The Jackson 5 အဖွဲ့ ဗြိတိန် တစ်ကိုယ်တော်တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

The Jackson 5 အဖွဲ့ ဗြိတိန် တစ်ကိုယ်တော်တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

အမေရိကန် ပေါ့ပ်အဆိုတော်အဖွဲ့ The Jackson 5 အဖွဲ့သည် ဗြိတိန် တစ်ကိုယ်တော်တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်းနှင့် ၁၉၇၀ ပြည့်နှစ်ကလည်း ၎င်းတို့၏ တစ်ကိုယ်တော် တေးသီချင်း ABC သည် အောင်မြင်ခဲ့သည်။

Iron Maiden အဖွဲ့သည် The Book Of Souls တေးသီချင်း အယ်လ်ဘမ်ဖြင့် ဗြိတိန်တေး သီချင်း အယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။ Iron Maiden အဖွဲ့၏ ၁၆ ကြိမ် မြောက် စတူဒီယိုတေးသီချင်း အယ်လ်ဘမ်သည်  အချပ်ရေ ၆၀,၀၀၀ ကျော် ရောင်းချခဲ့ရပြီး ပြိုင်ဘက် ဖြစ်သော ဂျက်စ်ဂလင်နာ၏ I Cry When I Laugh တေးသီချင်း အယ်လ်ဘမ် ထက်နှစ်ဆနီးပါး ရောင်းချနိုင် ခဲ့သည်။

ဂလင်နာ၏  I Cry When I Laugh တေးသီချင်း အယ်လ်ဘမ်သည် ဗြိတိန်တေးသီချင်း အယ်လ်ဘမ်ဇယားတွင် နံပါတ် ၂ နေရာမှ ရပ်တည်လျက် ရှိသည်။ ဂလင်နာသည် Don’t Be So Hard On Yourself တေးသီချင်းဖြင့် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် နံပါတ် ၃ နေရာ၌  ရပ်တည်လျက် ရှိသည်။

ဂျတ်စတင်ဘီဘာ၏ What Do You Mean တေးသီချင်းသည် တစ်ကိုယ်တော် တေးသီချင်း  ဇယားတွင် နံပါတ် ၂ နေရာ၌ ရပ်တည်လျက် ရှိသည်။ ဂျတ်စတင်ဘီဘာ၏ What Do You Mean တေးသီချင်းသည် သီတင်းပတ် တစ်ပတ်ကြာပြီးနောက် နံပါတ်တစ်နေရာမှ နံပါတ် နှစ်နေရာသို့ ရောက်ရှိသွားခဲ့သော်လည်း အဆိုပါ တေးသီချင်းသည် ဗြိတိန်၏ တေးသီချင်းနားဆင်မှု စံချိန်ချိုး နေဆဲဖြစ်ပြီး ပြီးခဲ့သည့် ခုနှစ်ရက်က ကြည့်ရှုသူ ၃ ဒသမ ၈၇ သန်း စံချိန်တင်ခဲ့သည်။

Calvin Harris & Disciples သည် How Deep Is Your Love? တေးသီချင်းဖြင့်  ဗြိတိန် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် နံပါတ် ၃ နေရာမှ ရပ်တည်နေပြီး အဆိုတော် The Weeknd သည် Can’t Feel My Face တေးသီချင်းဖြင့် နံပါတ်  ၅ နေရာမှ ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly