စီရော်နယ်ဒို၏ တန်ဖိုးကို ယူရို ၁ ဘီလီယံ ရီးယဲလ် သတ်မှတ်

စီရော်နယ်ဒို၏ တန်ဖိုးကို ယူရို ၁ ဘီလီယံ ရီးယဲလ် သတ်မှတ်

ရီးယဲလ်အသင်းသည် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို၏ တန်ဖိုးကို ယူရို ၁ ဘီလီယံ သတ်မှတ်လိုက်ပြီး ပီအက်စ်ဂျီအသင်းက စီရော်နယ်ဒိုကို အလိုရှိပါက ထိုပမာဏအတိုင်း ပေးချေ ရမည်ဟု ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်က ပြောဆိုလိုက်သည်။

ပြင်သစ်လိဂ် ချန်ပီယံ ပီအက်စ်ဂျီအသင်းသည် စီရော်နယ်ဒိုကို ပြီးခဲ့သည့် ၂ နှစ်လောက်က တည်းက ခေါ်ယူရန် အလိုရှိနေခဲ့သော်လည်း ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေ။ ကာတာသန်းကြွယ်သူဌေးများ ပိုင်ဆိုင်သည့် ပီအက်စ်ဂျီအသင်းမှာ လာမည့်နှစ်တွင် စီရော်နယ်ဒိုကို ခေါ်ယူရန် ထပ်မံကြိုးစားဖွယ် ရှိနေသည်။

“ပီရက်ဇ်က ပီအက်စ်ဂျီအနေနဲ့ ရော်နယ်ဒိုကို ခေါ်ချင်လား။ လွယ်ပါတယ်။ စာချုပ်ထဲမှာပါတဲ့ လျော်ကြေးငွေ ပမာဏအတိုင်း ယူရို ၁ ဘီလီယံ ပေးချေလိုက်ရုံပါပဲ။ ဘောလုံးလောကမှာ ဘယ်သူမှ ရှေ့ဖြစ်ကို ကြိုမဟောနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ရော်နယ်ဒိုကို ၂၀၁၆ မှာ မရောင်းချင် ဘူးလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရီးယဲလ်နဲ့ ရော်နယ်ဒိုတို့ရဲ့ စာချုပ်သက်တမ်းက သုံးနှစ်တောင် ကျန်ရှိသေးလို့ပါ”ဟု ပြောသည်။

အသက် ၃၀ အရွယ် ကျော်လွန်နေပြီဖြစ်သည့် စီရော်နယ်ဒိုသည် ၂၀၀၉ ခုနှစ်က မန်ယူမှ ရီးယဲလ်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး ပွဲစဉ်ပေါင်း ၃၀၂ ပွဲတွင် ၃၁၃ ဂိုးအထိ သွင်းယူပေးထားသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly