ကျောင်းပြန်တတ်တော့မယ့် ပတ်ခ်ရှင်ဟေး

ကျောင်းပြန်တတ်တော့မယ့် ပတ်ခ်ရှင်ဟေး
တောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးသည် ယခု ပညာသင်နှစ်၏ နှစ်ဝက်...........

တောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးသည် ယခု ပညာသင်နှစ်၏ နှစ်ဝက် စာသင်ကာလ တွင် ကျောင်းပြန်တက်တော့မည် ဖြစ်ကြောင်းနှင့် ယခုအခါ ပက်ခ်သည် ကျောင်းစာများ လေ့လာရန် သာ အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း SALT Entertainment မှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ပက်ခ်ရှင်ဟေးသည် ၂၀၀၈ ခုနှစ်က ဂျောင်အန်တက္ကသိုလ်တွင် ပြဇာတ်နှင့် ရုပ်ရှင်ပညာကို စတင် သင်ယူခဲ့သည်။ ၂၀၀၉ ခုနှစ်က ရုပ်ရှင်လောကတွင် အောင်မြင်မှု ရရှိခဲ့ပြီးနောက် ကျောင်းနားခဲ့ ခြင်း ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ဘွဲ့ရရှိရေးအတွက် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ် သည်။

ပက်ခ်ရှင်ဟေးသည် ဖေဖော်ဝါရီလတွင် ၎င်း၏ နောက်ဆုံးစာသင်နှစ်ကာလ ပြီးဆုံးပြီးနောက် ဘွဲ့ယူရန် ပြင်ဆင်သွားမည် ဖြစ်သည်။ ပက်ခ်ရှင်ဟေးသည် မကြာသေးမီက ပထမဆုံးအကြိမ် အဖြစ် ပရိသတ်များ၏ အာရုံစိုက်မှုများကို အများအပြား ရရှိထားကြောင်းနှင့် ပက်ခ်သည်  tvN’s ရုပ်သံ၏ Three Meals, One Day ဇာတ်ကားတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင် ထားသည်။

ပက်ခ်ရှင်ဟေးသည် ၂၀၀၃ ခုနှစ်က Stairway to Heaven ဇာတ်ကားဖြင့် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့ပြီး You’rd Beautiful ဇာတ်ကားတွင် ဂိုမီနမ်အဖြစ် ပါဝင် သရုပ်ဆောင်ရာမှာ ပရိသတ်များ၏ အားပေးမှု တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly