ဆိုးလ် ဒရမ်မာဆုပေးပွဲတွင် လီယောင်အေးနှင့် လီမင်ဟိုတို့ Grand Prize of Hallyu Contribution ဆုရရှိ

ဆိုးလ် ဒရမ်မာဆုပေးပွဲတွင် လီယောင်အေးနှင့် လီမင်ဟိုတို့ Grand Prize of Hallyu Contribution ဆုရရှိ

၁၀ ကြိမ်မြောက် ဆိုးလ်ဒရမ်မာ ဆုပေးပွဲတွင် လီယောင်အေးနှင့် လီမင်ဟိုတို့သည် Grand Prize of Hallyu Contribution ဆုကို ရရှိခဲ့သည်။

၁၀ ကြိမ်မြောက် ဆိုးလ် နိုင်ငံတကာ ဒရမ်မာ ဆုပေးပွဲ အခမ်းအနားကို Sangam Culture Plaza တွင် စက်တင်ဘာ ၁၀ ရက်က ကျင်းပခဲ့ကြောင်းနှင့် အဆိုပါ ဆုပေးပွဲတွင် ကင်ဂျောင်အန်နှင့် လီဒေါင်ဝုခ်တို့က အစီအစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက်ခဲ့သည်။

အဆိုပါဆုပေးပွဲသည် နိုင်ငံတကာ ရုပ်မြင်သံကြား ဒရမ်မာလုပ်ငန်းများနှင့် ယဉ်ကျေးမှုတို့ အကြား အပြန်အလှန် အကျိုးပြုပုံကို မြှင့်တင်ရန် ကျင်းပသည့် ပွဲတစ်ပွဲဖြစ်ပြီး ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံတကာ ဒရမ်မာဆုပေးပွဲ တစ်ခုလည်း ဖြစ်သည်။

ဆိုလ်းဒရမ်မာ ဆုပေးပွဲတွင် နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ဒရမ်မာဇာတ်ကားပေါင်း ၂၁၂ ကား အဆိုပြု တင်သွင်းခဲ့ကြောင်းနှင့် ဂျာမန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Naked Among Wolves’ ဇာတ်ကားသည် ထိပ်တန်းဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly