ဘန်ကောက်ဗုံးဖောက်ခွဲမှုကို စီစဉ်ခဲ့သူအား ဖမ်းဆီးနိုင်ရန် ထိုင်းက တရုတ်သို့ အကူအညီတောင်း

ဘန်ကောက်ဗုံးဖောက်ခွဲမှုကို စီစဉ်ခဲ့သူအား ဖမ်းဆီးနိုင်ရန် ထိုင်းက တရုတ်သို့ အကူအညီတောင်း

ဘန်ကောက်မြို့အတွင်းဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုအား ကြိုးကိုင်လှုပ်ရှားခဲ့ပြီး တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားသည်ဟု ယူဆခံထားရသူအား ရှာဖွေဖမ်းဆီးနိုင်ရန် ထိုင်းအစိုးရက တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ အကူအညီတောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သံရုံးက ထိုင်းအစိုးရသို့ ပေးပို့ခဲ့သည့် သတင်းတွင် ဗုံးဖောက်မှုဖြင့် သံသယရှိသူ အဗ္ဗဒူစတာအဗ္ဗဒူရာမန် ခေါ် အီဇန်ဆိုသူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ဆက်လက် ထွက်သွားကြောင်း ဖော်ပြထားပြီး အဆိုပါ သတင်း အား အတည်ပြုနိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့၏ ပြည်ပရေးရာဌာနမှ တစ်ဆင့် တရုတ်အာဏာပိုင်များထံ အကူအညီတောင်းရန် တာဝန်ပေးအပ် ပြီးဖြစ်ကြောင်း ရဲမှူးကြီး ပရာဝတ်သာဝန်ဆီရီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required