ဒီမိုကရက်တစ်ပါတီ(မြန်မာ) မူဝါဒနှင့် လမ်းစဉ်များ ဟောပြော

ဒီမိုကရက်တစ်ပါတီ(မြန်မာ) မူဝါဒနှင့် လမ်းစဉ်များ ဟောပြော

နေပြည်တော် စတင်ဘာ ၉ ။         ။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် ချစ်ခင်လေးစားရပါသော မိဘပြည်သူများ၊ အစ်ကို အစ်မ၊ မောင်/ညီမ အပေါင်းတို့ရှင်-

ရှေးဦးစွာ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကျင်းပဖို့ လက်တစ်ကမ်းအလိုရောက်နေပြီဖြစ်တာကြောင် ့နိုင်ငံရေးပါတီတွေကို မိဘပြည်သူများအကဲခတ်ကောင်းခက်ကြပါလိမ့်မယ်။ အလားတူပနိုင်ငံရေး သမားတွေကိုလည်း လေ့လာသုံးသပ်ကြမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုယ်စားလှယ်

လောင်းရွေးချယ်အခါ ဘယ်လိုအ ရည်အချင်း မျိုး သတ်မှတ်ရွေးချယ်သလဲဆိုတဲ့ မေးခွန်း ကိုလည်းမကြာခဏမေးမြန်းကြပါတယ်။ အမှန်စင်စစ် ကျွန်မတို့ပါတီဟာ ရိုးသားမူအပေါ်အခြေခံတဲ့ပါတီဖြစ် တာကြောင့်   ရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာလည်း   ရိုးသားမှုကအဓိကပါ။ မိမိရောက်ရှိတဲ့အရပ်ဒေသပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်သူ၊ မိမိပါတီ အပေါ်သစူ္စာစောင့်သိသူဖြစ်ဖို့ လိုအပ်သလိုပညာအရည်အချင်းအနေနဲ့ အနိမ့်ဆုံးတကူ္ကသိုလ်ဝင်တန်းအောင်မြင်ဖို့တော့လိုအပ်ပါတယ်။ ဒါမှလည်းး မြန်မာနိုင်ငံသားအားလုံး လူဖြစ်ကျိုးနပ်စေဖို့ဆိုတဲ့ ကျွန်မတို့ရဲ့အန္တိမရည်မှန်းချက်ကို ပါတီဝင်တွေအားလုံး တက်ညီလက်ညီ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေ လူဖြစ်ကျိုးနပ်စေဖို့ဆိုတာ ဘယ်လိုအဓိပူ္ပာယ်ဖွင့် ဆိုမလဲ။ နိုင်ငံသူ နိုင်ငံသားတိုင်း စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတို့မှာနိုင်ငံတစ်ကာအဆင့်မှီ၊ လူတန်းစေ့လွတ်လွတ် လပ်လပ်၊ လုံလုံခြုံငြိမ်းချမ်းစွာ အကျိုးခံစားနိုင်ဖို့ လိုအပ်ပါတယ်။မြန်မာနိုင်ငံတစ်ဝန်းက     ကလေးလူငယ်အပေါင်းအတွက်  ထွန်းတောက်တဲ့ အနာဂတ်ရရှိဖို့လည်း လိုအပ်ပါတယ်။  ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ကျင်းပပြီးမြန်မာနိုင်ငံ ဒီမိုကရေစီစနစ် စနစ် ပြန်လည်ထွန်းကားဖို့ အကောင်ထည်ဖော် ဆောင်ရွက်လျှက်ရှိပါတယ်။

ရာစုနှစ်ထက်ဝက်နီးပါး ဒီမိုကရေစီစနစ် ဆိတ်သုဉ်းခဲ့တာကြောင့် ကာလတို ၄-၅ နှစ်အတွင်း ဒီမိုကရေစီပီပီပြင်ပြင် ပြန်လည်ထွန်းကားပြီလို့မပြောနိုင်သေးပါ။ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ခါစ နုနုနယ်နယ် ရှိပါသေးတယ်။  အခုလို နိုင်ငံတော်တည်ဆောက်ရေးကာလမှာ   အမျိုးသားရေးအဖြစ် ပါတီစွဲ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတွေကိုဘေးဖယ်ပြီး မိမိပိုင်ရာနိုင်ရာ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ရေးဟာ အရေးကြးီလှပါတယ။် အမျုးိသားရေးအဖြစ် တာဝန်ယူဆောင်ကြပေမယ့် သဘောထားကလွဲ မှုရှိနိုင်သလို ပြသူသနာတွေလည်ပေါ်ပေါက်နိုင်ပါတယ်။ အဲဒီလို ပေါ်ပေါက်လာတဲ့သဘောထားကွဲလွဲမှုတွေကို စေ့စပ်ညှိနှိုင်းမှုတွေဆုံဆွေးနွေးမှု  အပေးအယူပြုလုပ်မှုတွေနဲ့ အတတ်နိုင်ဆုံး အဆောတလျှင် ဖြေရှင်းပါမှ သသာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရာမှာ တရားမျှတမှုရှိရေးဟာ အဓိကဖြစ်ပါတယ်။ အသက်သွေးချွေးပေးပြီး လက်ဆင့်ကမ်းရင်း လွတ်လပ်ရေးရယူ သွားကြတဲ့ မြန်မာ့ခေါင်းဆောင်ကြီးများနဲ့ ပြည်သူ အပေါင်းတို့ကို လေးစားချစ်ခင်ကြည်ညိုသောအားဖြင့် လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းကြသလို အခု ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရာမှာလည်း လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်း ပြီးမြန်မာပြည်သူအားလုံးပါဝင်ကြရမှာဖြစ်ပါတယ်။

အချို့နိုင်ငံရေးသမားတွေဟာ အာဏာမရမီ တရားမျှတရေးကို ရှေ့တန်းတင်ခဲ့ကြပေမယ့်အာဏာရရရှိပြီးတဲ့အခါမှာ မိမိဆွေမျိုးသားချင်းအတွက်၊ မိမိလူမျိုးစုအတွက် စသဖြင့် မိမိပတ်ဝန်းကျင်က ရုန်းမထွက်နိုင်အောင်ဖြစ် ခဲ့ကြတာ ကမ္ဘာအနှံတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တရားမျှတမှု ကိုရှေ့တန်းတင်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ကို အမီအရဆုပ်ကိုင်ထားရမှာဖြစ်ပါတယ်။

လေးစားရပါသော မိဘပြည်သူအပေါင်းတို့ရှင်မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြစ်တွယ်ပြီး ပီပီပြင်ပြင်ခိုင်မြဲစေရေး အတွက် အရေးကြီးဆုံးဟာ အမျိုးသားစည်းလုံးညီညွတ်ရေးရရှိဖို့ပဲဖြစ်ပါတယ်။

ဆိုတာ မိဘပြည်သူများ သိရှိပြီးဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးစည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြစ်ကြဖို့ လိုအပ်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်မှုမရရှိစေဘဲ စစ်မှန်တဲ့ဒီမိုကရေစီ မရနိုင်ပါ။ အမျိုးသားစည်းလုံးညီညွတ်ရေးလို့ဆိုရာမှာ လူတစ်ဦးချင်း၊နိုင်ငံရေးပါတီအချင်းချင်း ယုံကြည်မှု

တည်ဆောက်ဖို့တော့ လိုအပ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ရာမှာလည်း အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ကျကျ တည်ဆောက်ကြရမှာဖြစ်ပါတယ်။

ခက်ခဲတဲ့ကိစ္စတော့မဟုတ်ပါ။ အဖျက်သမားတွေရဲ့ သွေးကွဲစေတဲ့လုပ်ရပ်မျိုး၊ သွေးကွဲစေတဲ့အပြောဆိုမျိုးမှာ မိမိကိုယ်တိုင် မနစ်မျောစေဖို့ဘဲ ဖြစ်ပါတယ်။

အဲဒါအပြင် ယခင်အတိတ်ကာလက ချစ်ခင်ရင်းနှီးမှုရှိခဲ့ကြတဲ့ သာဓကတွေကို သိရှိထားပြီးသူတွေက မသိရှိသေးတဲ့ နောင်လာနောက်သားတွေအတွက် မကြာခဏဆိုသလို လက်ဆင့်ကမ်းပြောကြားပေးနိုင်ရင်လည်း ထိရောက်မှု ရှိနိုင်မှာပါ။

ဥပမာ- သီပေါမင်းကိုအင်္ဂလိပ်တွေဖမ်းသွားတုန်းကမဟာမြတ်မုနိဘုရားကြီးပရိဝုဏ်ထဲက လူငါးရာနဲ့ ဓားထမ်းပြီး သီပေါမင်းကိုပြန်လုဖို့ စောင့်နေကြတဲ့ အဖွဲ့ခေါင်းဆောင်ဟာ ညောင်ရွှေစော်ဘွားကြီး ပဲဖြစ်ပါတယ်ဆိုတဲ့ အတိတ်သမိုင်းကြောင်းမျိုးကို မျိုူးဆက်သစ်တွေဆီလက်ဆင့်ကမ်းပြောကြားရမှာ ဖြစ်ပါတယ်။

 အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့အတူ အရေးတကြီးလိုအပ်နေတာကတော့ ပြည်တွင်းငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးပေမယ့် ပြည်ပ ပယောဂကြောင့် ငြိမ်းချမ်းမှှုမရှိတဲ့ အနေအထားရှိနေပါတယ်။ လွတ်လပ်ရေးရပြီး တစ်တိုင်းပြည်လုံးနီးပါး ဆူပူသောင်းကျန်းမှုတွေဖြစ်ခဲ့ရပါတယ်။ အဲဒီလို ဖြစ်ခဲ့တဲ့ကြားက မြန်မာနိုင်ငံဟာ အာရှရဲ့

စပါးကျီအဖြစ် စီးပွားရေးခိုင်မာတောင့်တင်းခဲ့ပြီးကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်နိုင်ငံဖြစ်ခဲ့ပါတယ်။ ပညာရေးဘက်မှာလည်း ကမူဘာ့အဆင့်မီ တက္ကသိုလ်ကောလိပ်ကျောင်းကြီးတွေ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေတောင် ပညာတော်သင်စေလွှတ်ပြီး ပညာဆည်းပူးရတဲ့ အခြေအနေရှိခဲ့

ပါတယ်။ ငြိမ်းချမ်းမှုသာရှိမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ပညာရေးစသဖြင့် ဘက်စုံအံ့မခန်းတိုးတက်နေပြီဖြစ်ပါတယ်။ အခုလည်းနောက်မကျသေးပါဘူး။ ဒီမိုကရေစီပြန်လည် ထူထောင်ရေးကာလမှာမြန်မာပြည်သူတစ်ရပ်လုံးသွေးစည်းညီညွတ်ပြီးကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင်ကမ္ဘာ့အဆင့်မီနိုင်ငံအဖြစ် ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ကျွန်မတို့ရဲ့ အိမ်နီးခြင်းနိုင်ငံ တစ်ချို့ဟာ သဘာဝသယံဇာတအရင်းအမြစ် ချို့တဲ့ ကြတယ်။ ဒါပေမယ့် အမျိုးသားတစ်ရပ်လုံး ညီညွှတ်ရေးအင်အား တောင့်တင်းတာကြောင ကမ္ဘာထိန်းတန်းနိုင်ငံတွေ ဖြစ်ကုန်ကြပါပြီ။

မိဘပြည်သူအပေါင်းတို့ရှင်-

ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး၊ အမျိုးသားစည်း လုံးညီညွတ် ငြိမ်းချမ်းရေးဆိုတဲ့ အဓိကအရေးကြီးတဲ့တဲ့ ကိစ္စကြီး(၃)ရပ်/ ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ပြည်သူ့ ကိုယ်စားလှယ်များရွေးချယ်ဖို့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး နီးသထက်နီးကပ်လာပြီ ဖြစ်ပါတယ်။ မိဘပြည်သူများ

ကိုယ်စားလှယ်များ အရွေးမှန်စေဖို့ အင်မတန်အရေးကြီးပါတယ်။ ပါတီတံဆိပ်ကိုပဲကြည့်ပြီး ကိုယ်စားလှယ် ရွေးချယ်မလား၊ ဒါမှမဟုတ် လူပုဂ္ဂိုလ်ကိုပဲကြည့်ပြီး ကိုယ်စားလှယ် ရွေးချယ်မလား၊ ဒါမှမဟုတ် ကိုယ်စားလှယ်ကောင်း အရည်အသွေး၊ ပါတီသမိုင်းကြောင်း ပါတီရဲ့ မှုဝါဒကိုလေ့လာပြီး ရွေးချယ်မလား။

မိဘပြည်သူအပေါင်းတို့ရှင်ကျွန်မတို့ရဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကတော့ လူဖြစ်ကျိုးနပ်စေဖို့ဆိုတဲ့ ရည်မှန်းချက်ဆောင်ပုဒ်နဲ့အညီ ပါတီသင်္ကေတတံဆိပ်က သရုပ်ဖော် ထားပြီးဖြစ်ပါတယ်။ ရွှေဝါရောင်နောက်ခံမှာ အနီရောင်ကြယ်(၁၄) လုံး

ဝန်းရံထားတဲ့ ''က'' ဒေါင်းစိမ်းကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒေါင်းငှက်တွေဟာ ပျော်ရွှင်မြူးထူးတဲ့အခါ ''က'' တတ်ကြတဲ့အတွက် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းလည်း စိတ်ချမ်းမြေ့စွာနဲ့ပျော်ရွှင်မြူးထူး ရရှိပါစေဆိုတဲ့ သရုပ်ဖော်ဖြစ်ပါတယ်။ ရွှှေဝါရောင်နောက်ခံကတော့ နိုင်ငံတော်ရဲ့မြေပေါ်မြေအောက် သယံဇာတများနှင့် ပြည့်စုံပြီး ချမ်ကြွယ်ဝခြင်းကိုဖော်ညွှန်းပါတယ်။ အနီရောင် အရွယ်တူ ကြယ် (၁၄) လုံးက တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုသည် တန်းတူညီမျှ တစ်ပြေးညီရှိခြင်းကို ပြဆိုပါရှင်။

လေးစားအပ်တဲ့ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

ကျေးဇူူးတင်ပါတယ်ရှင်

''ဒီမိုကရက်တစ်ပါတီ------လာပြီ''

တေးရေး-ကိုသက်(ဒီမိုကရက်တစ်) တေးဆို- ဒီမိုကရက်တစ်(အဖွဲ့သားများ)

ငြိမ်းချမ်းရေးချိုးငှက်သံတွေဝေစည် ပြည်သူတွေအေးချမ်းစေဖို့ရာ

ပေါင်းစုလို့လာပြီ တိုးတက်ဖို့ မြန်မာပြည်လာပြီ ဒီမိုကရက်တစ်ပါတီ

မြန်မာပြည်တိုင်းရင်းသားသွေးချင်းညီအစ်ကိုတွေ ဒီမိုကရေစီရရှိစေဖို့ရာ

အင်အားအပြည့်နဲ့လာပြီ အများအကျိုးအတွက် ပါတီလာပြီ

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်

ပြည်သူတွေ လူတန်းစေ့နေဖို့ရာ မြင်နေပြီ ငြိမ်းချမ်းရေးရဲ့

ရောင်ခြည် အေးချမ်းတဲ့ နိမိတ်ဆောင်တဲ့ပါတီ

သမိုင်းတစ်ခေတ်အတွက် ဆန်းသစ်လာမယ့်ပါတီ

ခြေခံလွှာလူတန်းစားပေါင်းစုံအတွက် ရှေးရှုးလို့လာပြီ အကျိုးပြုမယ့်ပါတီ လာပြီ ဒီမိုကရက်တက်ပါတီ မြန်မာပြည်

ဒီမိုကရက်တက်ပါတီ(မြန်မာ)

 ၁။  ပါတီအမည်  -  ဒီမိုကရက်တက်ပါတီ(မြန်မာ)
 ၂။  ပါတီအမည်(English)  -  Democratic Party (Myanmar)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၃၀.၃.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၂၀ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးသုဝေ၊ ဒေါ်သန်းသန်းနု
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၉.၄.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၁.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၀.၅.၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးသုဝေ၊ ဒေါ်သန်းသန်းနု(တွင်း/မှုးချုပ်)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

အမှတ်(၄၆၅)၊သိမ်ဖြူလမ်း၊ဖို့မြေရပ်ကွက်၊မင်္ဂလာတောင်ညွန့်မြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီး။

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၈၀၂၀၂၅၄၊၀၁-၅၄၁၆၄၉(ဒေါ်သန်းသန်းနု)၊ ၀၉၅၀၈၄၉၆၃
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly