါတီရဲ့လုပ်ငန်းစဉ် (၇) ရပ်ကတော့-

(၁)နိုင်ငံတော်အတွင်းရှိ ပြည်သူပြည်သူများအား နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးနဲ့ စည်းရုံးရေးအရ နိုးကြားတက်ကြွစေပြီး စစ်မှန်တဲ့ ဒီမိုကရေစီ အကျင့်အကြံ၊ အပြုအမူ၊ အတွေးအခေါ် အယူအဆတွေကို ခိုင်မြဲစွာတည်ဆောက်ပြီး ပြည်သူတွေရဲ့ ကံကြမ္မာကို ပြည်သူ့တို့ကိုယ်တိုင် လွတ်လပ်စွာပါဝင်ဖန်တီးစီရင်နိုင်စွမ်းရှိတာကို ခံယူသဘောပေါက်နားလည်ဖို့ စည်းရုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

(၂) ရည်ရွယ်ချက်၊ ခံယူချက်၊ ယုံကြည်ချက်၊ အတွေးအခေါ် အယူအဆ၊အမြော်အမြင်ချင်းတူညီတဲ့ မည်သည့်နိုင်ငံရေးပါတီများနဲ့မဆို တန်းတူညီတူဆက်ဆံခြင်း၊ ပေါင်းစည်းခြင်း၊ မဟာမိတ်ဖွဲ့ခြင်း၊ အပြန်အလှန်ကူညီခြင်းများပြုလုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကဦးတည်အလေးထားပြီး အပြန်အလှန်အကျိုးပြုဆောင်ရွက်မယ်၊နားလည်မှုရှိမယ်၊ အပေးအယူ များရှိမယ်၊ မူသဘော၊ လုပ်ငန်းသဘောအရယှဉ်ပြိုင်မှုရှိမယ်၊ ဒါဟာ ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံရေး ဓလေ့ထုံးတမ်းအစဉ် အလာကောင်းများဖြစ်ပြီး အနှစ်သာရလည်းဖြစ်ပါတယ်။ပြိုင်ဘက်ကင်းတဲ့စနစ်ဟာ အာဏာရှင်စနစ်အဖြစ်သို့ သက်ရောက်စေတတ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ ပြည် သူတွေ့ရဲ့ အနာဂတ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဦးဆောင်ဦးရွက်ပြုသွားဖို့ ပါတီနဲ့ ပြည်သူခွဲလို့မရတဲ့ အသည်းနှစ်လွှာကဲ့သို့ ခံယူထားပါ တယ်။ ပြည်သူအသံ ပါတီရဲ့အသံ၊ပြည်သူတွေရဲ့ခံစားချက် ပါတီရဲ့ခံစားချက်၊ ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူအောင်လံဟာ ပါတီရဲ့အောင်လံဟု ခံယူထားပြီး ပါတီရဲ့ပန်းတိုင်ဟာ ပြည်သူရဲ့ သာယာချမ်းမြေ့ တဲ့ ဒီမိုကရေစီလောက သစ်ကြီးဆိုတဲ့ ပန်းတိုင်ပဲ ဖြစ်ပါတယ်။

ကျွန်တော် တို့ ရွေးကောက်ပွဲအောင်ပါက ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးနဲ့ ဒေသအကျိုး၊အမျိုးသားရေးအကျိုးတို့ကို အများဆုံးအာမခံချက်ပေးနိုင်မယ့် ပါတီအဖွဲ့ အစည်းများနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ် ပါတယ်။

(၃) တိုင်းရင်းသားပြည်သူများရဲ့ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားတစ်ရပ်လုံးတို့ကို ခြိမ်းခြောက်နေသော အကြမ်းဖက်စနစ်ကို ငြိမ်းချမ်းသောဒီမိုကရေစီကျင့်စဉ်နှင့်အညီ၊ မှန်ကန်စွာအဖြေရှာပြီး ထိုအကြမ်းဖက်စနစ်များကိုစွန့်လွှတ်နိုင်ရေးအတွက နိုင်ငံရေးအရ စည်းရုံးလူံ့ဆော်ဆောင်ရွက်သွားမှာဖြစ်ပါတယ။် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးအပေါင်းတို့ဟာ တစ်အူထုံ့ဆင်းတစ်မြေတည်းနေ၊ တစ်ရေတာည်းသောက်ပြီး လူမျိုးရင်းတစ်မျိုးတည်းမှ ဆင်းသက်လာကြတဲ့ ညီအစ်ကိုမောင်နှမအရင်း တိုင်းရင်းသားများဖြစ်ကြသလို၊ နိုင်ငံရဲ့အခြေခံလူ့အခွင့်အရေးများ တန်းတူညီတူခံစားခွင့်အပြည့် အဝရရှိခံစားခွင့်ရရှိမှသာ တိုင်းရင်းသားလူမျိုးများ စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုများရှိလာမည်ဖြစ်ပြီး နိုင်ငံသည်လည်း တစ်ဟုန်ထိုး တိုးတက်ဖွံ့ဖြိုးလာကာ ထာဝရငြိမ်းချမ်းရေးရရှိလာမှာဖြစ်ပါတယ်။

(၄) လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး ကမူ္ဘာ့ကုလသမဂူ္ဂ၏ နိုင်ငံတကာနှင့်  ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ(၅)ချက်နှင့် ကမ္ဘာ့ကုလသမဂ္ဂကြီး၏ ရည်မှန်းချက်များ၊ အခြေခံမူများတို့ကို လိုက်နာကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ကမ္ဘာ့ရေးရာကိစ္စအ၀၀၌လည်း ကင်းကွာ ရပ်တည်၍ မရနိုင်ပါ။ ကမ္ဘာမိသားစုများနဲ အတူ နိုင်ငံရေး ၊ စီးပွားရေး၊ လူမူရေးများ စသည်တို့ကို အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့၊ယဉ်ကျေးမှုအနုပညာများ ပူးပေါင်းဖလှယ်ဖို့၊ သိပ္ပံဆိုင်ရာ အသိပညာ ၊အတတ်ပညာ၊ နည်းပညာရပ်များ ပူးပေါင်းဆောင်ရွက်မှုများကို သတိတရားနဲ့ပိုမိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

(၅) မူးယစ်ထုံထိုင်းပြီး စိတ်ကိုပြောင်းလဲစေတဲ့ ဘိန်းများကို အဓိက စိုက်ပျိုဖြစ်ထွန်းသောနယ်မြေဒေသများ၌ ဘိန်းစိုက်ပျိုးမှု လုံးဝပပျောက်စေရန် ဘိန်းအစား ပြည်တွင်းပြည်ပမှ ဈေးကွက်ကောင်းပြီး တွက်ခြေကိုက်သော ရောင်းပန်းလှတဲ့ ကောက်ပဲသီးနှံများ၊ နှစ်တိုနှစ်ရှည်ပင်များကို ရှာဖွေစိုက်ပျိုးစေ၍ သယံဇာတပစ္စည်းများကိုလည်း ဖော်ထုတ်ပြီး စက်မူကုန်ထုတ်လုပ်ငန်းများဖြင့် အဓိကစီးပွားရေး လုပ်ငန်းများဖြစ်လာစေဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အတွင်း အချို့သော တောင်တန်းဒေသများတွင် ရေမြေတောတောင်သဘာဝ၊ ရာသီဥတုအခြေအနေများအရ ဘိန်းစိုက်ပျိုးဖြစ် ထွန်းမှုကို အထူးအားပေးသော ဒေသများ၌ ဘိန်းစိုက်ပျိုးု လုံးဝကင်းစင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ 'ဝ’  နယ်ဒေသ ငြိမ်းချမ်းရေးအဖွဲ့ အုပ်ချုပ်တဲ့ နယ်မြေများတွင် ၂၀၀၅ ခုနှစ်မှစ၍ ယနေ့ချိန်အထိ ဘိန်းပင်တစ်ပင်မျှ မရှိတော့ဘဲ လုံးဝပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ဆက်လက်ပြီး မူးယစ်ဆေးဝါးဖြစ်တဲ့'ရာမ' ဆေးပြားများ လုံးဝပပျောက်ရေးအတွက် ၂၀၁၄ ခုနှစ် ဇွန်လမှစ၂၀၂၄ ခုနှစ် ၁၀ နှစ်တာ စီမံကိန်းချမှတ်ပြီး အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိတာကို အသိပေးအပ်ပါတယ်။

(၆) နိုင်ငံတော်အတွင်း အထူးသဖြင့် 'ဝ'နယ်မြေဒေသနှင့် တောင်ပေါ်တောင်တန်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့စေရေးအတွက် လမ်းများတိုးချဲ့ဖောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်မှု၊ရင်းနှီးချစ်ခင်မှု၊ နားလည် ယုံကြည်မှု အပြည့်အဝပေးနိုင်တဲ့ ရေသောက်မြစ်ပေါင်းကူးတံတားကြီးတစ်ခုကဲ့သို့ ဖြစ်ပါတယ်။ 'ဝ' နယ်ဒေသအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အတွင်း နေရာဒေသအနှံအပြားသို့ လမ်းကြီး လမ်းငယ်များ ၊မြေလမ်း၊ ကျောက်ခင်းလမ်း၊ကတ္တရာခင်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့်ဖောာက်လုပ်ခင်းကျင်းပြီး သွားလာလျှက်ရှိကြတာကိုတွေ့မြင် ရမှာဖြစ်ပါတယ်။မြို့ငယ် ၊ကျေးရွာအုပ်စုအထိလည်းရေအားလျှပ်စစ် သွယ်တန်းပြီး နေရာတိုင်းတွင် လျှပ်စစ်မီးများ လင်းထိန်လျှက်ရှိနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ကျန်းမာရေးကဏ္ဍအနေဖြင့် ဆင်းရဲချမ်းသာမရွေး နိုင်ငံသားတိုင်းခောတ်မီနည်းစနစ်ဖြင့် ရောဂါကာကွယ် ကုသ ခွင့်ရရှိစေဖို့ ဆေးဝါးဆိုင်ရာပစ္စည်းကိရိယာများ အလုံအလောက်ရှိစေဖို့နှင့် ဆေးရုံ၊ ဆေးခန်းများကို လိုအပ်သလိုဆောက်လုပ်ပြီး အခြားတစ်ဖက်မှာလည်း တိုင်းရင်းဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်ကောင်မွန်လာစေရန် ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။

ပညာရေးကဏ္ဍမှာလည်း ကမ္ဘာ့ အဆင့်မီပညာရေးစနစ်ကို ထူထောင်ပြီးနိုင်ငံသား  တိုင်းပညာရေးကို အခမဲ့ မသင်မနေရ သင်ကြားဆည်း ပူးစေ၍ အထက်တန်းပညာရပ်များကိုလွတ်လပ်စွာ မိမိဝါသနာ အလျောက်စိတ်အားထက်သန်တဲ့ ပညာရပ်များကို ရွေးချယ်သင်ကြား နိုင်ဖို့ ဖန်တီးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

(၇) တိုင်းရင်းသား လူမျိုးစုများရဲ့စာပေယဉ်ကျေးမှု၊  ရိုးရာဓလေ့ထုံးတမ်းအစဉ်လာ၊ အနုပညာများ တိုးတက်ဆန်းသစ်ရှင်သန်လာအောင် ပြုစုပျိုးထောင်ပေးသွားမှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုး ရပ်တည်နိုင် ဖို့ဟာ စာပေ၊ယဉ်ကျေးမှု၊ ဘာသာစကား စသည်များ ရှိဖို့လိုပါတယ်၊ ရှိပြီးသားယဉ်ကျေးမှုများကို ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ၊ အဲဒီလူမျိုးတွေရဲ့ လူနေမှုအဆင့်အတန်း ၊ အတွေးအခေါ်၊  အယူအဆ၊ အမြော်အမြင်များလည်း သိသိသာသာတိုးတက်ဖွံ့ဖြိုး လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသားလူမျိုးများအင်မတန်မြတ်နိုးတန်ဖိုးထားတဲ့ မိမိတို့ရဲ့စာပေယဉ်ကျေးမှုများကို အထူးဂရုပြထိန်းသိမ်း သွားနိုင်ဖို့  အားပေးအားမြှောက်ပြုရင်း၊ တိုင်းရင်းသားလူမျိုးများရဲ့ ချစ်ခင်ရင်းနှီးမှု၊ ကြည်ညိုလေးစားမှု၊  ယုံကြည်အားကိုမှု ၊ စည်းလုံးညီညွတ်မှုများ အပြန်အလှန်ရယူတည်ဆောက်ပြီး အစွမ်းကုန်ကူညီ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

လူထုလူတန်းစားများအပေါ် ကျွန်တော်တို့ရဲ့သဘောထားနဲ့အမြင်ကတော့ ပြည်သူဝန်ထမ်းများဟာ နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးကို အချိန်ပြည့်အလုပ်အကျွေးပြုရတဲ့ အမာခံအင်အားစုများဖြစ်ကြ ပါတယ်။ ရသင့်ရထိုက်၊ ခံစားသင့် ခံစားထိုက်တဲ့အခွင့်အရေးများ၊ အပြည့်အဝရရှိခံစားနိုင်ဖို့အစွမ်းကုန်အားပေးသွားမှာဖြစ်ပါတယ်။ အလုပ်သမားများအနေနဲ့ ကာယ၊ဉာဏ၊ ဝီရိယ၊ စွမ်းအားနဲ့အညီ အလုပ်လုပ်သလောက် လုပ်အားတန်ဖိုးအပြည့်အဝရရှိခံစားစေဖို့နဲ့ အိုမင်းမစွမ်းဖြစ်တဲ့အခါမှာ ဘဝအာမခံချက်ရရှိဖို့စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

တောင်သူလယ်သမားများဟာ နိုင်ငံတော်ရဲ့ မဟာအင်အားစုကြီးဖြစ် တာမို့၊လယ်ယာလုပ်ငန်းခွင်မှာ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ လယ်ယာထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်လာစေဖို့၊  လယ်လုပ်သူ လယ်ယာပိုင်ဆိုင်ခွင့်ရှိဖို့၊ ဆန္ဒအလျောက်စိုက်ထုတ်ပြီး ဆန္ဒအလျောက် လွတ်လပ်စွာရောင်ဝယ်ဖောက်ကား၊ သိုလှောင်ကြိတ်ခွဲ၊ ဖြန့်ဖြူးပိုင်ခွင့်ရှိဖို့နဲ့ အခြားတစ်ဖက်မှာလက်မှုလယ်ယာမှ စက်မှုလယ်ယာ အဖြစ်သို့ ပြောင်းလဲဖို့ လိုအပ်တဲ့ ကုန်ထုတ်စွမ်းအားစုများကို အပြည့်အဝရရှိဖို့ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနဲ့ ညှိနှိုင်းကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။နောင်တစ်ခေတ်နိုင်ငံတော် ရဲ့ခေါင်းဆောင်လောင်း များဖြစ်ကြတဲ့လူငယ်လူရွယ်တို့ကို ဘက်စုံခောတ်မီဖွံ့ဖြိုးတိုးတက်တဲ့ လူကောင်းလူတော်၊နိုင်ငံသားများဖြစ်ပေါ်လာဖို့ တည်ဆောက်သွားမှာဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ကာကွယ်ရေး၊ လုံခြုံရေးလုပ်ငန်းများမှာ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းပြီးအရွယ်ရောက်မိန်းကလေး၊ ယောက်ျားလေးများတို့ကို အခြေခံစစ်ပညာတတ်ကျွမ်းအောင်သင်ကြားစေပြီး အစဉ်နုပျိုရှင်သန်ခောတ်မီတဲ့ တပ်မတော် ကြီးဖြစ်လာဖို့ အားပေးကူညီသွားမှာဖြစ်ပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူများ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများနဲ့ ဒီမိုကရေစီလိုလားကြတဲ့ ပြည်သူများခင်ဗျား-

ကျွန်တော်တို့  'ဝ' အမျိုး သားစည်းလုံးညီညွတ်ရေးပါတီရဲ့ ရွေးကောက်ပွဲဝင်သင်္ကေတအထိမ်းအမှတ်တံဆိပ်ဟာ သမိုင်းဝင် 'လွေးမူးတောင်'ခေါ်တောင်သုံးလုံး၊ အလယ်တောင်ထိပ်ပေါ်တွင် ကြယ်ဖြူကြီးတစ်ပွင့် ထွန်းတောက်နေတဲ့ သင်္ကေတ အမှတ်တစ်ဆိပ်ဖြစ်ပါတယ်။ အဲဒီလွေးမူးတောင်ဟာ ကျွန်တော်တို့ 'ဝ'လူမျိုးများ အမြတ်တနိုး တန်ဖိုးထားပြီး တလေးတစားပြုရတဲ့ သမိုင်းဝင်တောင်ဖြစ် ရုံသာမကဘဲ ေရှေ့ယခင် 'ဝ’ ဘိုးဘေးဘီဘင်ခောတ်ကတည်းက'ဝ' နယ်မြေအတွင်းတွင် ဖြစ်ပေါ်လာသမျှ အထွေထွေသော ပြသူသနာရပ်ပေါင်း မြောြက်မားစွာတို့ကို အဲဒီလွေးမှုးတောင်ခြေမှာ လာရောက်စုစည်းတိုင်တည်စီရင်ဆုံးဖြတ်ကာ အလုံးစုံသော ပြသူသနာရပ်ကြီးငယ်တို့ကို ပြေလည်ငြိမ်းအေးစေတဲ့ မင်္ဂလာရှိပြီး သမိုင်းဝင်ငြိမ်းချမ်းရေးတောင်ဖြစ်ပါတယ်။ကြယ်ဖြူကြီးတစ်ပွင့်ကတော့ စင်ကြယ်ရိုးသားမနောဖြူတဲ့ဲ 'ဝ' အမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းအတူ ပူးပေါင်းနေထိုင်ကြလျှက် ချစ်ချစ်ခင်ခင် ရှိကြတာကိုဖော်ညွန်းတဲ့ သင်္ကေတဖြစ်ပါတယ်။ အထိမ်းအမှတ်တံဆိပ်ကိုကဗျာဆန်ဆန် ဖွဲ့ဆိုရမယ်ဆိုရင် 'ထွန်းတောက်ကြယ်စင်-လွေးမူးထိပ်တွင်၊ ကျော်ကြားသည်ကား 'ဝ' အမျိုးသား 'ဆိုတဲ့သဘော ဖြစ်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများနဲ့ ဒီမိုကရေစီ လိုလားကြတဲ့ မိဘပြည်သူများခင်ဗျား-

ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီးငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော်ကြီးတစ်ရပ် ပေါ်ထွန်းလာဖို့အတွက် ကျွန်တော်တို 'ဝ'  အမျိုးသားစည်းလုံးညီညွတ်ရေးပါတီရဲ့ အခြေခံမူ၊ ရည်ရွယ်ချက်များနဲ့ လုပ်ငန်းစဉ်များ ကိုပြည်သူများသို့ချပြခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ တည်ကြည်ပြတ်သားတဲ့နိုင်ငံရေးအမြင်၊နိုးကြားတက်ကြွတဲ့ အသိစိတ်ဓာတ်ဖြင့် အသေအချာစိစစ်ဝေဖန်သုံးသပ်ပြီးဆင်ခြင်တုံတရားနဲ့ 'မူကောင်းရယ်၊ လူကောင်းရယ်'ကို နိုင်ငံတော်အကျိုးဒေသအကျိုးအတွက် ရေးှ ရြှုပးီ အမှန်တကယ် သယ်ပိုးဆောင်ရွက်ပေးနိုင်မယ့်'လူကောင်း၊ လူတော်' များအတွက် မိမိတို့ရဲ့အသည်းကြားထဲက မဲတစ်ပြားကို တန်ဖိုးထားကာ အကျိုးရှိရှိ အသုံးချပြီး ရွေးကောက်တင်မြှောက်ပေးကြ ပါစို့လို့ တိုက်တွန်းပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

''ဝ'' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ

 ၁။  ပါတီအမည်  -  ''ဝ'' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  Wa Natioal Unity Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၉-၄-၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၅ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးလုပ်ပေါင်း၊ ဦးညီပလုပ်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၄.၅.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၂.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၁-၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁၀)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးညီပလုပ် ၊ ဦးဂျိုးဇက်ထွန်း(်တွင်း/မှုး-၁)
 ၁၃။  ပါတီနယ်မြေ  -  ရှမ်းပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -

 

 အမှတ်(၃၆)ဗျုဟာလမ်း၊ နယ်မြေ(၂)၊ (၁)ရပ်ကွက်၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်။

 

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

၀၉-၄၀၃၇၄၂၅၄၀(ဦးဆမ်ဆောင်ကား)

၀၉-၅၂၆၀၃၁၉၊ ၀၈၂-၂၂၂၂၉၊၀၉-၅၂၆၀၂၉၃၊၀၈၂-၂၂၇၁၃

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload1
       PDFDownload2

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly