ဘရစ်တနီစပီးယား စေ့စပ်ထားတဲ့ ရည်းစားဟောင်း၏ သူငယ်ချင်းနဲ့ တွဲနေပြီလား

ဘရစ်တနီစပီးယား စေ့စပ်ထားတဲ့ ရည်းစားဟောင်း၏ သူငယ်ချင်းနဲ့ တွဲနေပြီလား

အမေရိကန်ပေါ့ပ်ကြယ်ပွင့် ဘရစ်တနီစပီးယားကို သီတင်းပတ်ကုန်က လတ်စ်ဗီးဂတ်စ်မြို့ရှိ နိုက်ကလပ်တစ်ခုတွင် စေ့စပ်ထားသော ရည်းစားဟောင်း ထရာဝစ်ခ်၏ သူငယ်ချင်းဖြစ်သူ ကိတ်ဒ် ဟက်ဆန်နှင့် အတူ တွေ့ရှိခဲ့သည်။

ဘရစ်တနီတို့နှစ်ဦးသည် အတူ ပျော်ပျော်ရွှင်ရွှင် ရှိနေသည်ကို တွေ့ရပြီး လေထဲတွင် လက်များ ဝှေ့ယမ်းကာ ကခုန်နေသည့်ပုံများကို ရိုက်ကူးလာသော ဓာတ်ပုံများတွင် တွေ့ရကြောင်း  Radar အွန်လိုင်း တွင်ဖော်ပြထားသည်။

ဘရစ်တနီစပီးယားနှင့် ဟက်ဆန်တို့သည် ၂၀၀၉ ခုနှစ်က ဘရစ်တနီသည် ရည်းစားဟောင်း ဖြစ်သူ ထရာဝစ်ခ်နှင့် တွဲနေချိန်တွင် သိကျွမ်းခဲ့ခြင်း ဖြစ်သည်။ ဟက်ဆန်သည် ၂၀၁၁ ခုနှစ်က ဘရစ်တနီ တို့၏ စေ့စပ်ပွဲကို တက်ရောက်ခဲ့ပြီး ဘရစ်တနီ၏ ဖျော်ဖြေပွဲတစ်ခုတွင်လည်း ပါဝင်ခဲ့သည်။

ဘရစ်တနီစပီးယားသည် လူမှုရေး မီဒီယာတွင် ဟက်ဆန်ကို ၎င်း၏ အရင်းနှီးဆုံး သူငယ်ချင်း အဖြစ် ဖော်ပြထားသည်။ ဘရစ်တနီနှင့် ထရာဝစ်ခ်တို့သည်  သဘောထား မတိုက်ဆိုင်မှုကြောင့် ၂၀၁၃ ခုနှစ်က စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ပြီးနောက် ဘရစ်တနီသည် ဒေးဗစ်လူကာဒိုနှင့် ၁၇ လကြာ တွဲခဲ့ပြီး မေလက ထုတ်လုပ်သူ ချာလီအက်ဘာဆိုလ်နှင့် လမ်းခွဲခဲ့သည်။

ဘရစ်တနီ၏ ဖခင်ဖြစ်သူ ဂျိမ်းက ဘရစ်တနီအား ယောက်ျားလေးများနှင့် ခြောက်လကြာ မတွဲရန် တားမြစ်ခဲ့ကြောင်း မကြာသေးမီက OK! မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

ဘရစ်တနီသည် အိမ်ထောင်နှစ်ကြိမ် ကျဖူးသူတစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ် ဇန်နဝါရီလက ငယ်သူ ငယ်ချင်း ဂျက်ဆင်အဲလက်ဇန်းဒါးနှင့် လက်ထပ်ခဲ့သော်လည်း နှစ်ရက်ခန့် ပေါင်းသင်းပြီးနောက် ကွာရှင်းခဲ့ သည်။ ဘရစ်တနီသည် ၂၀၀၄ ခုနှစ် အောက်တိုဘာလက ကီဗင်ဖီဒါလိုင်းနှင့် လက်ထပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြောင်းနှင့် ဘရစ်တနီသည် ဖီဒါလိုင်းနှင့် သားနှစ်ဦး ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly