ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီက ၎င်းတို့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီက ၎င်းတို့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၀ ။        ။ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီဥက္ကဋ္ဌ ဦးအေးကြိုင်က၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အားလုံးမင်္ဂလာပါ

ပါတီပေါ်ပေါက်လာပုံ။ ။ကျွန်တော်ရို့ ပါတီမထူထောင်မီ ရခိုင်ပြည်နယ်ရှိ မြို့နယ်(၅)ခုမှ ညီလာခံကဲ့သို့သော အချို့သောပုဂ္ဂိုလ်များနှင့် ဆွေးနွေးရာမှာ ၂၀၁၀ ပါတီထူထောင်ခွင့်ရချိန်တွင် တစ်ပါးသူကမှ လည်း ပါတီထူထောင်ရန် ပေါ်ပေါက်ခြင်းမရှိပါ၍ ပြည်နယ်ကိုယ်စားပြု ရခိုင်ပါတီတစ်ခုရှိသင့်သည်ဟု အဖြေထွက်ပေါ်ချက်အရ မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ရခိုင်ပြည်သူ ပြည်သားများအား အလုပ်အကျွေးပြုလုပ်လိုသည့်ဆန္ဒဖြင့် ပါတီထူထောင်ခွင့်အမှတ်စဉ်(၈)ဖြင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီအဖြစ် ထူထောင်ခြင်းဖြစ်ပါကြောင်း ဦးစွာပဏာမနှုတ်ခွန်းဆက်သလိုက်ရပါတယ်။

ကျွန်တော်ကတော့ ရခိုင်ပြည်နယ် အမျိုးးသားအင်အားစုပါတီဥက္ကဋ္ဌဦးအေးကြိုင်ဖြစ်ပါတယ်။

ပါတီ၏ လိုဂိုတံဆိပ်မှာ သဇင်(နှစ်ခက်) ဖြစ်ပါတယ်။ သဇင်ပန်းတို့၏ သဘာဝမှာ လောင်းရိပ်မပွင့် ပင်မြင့်ပွင့်သော ပန်းဖြစ်သလို ရခိုင်တို့၏အထွက်အထိပ်ပန်းတစ်ပွင့်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီကလည်း မည်သည့်အဖွဲ့စည်းလက်အောက်ခံမှ မဟုတ်ဘဲ ရခိုင်ပြည်နယ်ရဲ့ ကံကြမ္မာကိုပြောင်းလဲဖြစ်ပေါ်တိုးတက်နိုင်ရန် ရခိုင်သားများရို့နှင့် သုတေသနပြုဝိုင်းဝန်း အဖြေရှာဆောင်ရွက် သွားဖို့ဖြစ် ပါတယ်။

ပါတီအလံ - ပါတီ၏အလံမှာ ထိပ်ဆုံးထောင့်စွန်တြိဂံပုံအဖြူရောင်၌ဒန်းဂါးတစ်ဆိပ်တို့မှာ ရခိုင်ပြည်နယ်သင်္ကေတတံဆိပ်နှင့် ဖြူစင်သန့်ရှင်းခြင်းကို ဖော်ဆောင်ပြီးအလံ၏အထက်နား အနီရောင်မှာ ရဲရင့်ခြင်း၊ ဇွဲသတ္တိရှိခြင်းကို ဖော်ဆောင်လျက် အလံ၏အောက်နား အပြာရောင်မှာ စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်ကာ အလံ၏အလယ်တည့်တည့် ကြယ်ဖြူလေးလုံးမှာ ရခိုင်ပြည်နယ် ရှိလေးဝတီသား များအားလုံး  ဖြူစင်သော သဘောထားနှင့်ညီတူညီမျှရှိကြသည်ကို ဖော်ဆောင်ခြင်းပင် ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီသည် ရခိုင်ပြည်နယ်အား ကိုယ်စားပြု ၂၀၁၀ ခုနှစ်တွင် ဦးစွာထူထောင်ပေါ်ပေါက်ခြင်းကြောင့်  ပြည်တွင်းပြည်ပ အစိုးရအဖွဲ့အစည်းများ၊ အသင်းအဖွဲ့အစည်းများ၊ အခြားသောနိုင်ငံရေး ပါတီများမှငွေကြေးကဏ္ဍ ဆက်စပ်ကမ်းလှမ်းခြင်းများရှိကောင်းရှိနိုင်သည်မှာ အမှန်ပင် ဖြစ်သော်လည်း သဇင်ပန်းတို့၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အညီ သစ္စာစောင့် သိစွာဖြင့် နည်းပရိယာယ်အားဖြင့်သော် လည်းကောင်း၊ ကိုယ်ကျိုးဖက်လို၍

သော်လည်ကောင်း တစ်စုံတစ်ရာဖောက်ဖျက်ကျူးလွန်ခြင်းမရှိ ရှောင်ကြဉ်လျက် တစ်ဖက်မှ ဖိအားပေးကြိုးဆွဲခံကင်းဝေးကာ မိမိတို့ခြေမှာ မိမိတို့ရပ်တည်လာခဲ့ခြင်းကြောင့် ရန်ပုံငွေအားနည်းပါ၍  ရခိုင်ပြည်နယ်အတွင်း ကျယ်ပြန့်နှံ့စပ်အောင် မဆောင်ရွက်နိုင်ခဲ့ခြင်းမှာ အမှန်ပင်ဖြစ်ပါတယ်။အခုလို ထုတ်ဖော်ပြောဆိုရခြင်းမှာလည်း တစ်ဖက်မှ ထူထောင်ထားသောပါတီတစ်ခုလိုလို၊ အစိုးရက ခိုင်းစေ၍ မဲကွဲအောင်လုပ်နေသလိုလို ပုတ်ခတ်ပြောဆြိုခင်းများ ရှိနေခြင်းကြောင့် ပြည်သူတွေ သူခိုးအိမ်ကအိမ်ရှင်၊ အိမ်ရှင်ကသူခိုး ဟုတ်နိုးနိုး ယောင်ဝါးဝါးမဖြစ်ရလေအောင် အခွင့်ကြုံုခိုက် လူသိရှင်ကြား တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ယင်းကြောင့် ရခိုင်ပြည်နယ်အရေး

သစ္စာ သမာဓိရှိရှိ ဝိုင်းဝန်းအဖြေရှာဆောင်ရွက်လိုသူများ ဤသဇင်နှစ်ခက်ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီနှင့် ဆက်စပ်ပူးပေါင်းပါဝင်ကြပါရန်ကိုလည်း နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။ပါတီ၏ ရည်ရွယ်ချက်/ယုံကြည်ချက်/လမ်းစဉ်သဘောထားပါတီ၏ ရည်ရွယ်ချက်မှာ တစ်ပါတီအာဏာရှင်စနစ်မှ အရပ်ဘက်ပြည်သူ့အုပ်ချုပ်ရေး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရန်နှင့် အားလုံးပွင့်လင်းမြင် သာစွာပါဝင်နိုင်သည့် ဒီမိုကရေစီအစိုးရ၏ ဦးဆောင်မှုဖြင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလျက် ပိုမိုရင့်ကျက်သည့် လူနေမှုဘ၀ စနစ်တကျအမြန်ဆုံး ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါတယ်။

ပါတီ၏ယုံကြည်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံသည် ကျွန်တော်တို့လိုလားသည့် ဒီမိုကရေစီ စနစ်တစ်ရာ ရာနှုန်းပြည့်ပြီး ပြည့်စုံသည်ဟူ၍ မဟုတ်ပါ။ပေါ်ပေါက်လာမည့် အများပြည်သူမှရွေးချယ်ပေး လိုက်သောပြည်သူ့ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြင်ဆင်ဖြည့်စွက်ခြင်းဖြင့် အများပြည်သူများလိုလားတောင်းတနေသည့် အမျိုးသာ းပြန်လည်ရင်ကြားစေ့ရေးနှင့် တန်းတူညီမျှသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလျက် ဒေသအသီးသီး ညီတူညီမျှဖွံ့ဖြိုးတိုးတက်မှုကို ရရှိခံစားကြရမည်ဟု ယုံကြည်ပါတယ်။

ပါတီ၏လမ်းစဉ်မှာ ငြိမ်းချမ်းရေးလမ်းစဉ်ပင်ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူတို့ရဲ့ လက်ရှိပကတိ ဘက်ပေါင်းစုံလိုအပ်နေသော အရာများကို အခြားသောပါတီများနှင့် မိတ်ဖွဲ့ကာ တူညီသည်များကို လက်တွဲပူးပေါင်းလျှက် မတူညီသည်များကို ဆက်လက်အဖြေရှာဆွေးနွေးဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ထာဝစဉ်ရရှိသည် အထိ ဆောင်ရွက်သွားဖို့ပင်ဖြစ်ပါတယ်။

လက်ရှိတွင်လည်း ကျွန်တော်တို့ပါတီမှ ၅၆ ပါတီကိုယ်စားပြု ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးမူဘောင်ရေးဆွဲရေး (၁၅)ပါတီထဲတွင် ပါဝင်ဆောင်ရွက်လျက်ရှိနေပါတယ်။

ပါတီသဘောထား။   ။ကျွန်တော်တို့ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီသည် ဖွဲ့စည်းပုံအရ ပါဝင်လုပ်ဆောင်ခွင့်ရရှိပါက တိုင်းနှင့်ပြည်နယ်အသီးသီးနှင့် ညီတူညီမျှဖြစ်စေမည့် ရခိုင်ပြည်နယ်အတွက် အောက်ပါမူဝါဒ လမ်းစဉ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

၁။ ကျွန်တော်တို့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးရှိပြည်သူလူထုလိုလားသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၊အစိုးရ၊တပ်မတော်၊ တရားဝင်ပါတီဝင်အားလုံး၊တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံး၊ လူထုလူတန်းစား အတတ်ပညာရှင်၊ အသိပညာရှင် လိုအပ်လျှင် လိုအပ်သလို ပါဝင်ခြင်းဖြင့် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

၂။ ရခိုင်ပြည်နယ်တွင် ကြုံကြိုက်ခဲ့ကြရသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာကို သူတစ်ပါးကဖိအားပေးမှု၊ ခြိမ်းခြောက်တောင်းဆိုမှု ပြုလုပ်သော မည်သည့်အဖွဲ့အစည်း၊မည်သည့်နိုင်ငံကိုမဆို ပြည်သူအားဖြင့် တွန်းလှန်သွားရန်ဖြစ်ပါတယ်။

၃။ ကျွန်တော်တို့ပါတီကိုယ်စားပြုသည့် ရခိုင်ပြည်နယ်သည် နိုင်ငံအတွင်းအဆင်းရဲဆုံး ပြည်နယ်တစ်ခုအဖြစ် ရပ်တည်နေရသလို တခြားသော တိုင်းနဲ့ပြည်နယ်တိုင်းရင်းသားတွေရဲ့ အမျိုးသားရေး၊ အခက်အခဲပဋိပက္ခမှ လွတ်မြောက်စေရန် အထက်မှာဖော်ပြခဲ့သော ဖွဲ့စည်းပုံပြောင်းလဲဖြစ်ပေါ်လာစေခြင်းဖြင့်မိမိတို့နှင့်ပတ်သက်သည့် ရခိုင်ဒေသမှလည်း မြေပေါ်မြေအောက်ထွက်ရှိသော သယံဇာတအား ပြည်ထောင်စုအစိုးရနှင့်ခွဲဝေသည့်စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

၄။ ရခိုင်ပြည်နယ်မှ မြောက်မြားစွာသော အဝေးရောက်အလုပ်ရှာ ထွက်ခွာသွားကြသည ရခိုင်ပြည်သူ/ပြည်သားများအား မိမိဒေသအတွင်းသို့ ပြန်လည်ရောက်ရှိလာနိုင်စေရန်၊ ပြည်နယ်အတွင်း အလုပ်အကိုင်များ ဖန်တီးဖော်ထုတ်ရန် စက်မှုဇုန်နှင့်ဖြစ်နိုင်ခြေစက်ရုံများ ဖြစ်ပေါ်လာအောင် ပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးရတို့ပူးပေါင်းအားထုတ်ဖို့ပဲဖြစ်ပါတယ်။ ပါတီသည် လူမှုရေး/နိုင်ငံရေး/စီးပွားရေး/တောင်သူလယ်သမားရေး/ ပညာရေး/ အလုပ်သမားရေး/ကျန်းမာရေး အခြားသော ကိစူ္စရပ်များနှင့် ပတ်သက်လို့ ပါတီဖွဲ့စည်းပုံစာအုပ်ထဲမှာ ရေးသွင်းဖော်ပြထားပြီးဖြစ်ပါတယ်။ အခုကတော့ အချိန်နှင့်တစ်ပြေးညီ ပြောဆိုရသည့်အတွက် လိုရင်းတိုရှင်း ပန်ကြားသွားဖို့ ဖြစ်ပါတယ်။

ကျန်းမာရေး၊ ပညာရေး၊တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေးနှင့်ပတ်သက်လို့ လက်ရှိတွင် လိုအပ်နေသော အရာများအား အကောင်းဆုံးပြောင်းလဲတိုးတက်ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနှင့်ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် ခိုးဝင်လာခြင်းအား တားဆီးကာကွယ်နိုင်အောင် ထိန်းသိမ်းကြပ်မတ်ခြင်းနှင့်နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်း၊ ရုပ်သိမ်းခြင်း၊ သန်းခေါင်စာရင်းတို့ကို တိကျစွာကြိုးပမ်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

ရခိုင်ပြည်သူ ပြည်သားအပေါင်းတို့ ကျွန်တော်တို့ ရခိုင်လူမျိုးများသည်ရိုးသားပွင့်လင်းကြပါတယ်။ ရိုးသားပွင့်လင်းခြင်းကို အခွင့်ကောင်းယူကာနည်းပရိယာယ်အသုံးချခြင်းများအပေါ် မကျရောက်လေအောင် အကန်းယုံအရမ်းယုံ မယုံကြဘဲ လက်တွေ့ကျကျလေ့လာသုံးသပ်ခြင်းဖြင့် အဖြေရှာဆောင်ရွက်ကြပါလို့ တိုက်တွန်းပန်ကြားလိုပါရေ။

နိဂုံးချုပ်အနေဖြင့် ပန်ကြားလိုတာကတော့ ယခုပေါ်ပေါက်လာမည့်(၂၀၁၅)ရွေးကောက်ပွဲကာလမှာ အများပြည်သူရွေးချယ်ပေးရမှာကတော့၂၀၁၆ ခုနှစ် အာဏာသုံးရပ်တွင် တာဝန်ယူဆောင်ရွက်ကြရမည့် ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ ယင်းကြောင့် တိုင်းပြည်အကျိုး၊ဒေသခံအကျိုးများကို အမှန်တကယ်အပြောနှင့်အလုပ် ၊အလုပ်နှင့်အပြော ညီမျှသသည့်  ပုဂ္ဂိုလ်များဖြစ်ပြီး မိမိတို့အား အလုပ်အကျွေးပြုမည့်  အရည်အချင်းပြည့်ဝသူများအားအသည်းထဲက မဲတစ်ပြားကို ဉာဏ်နှင့်ယှဉ်ကာ မဲပေးပြုလုပ်ကြပါလို့ပန်ကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။

အလင်းသစ်မော်ကွန်း(၁)

တေးရေး- လူငြိမ်းခိုင်၊ တေးဆို-သားသျှေ

တေးဂီတ-စန္ဒရားသန်းဝင်းနိုင်(မဟာနွယ်)

CHO; (ရက္ခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ)၂

VI       အာရိယန်ရို့ ဂန္တဝင်သမိုင်းအမွီ ဘိုးဘွားစိုင် ဆက်ထိန်းသိမ်းဓရေမြီ

သာကီနွယ်ရို့ အောင်လံဝင့်ချီ ငြိမ်းချမ်းရေးအတွက် လမ်းပြဖို့ပါတီ

CHO  (ရက္ခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ)၂

VII     ပြည်ရက္ခိုင်အဝှမ်း အေးချမ်းဖွံ့ဖြိုးအောင် ဒီမိုကရေစီတည်ဆောက်

ကတ်မည်

ချမ်းအတူပူအမျှ ရကူခိရရို့ နှလုံးအိမ် အမျိုးစောင့် တရားထင်ရှား

နိုးကြားလီ

CHO  (ရက္ခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ)၂

VIII ဂုဏ်ရောင်မော်ကွန်း ထွန်းပလခြမ်းမြီရက္ခိတရို့အားမာန်ချီ

အမျုးိ ဘာသာအတွက်စည်း လုံးလက်တွဲညီ ရက္ခိုင်စည်သံနဲ့ ပြည်ကြီး

နိုးထလီ

CHO  (ရက္ခိုင်ပြည်  အမျိုးသားအင်အားစုပါတီ)၅

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

 ၁။  ပါတီအမည်  -  ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
 ၂။  ပါတီအမည်(English)  -  Rakhine State National United Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၈.၄.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၅ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအေးကြိုင်၊ ဦးတင်မြင့်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၄.၅.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၁.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၀.၅.၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၈)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးအေးကြိုင်၊ ဦးမောင်တင်(တွဲ-တွင်း/တွင်းမှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

 အမှတ်(၅၄)၊(၁၄/၂)ရပ်ကွက်၊ ရွှေပြည်စိုးလမ်း၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၂၁၀၉၅၈၃၃(ဦးအေးကြိုင်)၊ ၀၉-၄၂၀၁၀၄၂၄၅(ဦးညီညီ)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly