Toronoto ရုပ်ရှင်ပွဲတော်ကို Demolition ဇာတ်ကား ဖြင့် ဖွင့်လှစ်

Toronoto ရုပ်ရှင်ပွဲတော်ကို Demolition ဇာတ်ကား ဖြင့် ဖွင့်လှစ်

နယူးယော့ခ်၊ စက်တင်ဘာ ၁၁ ။          ။ အကြိမ်လေးဆယ်မြောက် Toronto နိုင်ငံတကာ ရုပ်ရှင်ပွဲတော်(TIFF ) ကို အမေရိကန် သရုပ်ဆောင်မင်းသား ဂျိတ်ခ်ဂျန်လန်ဟဲလ် ပါဝင် သရုပ်ဆောင်ထားသော Demolition ဇာတ်ကားဖြင့် ဖွင့်လှစ်ခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဂျိတ်ခ်ဂျန်လန်ဟဲလ်သည် ဇနီးဖြစ်သူ ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့ ပြီးနောက် အောင်မြင်သော ရင်းနှီးမြှပ်နှံမှု ဘဏ်လုပ်ငန်းရှင်အဖြစ် ကြိုးစား ရုန်းကန်ခဲ့သူတစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။

Demolition ဇာတ်ကားကို  ပြင်သစ်-ကနေဒါနိုင်ငံသား ဒါရိုက်တာ ဂျင်မက်စ်ဗာလီက ရိုက်ကူးထားပြီး နာအိုမီဝပ်၊ ခရစ်ကော့ပါးနှင့် မျက်နှာသစ် သရုပ်ဆောင် ဂျူဒက်ရှ်လူးဝစ်တို့ ပါဝင် သရုပ်ဆောင် ထားသည်။

“ ဒီ ဇာတ်ကားဟာ ကျွန်တော် နောက်ဆုံးရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်တယ်။ ရော့ခ်တေး ဂီတရဲ့ ရှေးဦးမူလ အစပုံစံအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တယ်။ ဒီညမှာတော့ ခင်ဗျားတို့ ရော့ခ်ဂီတ အငွေ့အသက်တွေကို ရရှိမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု Demolition ဇာတ်ကားကို ပွဲဦးထွက်မိတ်ဆက်စဉ်  ဗာလီက ပြောကြားသည်။

ဗာလီက ဇာတ်ကားတွင် ဂျန်လန်ဟဲ၏ သရုပ်ဆောင်မှုကို ချီးကျူး ပြောကြားခဲ့သည်။ “ ဒီဇာတ် ကားမှာ မင်းသားဂျန်လန်ဟဲ၏ သီဆို ကခုန်မှုတွေကို တွေ့မြင်ရမှာပါ။ သူရဲ့သရုပ်ဆောင်ချက်တွေဟာ အချိန်တိုင်းလိုလို ကျွန်တော့်ကို အံအားသင့်စေပါတယ်” ဗာလီက ပြောကြားသည်။

Demolition ဇာတ်ကားသည်  Dallas Buyers ဇာတ်ကားပြီးနောက်  ဒါရိုက်တာဗာလီအတွက် TIFF သို သုံးနှစ်ဆက်တိုက် ပါဝင်ပြသခွင့်ရသည့် ဇာတ်ကားဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်နှစ်က TIFF တွင် ပြသခွင့်ရခဲ့သည့် ၎င်း ရိုက်ကူးထားသော Wild ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သော ရီဆေးဝဲသာပွန်သည် အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required