တရုတ်နိုင်ငံ ခြေစမ်းခရီးတွင် မြန်မာအမျိုးသမီးအသင်း နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ် ရရှိခဲ့

တရုတ်နိုင်ငံ ခြေစမ်းခရီးတွင် မြန်မာအမျိုးသမီးအသင်း နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ် ရရှိခဲ့
တရုတ်ခြေစမ်းခရီးတွင် တွေ့မြင်ရသည့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း။

၂၀၁၆ အိုလံပစ်ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များ အကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၊ နန်ကျင်းမြို့တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအမျိုးသမီးအသင်းသည် ခြေစမ်းပွဲ သုံးပွဲကစားခဲ့ရာ၌ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ် ရရှိခဲ့သည်။

မြန်မာအမျိုးသမီးအသင်းမှာ တရုတ်နိုင်ငံသို့ သြဂုတ်လ ၃၁ ရက်ကတည်းက ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် တရုတ်စူပါလိဂ်ကလပ် ဂျီအမ်ဆုအသင်းနှင့် ကစားခဲ့ရာ ၃-၀ ဂိုးဖြင့် ရှုံးခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် ဂျီအမ်ဆုယူ-၁၈ အသင်းနှင့် ခြေစမ်းရာ ၆-၁ ဂိုး၊ စက်တင်ဘာ ၇ ရက်တွင် ဂျီအမ်ဆုအသင်းနှင့်ပင် ထပ်မံခြေစမ်းရာ ၁-၀ ဂိုးဖြင့် ပြန်လည် အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်းမှာ အိုလံပစ် အမျိုးသမီး ဘောလုံးခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ထိုင်း၊ ဗီယက်နမ်၊ ဂျော်ဒန်၊ တရုတ်တိုင်ပေအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ပွဲစဉ်များကို မန္တလေးမြို့၊ မန္တလာသီရိကွင်းတွင် စက်တင်ဘာ ၁၄ ရက်မှ ၂၂ ရက်အထိ ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly