အောင်မြင်သူတွေ ဘယ်လို ကြိုးစားခဲ့သလဲ (စွန့်ဦးတီထွင်သူ ကိုသန်းထွန်းဝင်းနှင့် တွေ့ဆုံခြင်း)

အောင်မြင်သူတွေ ဘယ်လို ကြိုးစားခဲ့သလဲ (စွန့်ဦးတီထွင်သူ ကိုသန်းထွန်းဝင်းနှင့် တွေ့ဆုံခြင်း)

ရန်ကုန်၊ စက်တင်ဘာ ၁၀။                  ။ လူတွေဟာ အောင်မြင်မှုကို ရရှိဖို့ နေ့စဉ်နေတိုင်း ကြိုးစားနေပါတယ်။ အောက်ဆုံးဘဝကနေ ကြိုးစား ရုန်းကန်ရင်း အောင်မြင်လာကြသူတွေ ရှိသလို ပြည့်စုံပြီးသားဘဝတွေကနေ အောင်မြင်မှုတွေကို ဆက်တိုက်ရှာဖွေနေကြသူတွေလဲ ရှိနေပါတယ်။ ဒီတစ်ပါတ် Meet the Successful အစီအစဉ်မှာ ကျွန်တော် ပရိသတ်တွေနဲ့ မိတ်ဆက်ပေးချင်တဲ့သူကတော့ ကိုသန်းထွန်းဝင်းဘဲဖြစ်ပါတယ်။ 

သူဟာ ငယ်စဉ်ကတည်းက စင်္ကာပူနိုင်ငံမှာ သွားရောက်ပညာသင်ကြားခဲ့ပြီး နောက်ပိုင်းမှာတော့ သူချစ်တဲ့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီးတဲ့နောက် ကိုယ်ပိုင်လုပ်ငန်းတွေကို လုပ်ကိုင်ရင်း အောင်မြင်နေသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Eternal Co., Ltd ကို ဦးဆောင်နေသူဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံမှာ လေကြောင်းလိုင်းများအားလုံးရဲ့ လက်မှတ်တွေကို အွန်လိုင်းကနေ လွယ်ကူစွာ ဝယ်ယူလို့ရတဲ့ www.flymya.com ကို စတင်တည်ထောင်ခဲ့တဲ့ စွန့်ဦးတည်ထွင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ လူငယ်များကိုလည်း အောင်မြင်သူများ ဖြစ်လာစေဖို့ နည်းပညာများ ရင်းနှီးမြုပ်နှံမှုများကို စိုက်ထုတ်ပေးပြီးတော့ မြေတောင်မြှောက်ပေးနေသူလည်း ဖြစ်ပါတယ်။ 

အောင်မြင်သူ တစ်ယောက်ဖြစ်လာဖို့ ဘဝမှာ ဘယ်လိုမျိုး ကြိုးစားခဲ့ရတယ်ဆိုတာ သိရှိနိုင်စေဖို့ ကျွန်တော် အောင်မြင်သူနဲ့အတူ တစ်နေ့တာ နေထိုင်ရင်းနဲ့ စားကားပြောကြည့်ပါမယ်။ 

"ကျွန်တော့် နာမည်ကတော့ သန်းထွန်းဝင်းပေ့ါ ဒါပေမဲ့လူတွေက ကျွန်တော့်ကို မိုက်လို့ ခေါ်ကြတာများတယ်။ ဒီ စင်္ကာပူမှာလည်း ငယ်ငယ်တုန်းက မိုက်မိုက် ခေါ်နေကြလို့လေ ဒီမှာ လူမိုက်လိုဖြစ်နေတယ်။ ကျွန်တော် ဒီနှစ်တော့ အသက် ၃၀ ပေ့ါ အသက်၃၀ ပြည့်ပြီး ကျွန်တော်ကတော့ မန္တလေးမှာ မွေးခဲ့တယ်။ 

"မန္တလေးမှာကတော့ အမှတ် (၁၄) ကျောင်းမှာတော့ နှစ်တန်းအထိ တက်ခဲ့တာပေ့ါ။ ပြီးမှာ ကျွန်တော်က ဒီ စင်္ကာပူ ရောက်သွားတယ်။  သုံးတန်းကနေစပြီးတော့ တက္ကသိုလ် အထိတော့ ဂုဏ်ထူးရပြီး တက်လိုက်တာတော့ စင်္ကာပူမှာ Nanyang Technological University က ကျွန်တော် ဘွဲ့ရခဲ့တာပေ့ါ။ 

"၁၇ နှစ်မှာ ကျွန်တော် တက္ကသိုလ်မဝင်ခင်မှာ စင်္ကာပူမှာ ကျွန်တော် GCE - A Level ဖြေရတာပေ့ါ။ တော်တော်အရေးကြီးတဲ့ စာမေးပွဲတစ်ခုပဲ။ A level ဖြေပြီးတော့ ကျွန်တော် တကမ္ဘာလုံးရဲ့ တက္ကသိုလ် ပြန်လျှောက်ရတာပေ့ါ။ ဒါပေမဲ့ ကျွန်တော်ကလည်း အံ့သြစရာချည်းပဲ ဒီမဖြေခင် ကျွန်တော့် ဒီ Online Business ပေါ့ ကျနော် တော်တော် စိတ်ဝင်စားပါတယ်။ 

"ဘယ်လောက်ထိ စိတ်ဝင်စားလဲဆို နောက်တစ်ပတ်ကို ကျွန်တော် A Level ဖြေတော့မှာ ကျွန်တော်ကလည်း စာလည်းကျက်ပါတယ် ဒါပေမဲ့ ကျွန်တော်မကျက်ခင် ညမှာ အွန်လိုင်းဝက်ဆိုက် စထောင်တာပေ့ါ။ ဒီအကောက်တွေ စဖွင့်တယ် စီးပွားရေးစတာ။ သူငယ်ချင်းက ကျွန်တော့်ကိုပြောတယ်။ ဟားခင်ဗျား ဒီစာမေးပွဲ ဖြေတော့မှာ ဘာဖြစ်လို့ စီးပွားရေး ထပ်လုပ်သေးတယ်ဆို ဟားမရဘူး ကျွန်တော့်စိတ်ထဲမှာ လုပ်ကိုလုပ်ရမယ်လို့ ကျွန်တော်စလိုက်တာပေ့ါ။"

အဲ့ဒီတော့ အစ်ကို ပထမဦးဆုံး လုပ်ဖြစ်တဲ့ အွန်လိုင်း စီးပွားရေးလို့ ပြောရင် ဘယ်ဟာက အစဖြစ်မလဲ။

"စလိုက်တာ အရင်တုန်းက ဒီကိုယ့်ဝက်ဆိုက်နဲ့ထောင်ပြီး ရောင်းဖို့ကတော့ခတ်တာပေ့ါ။ ကျွန်တော်တို့ ဈေးကွက်ပြန်လေ့လာတဲ့အချိန်မှာ ကျွန်တော်က eBay ပေ့ါ ကမ္ဘာမှာ လူတိုင်းကလည်း သိကြတယ်။ ကမ္ဘာမှာ အကြီးဆုံး အွန်လိုင်း ဝက်ဆိုက်ပေါ့။  eBay  မှာ ကျွန်တော်တို့ ပထမ ဆိုင်တစ်ဆိုင်ထောင်လိုက်တယ်။ ဒီဆိုင်ထောင်ပြီးဆို ကျွန်တော်ပြန်စဉ်းစားရတာပေ့ါ ဘာတွေ ရောင်းရင်ကောင်းမလဲ။ 

တစ်ခြားသူမရှိတဲ့ဟာတွေ၊ ကိုယ့်အတွက် အကျိုးရှိတဲ့ဟာတွေ ဘယ်ရောင်းဖို့ ကျွန်တော်စဉ်းစားလိုက်တယ်။ နောက်ပိုင်းက ကျွန်တော်က မြန်မာနိုင်ငံသားဆို မြန်မာပစ္စည်း ရောင်းမှ ကောင်းမှာပေ့ါ။ အဲ့ဒါနဲ့ ကျွန်တော်မြန်မာပြည်မှာ ဆိုပါစို့ ဒီကျွန်တော်စခဲ့တာဆို ဒီ ကျောက်တွေပေါ့။ 

အဓိကက လူတွေ အနက်ရောင်စုံတို့ ပြောင်ခေါင်းစိမ်းတို့၊ ခရမ်းဆွဲတို့ အဲ့ဒါနဲ့ ကျွန်တော် အွန်လိုင်းမှာ စရောင်းခဲ့တာ။ ဒီလုပ်ရင်းလုပ်ရင်းနဲ့ ကျွန်တော့် တက္ကသိုလ်ပေ့ါ ကျွန်တော့် NTU ရဲ့  သုံးတဲ့စာရိတ်တွေ ကျွန်တော်အွန်လိုင်းမှာပဲ ရှာခဲ့တာပဲ။ 

အဲ့ဒါဆိုရင် အစ်ကိုရဲ့ ကျောင်းသားဘဝ အမှတ်တရလေးတွေလဲ ပြောပြပေးပါဦး။

"ဒီပင်လယ်ကို အရမ်းဝါသနာပါတာ။ တက္ကသိုလ်မှာ ရွက်လှေပေ့ါ။ ကျွန်တော်ကလည်း တက္ကသိုလ်အနေနဲ့ ကျွန်တော်သွားပြိုင်တာပေ့ါ။ တစ်ခြားတက္ကသိုလ်လည်း သွားပြိုင်ကြတယ်။ ကျွန်တော် စနေမှာဆို ရွက်လှေသွားကျင့်ကြတယ်။ ပြီးရင်လည်း ဒီကျောင်းပိတ်တဲ့အချိန်မှာ  ကျွန်တော်ကလည်း ရေငုတ်သင်တန်း တက်ထားတာပေ့ါ။ အင်ဒိုနီးရှားတို့ ၊ မလေးရှားမှာ ကျွန်တော် ရေသွားငုတ်တယ်။ ဒီပေ ၃၀၊ ပေ ၆၀ အထိ ကျွန်တော်တို့ ရေသွားငုတ်တာပေ့ါ။ အဲ့ဒါ ကျွန်တော် တော်တော် ဝါသနာပါတယ်
 
"ဂေါက်တော့မရိုက်ဘူး။ ဒီသူဌေးအလုပ်လည်း သိပ်မလုပ်ဘူး။ အဓိက လူငယ်ဆိုဘာလုပ်ကြတယ်ဆို နည်းနည်းပြေးတယ်။ အချိန်ရှိရင် ကျွန်တော် ရေငုတ်တယ်။ ဒီမြန်မာပြည်မှာ ရေငုတ်တဲ့နေရာတွေ အများကြီးပဲ။ မြန်မာပြည်မှာ ကျွန်တော်လည်း ရေငုတ်ဘူးတာပေ့ါ။ အကောင်းဆုံးကတော့ ဒီမြန်မာပြည်မှာ မြိတ်ကျွန်းစုမှာ အကောင်းဆုံးပဲ"

လူငယ် တစ်ယောက်ဖြစ်တာကြောင့် မိမိဝါသနာပါတဲ့အရာကို လုပ်ကိုင်နေရင်း တစ်ဖက်ကလည်း ဘဝရဲ့ရည်မှန်းချက်တွေ ပြည့်စုံဖို့ ကြိုးစားနေခဲ့တဲ့ ကိုသန်းထွန်းဝင်းက သူ့ရဲ့ကျောင်းသားဘ၀ အမှတ်တရတွေကိုလည်း ပြောပြခဲ့ပါတယ်။ 

"ကျွန်တော်ကလည်း အကုန်လည်းစိတ်ဝင်စားတယ်။ ဒီအဲ့ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ ကိုယ့်အတွက် အချိန်တော့ နည်းသွားတာပေ့ါ။ ဆိုပါဆို့ ကျွန်တော်နေ့လည်မှာဆို ကျောင်းတက်ရတယ်။ ကျောင်းတက်ပြီး ည ၄-၅ နာရီဆို ကျွန်တော့် အဆောင်ပြန်ရောက်တယ်။ နောက်တစ်ချိန်မှာ အခုက ကျွန်တော့် ဝက်ဆိုက်ကလည်း အဝယ်တော်တွေကလည်း ဒီ US တို့ ဥရောပတို့တွေ များတယ်။ 

"အားတဲ့အချိန်မှာ သူတို့အချိန်နဲ့ ကွက်တိပေ့ါ။ ကျွန်တော် အီးမေးလ်တွေ လုပ်ရတယ်၊ ကျွန်ပျူတာ Coding တွေလုပ်ရတယ်၊ ဒီ ပိုက်ဆံ သူတို့ဝင်ငွေတွေ ချည်းရတာပေ့ါ။ တစ်ခါတစ်လေ ကျွန်တော် တစ်ရက်မှ ဒီ ၃-၄ နာရီပဲ အိပ်ရတယ်။ ပင်တော့ ပင်ပန်းတယ်။ ဒီ မှတ်တမ်းကတော့ နှစ်ည မအိပ်ရဘူး။ ကျွန်တော် အွန်လိုင်းမှာ စီးပွားရေး ကောင်းတဲ့အချိန်မှာပေ့ါ။ ကျွန်တော်ကလည်း များများ ပစ္စည်းတင်မယ်၊ ဒီအီးမေးလ်ရေးမယ် တော်တော်ပင်ပန်းသွားတယ်။

တက္ကသိုလ် ကျောင်းပြီးသွားတဲ့အခါမှာတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို မစတင်ခင် ဘဏ်တစ်ခုမှာ ဝန်ထမ်းအဖြစ် လုပ်ခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံကိုလည်း အခုလိုမျိုးပြောပြခဲ့ပါတယ်။ 

"ဒီဝန်ထမ်းဘဝတော့ ကျွန်တော်တို့ကတော့ ၁ နှစ်လောက်ပဲ ရှိတာပေ့ါ။ ဒါပေမဲ့ ကျွန်တော်ကလည်း ဒီ ဘဏ်မှာ လုပ်တာပေ့ါ။ ဘဏ်မှာလုပ်တဲ့အချိန်မှာ ကျွန်တော်ကလည်း တော်တော် ဝါသနာပါတာပေ့ါ။ အခုလည်း ကျွန်တော် Finance  ဆို ဝါသနာပါတယ်။ ဝါသနာပါတဲ့အချိန်မှာ ကျွန်တော်ရုံးတက်ရတာကို ကျွန်တော် မမြင်ဘူး။ ရုံးတက်ရတာ ဒီကျောင်းသွားသလိုပဲ။ 

ဥပမာ ကျွန်တော့်ရဲ့ သူဌေးတွေနဲ့ စကားပြောတာတို့ Banking နဲ့ ပတ်သက်ပြီး စကားပြောတာတို့ ကျွန်တော့အတွက် တော်တော် ပျော်တယ်။ တစ်ချို့လူတွေကတော့ ပြောတာပေ့ါ ပင်ပန်းတယ် စိတ်မဝင်စားဘူး။ ကျွန်တော့်အနေနဲ့ စိတ်ဝင်စားဖို့ အရေးကြီးတာပေ့ါ။ 

အစ်ကိုပြောတဲ့ ရှုထောင့်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် တော်တော် များများ လူတွေက ယူဆထားတာ အလုပ်ဆိုရင် ကြောက်ကြတယ်။ ဝန်ထမ်းတွေက အလုပ်သွားရမှာ တောင်မှာ မနက်ဆိုရင် ငြီးငွေ့နေတာမျိုးရှိတာပေ့ါနော်။ ဆိုတော့ အစ်ကို့အတွက် ဘယ်အတွက်က တွန်းအားဖြစ်စေတာလဲ လုပ်ငန်းဝင်မှာ ပျော်တယ်ဆိုတာ ဘယ်အချက်ကြောင့်လဲကို။

"ကျွန်တော်အမြင်ကတော့ ပထမတော့ အရေးကြီးဆုံးကတော့ Interest ။ Interest  ရှိမှလည်း ကိုယ်က စိတ်ဝင်စားရမှာ ပြီးရင်ကောင်းကောင်းလည်း လုပ်နိုင်တယ်။ ကျွန်တော်အမြင် အလုပ်လုပ်ရတာ ကိုယ့်ရဲ့ တာဝန်၊ တာဝန်ကျေဖို့အရေးကြီးတယ်။ ဒီကိုယ်က ဘယ်မှာ အလုပ်တယ်ဖြစ်ဖြစ် ဟုတ်တယ်မဟုတ်လား။

"စစ်ဗိုလ်မှူးဖြစ်ဖြစ်၊ ကျွန်တော်တို့ ပြောနေကြတဲ့ ဒီ သင်္ဘောသားဖြစ်ဖြစ်၊ တာဝန်ကျေဖို့အရေးကြီးတယ်။ ကိုယ်အလုပ်တစ်ခုလုပ်ရင် အောင်မြင်ဖို့ဘဲ အရေးကြီးတယ်။ ဘယ်အလုပ်ဖြစ်ဖြစ် အလုပ်အကြီးပဲ ဖြစ်ဖြစ်၊ အလုပ်အသေးပဲ ဖြစ်ဖြစ် အောင်မြင်ဖို့ပဲအရေးကြီးတယ်။ အောင်မြင်ဖို့ဆို ကြိုးစားရမှာပေ့ါ။ ကိုယ်ကြိုးစားရင်လည်း ပျော်မှာပဲ ကြိုးစားရင်လဲ ကိုယ့်အတွက် အများကြီးပေါ်လာမှာပေ့ါ။ ကျွန်တော် အကြံဉာဏ်ပေးတာတော့ အလုပ်ကို မမုန်းနဲ့ ကြိုးစားရမယ်၊ ကြိုးစားပြီးရင် ကိုယ့်ဘာသာကိုယ် တစ်ဖြည်းဖြည်းလည်း ဝါသနာပါလာမှာဘဲ။

ငယ်စဉ်ကတည်းက မိမိယုံကြည်ရာ ရည်မှန်းချက်ကို ဆုပ်ကိုင်ရင်း တစ်စိုက်မတ်မတ် ကြိုးစားခဲ့တဲ့ ကိုသန်းထွန်းဝင်းဖြစ်ပါတယ်။ ပထမဦးဆုံးလုပ်ဖြစ်တဲ့ စီးပွားရေး အကြောင်းပြောပါဆို ပြောပါဆိုရင် အစ်ကို ဘာဖြစ်မလဲ။

"ကျွန်တော်ကျောင်းပြီးတဲ့အချိန်မှာ လူလဲနည်းနည်း ဟော့ဖြစ်နေတယ်။ ရင်နှီးမြုပ်နှံမှုတွေ အရမ်းဝင်နေတယ်။ အဲ့ဒါနဲ့ ကျွန်တော် ဆုံးဖြတ်လိုက်တယ် ကျွန်တော် ဗီနယ်မှာ စီးပွားရေး သွားလုပ်မယ်ပေါ့။ အဲ့ဒါနဲ့ ကျွန်တော် ဗီယက်နမ် ရောက်သွားပြီး ကျွန်တော် ပထမ စီးပွားရေးစခဲ့တာပဲ။ 

"ဒီကျွန်တော့အနေနဲ့ လူတွေက ကျွန်တော့်ကို မေးတာပေ့ါ။ ဗီယက်နမ်မှာ ဘယ်လိုအောင်မြင်ခဲ့သလဲ၊ ဘာအတွေ့အကြုံရခဲ့သလဲဆိုပြီးတော့ မေးကြတယ်။ ကျွန်တော်က ပြောတာပေ့ါ ကျွန်တော် ဗီနမ်မှာ မအောင်မြင်ခဲ့ဘူး၊ အခက်အခဲ အများကြီးတွေ့ခဲ့တယ်။ တစ်ချို့ စီးပွားရေး ဆုံးဖြတ်ချက်တွေ အများကြီး မှားခဲ့ဘူးတယ်။ ဒီနှစ်နှစ်မှာ ကျွန်တော့် ဘဝမှာ အဆိုးဆုံးအချိန်ပဲ။

"ဒီစီးပွားရေးလည်း ရုံးတယ် ငွေရေးကြေးရေးလည်း ရှုံးတာပေ့ါ။ အကျိုးအရှိဆုံးကတော့ ဒီနှစ်နှစ်မှာ တွေ့တဲ့အခက်အခဲတွေ ရှုံးခဲ့တဲ့ ပိုက်ဆံတွေ အခုထိ ကျွန်တော့်ဘဝမှာ အကျိုးအရှိဆုံးပဲ။ ဒီဘယ်လောက်ထိ ဆိုးခဲ့ဘူးလဲဆို ဆိုပါစို့ ကျွန်တော် ကျောင်းသားဘဝမှာ မနက်ဖြန် စာမေးပွဲ ဖြေတော့မယ် စာကောင်းကောင်းမကျက်ထားဘူးပေ့ါ အဲ့ဒါကြောင့် အေးဆေးအိပ်နိုင်တယ် စိတ်မပူဘူးပေါ့။ ဒီစီးပွားရေး ဆုံးရှုံးတဲ့အချိန်မှာ ပြဿ နာတွေ့တဲ့အချိန်မှာ မအိပ်နိုင်ဘူး တစ်ညမှ။ စိတ်ပူတာပေ့ါဟာ ဒီငွေကြေးဆုံးရှုံးရင်ဘယ်လိုလုပ်မလဲ။ 

"ပစ္စည်းပိုင်းဆုံးရှုံးရင် ဘယ်လိုလုပ်မလဲ အိပ်လည်းမအိပ်နိုင်ဘူး။ ပြီးရင် ညမှာတစ်ခါတစ်လေ ၄-၅ နာရီမှာ လန့်ထွက်လာတာ။ ဘယ်လိုလုပ်မလဲ ကိုယ့်ဘဝ ဘယ်လိုလုပ်မလဲ ဆုံးရှုံးခဲ့ပြီး အဲ့ဒါ တစ်နေကုန် တောက်လျှောက်စိတ်ပူရတာပေ့ါ။ ဒီနောက်ပိုင်းက ဘယ်လိုမျိုးကိုယ့်ဘာသာကိုယ် အားပေးသလဲ။ လူက လဲကျရင် ပြန်ထနိုင်ဖို့ပဲ အရေးကြီးတယ်လေး။ အောင်မြင်တဲ့လူ ဖြစ်ဖြစ် ပထမ အလုပ် ပထမစီးပွားရေးမှာ တောက်လျှောက် တစ်သက်လုံးအောင်မြင်ခဲ့တာဆို ကျွန်တော် သိခဲ့သူမှာတော့ မရှိဘူးပေ့ါ။ 

"အခုဒီ နာမည်ကြီးတဲ့ Apple ကုမ္ပဏီပေါ့  Steve jobs ဆိုတာကလဲ အခက်အခဲအများကြီးတွေ့ခဲ့တယ်။ ပထမဲ့ Apple ကုမ္ပဏ ီစကာစ နောက်ပိုင်းအောင်မြင်လာတယ်။ ပြီးရင် Board of Director က သူ့ကိုပြန်မောင်းထုတ်တယ်။ Apple ကုမ္ပဏီ ကလည်း မအောင်မြင်ဘူး သူ့ကိုပြန်ခေါ်တယ်။ သူ့ရဲ့ဘဝမှာလည်း အတက်အဆင်း အများကြီး ရှိတာပေ့ါ။ 

"နောက်တစ်ခုကလည်း တရုတ်ပြည် အာလီဗားဗားမှားယွင်းပေ့ါ သူကလည်း ကျောင်းဆရာကနေစခဲ့တယ် အင်္ဂလိပ်ကျောင်းဆရာ ပြီးမှ သူကလည်း ကုမ္ပဏီစထောင်တယ် စီးပွားရေးစလုပ်တယ်။ သူကလည်း ဆုံးရှုံးခဲ့တယ်။ တရားလည်း စွဲခံရတယ်။ အများကြီး အခက်အခဲတွေ့မှ ဒီအာလီဗားဗားကုမ္ပဏီအောင်မြင်အောင် ထူထောင်ခဲ့တာပေ့ါ။ 

"ကျွန်တော် အကြံဉာဏ်ပေးတာပေ့ါ လူငယ်တွေကို။ စီးပွားရေးလုပ်တာ ရှုံးဖို့တော့ အရေးမကြီးပါဘူး။ အဓိကက မှန်ကန်ဖို့ အရေးကြီးတယ်။ ဘာဖြစ်လို့လဲ ကျွန်တော့်အနေက Trust က အရေးကြီးဆုံးပဲ။ လူတွေက  Trust ရှိရင် တစ်သိန်းဖြစ်ဖြစ် တစ်သန်းဖြစ်ဖြစ်၊ ဆယ်သန်းဖြစ်ဖြစ်  Trust  စိတ်မပူဘူး။

 "Trust  မရှိရင် ကျပ်တစ်ထောင်တောင် စိတ်ပူတာပေ့ါ။ ပြီးရင်ကိုယ်ကလည်း အရှုံးပေးလို့ မရဘူးလေ ကျွန်တော် အသက်ငယ်သေးတယ်လေ။ ဗီနမ်မှာ မကောင်မြင်ခဲ့တာလဲ ၂၄-၂၅ နှစ်ပေါ့။ ကိုယ့်အရှေ့မှာ အများကြီး လမ်းလျှောက်ဦးမှာပေ့ါ။ ဒီ ကိုယ့်မိသားစုက ကျွန်တော့်ကို အားပေးတယ်။ Support လည်း ပေးတယ်။ အဲ့ဒါနဲ့ ကျွန်တော် နောက်စီးပွားရေးပြန်စရမှာပေ့ါ။ ကျွန်တော့် ဦးလေးပြောတာ ငွေဆုံးရှုံးတာ အရေးမကြီးဘူး၊ ပြန်ရှာနိုင်မှရမှာပေ့ါ။ 

ဘဝမှာ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့လည်း ဇွဲမလျှော့ဘဲ ကြိုးစားခဲ့တာကြောင့် အခုချိန်မှာတော့ Eternal Co., Ltd   ကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်တွင်း လေကြောင်းများအားလုံးရဲ့ လေယာဉ်လက်မှတ်များကို တစ်နေရာထဲမှာ အလွယ်တကူ တစ်စုတစ်စည်းထဲ ဝယ်ယူလို့ရနိုင်မယ့် www.flymya.com ကို တည်ထောင်ခဲ့သူလည်းဖြစ်လာပါတယ်။ 

Eternal Co., Ltd  စ လုပ်တဲ့အချိန်ကစပြီး အခုချိန်ထိပေ့ါနော် ဤကုမ္ပဏီကို တိုးတက်ကြီးပွားလာဖို့အတွက်ကို အစ်ကို ဘယ်လောက် ကြိုးစားလာခဲ့ရသလဲ။

"ပထမ ကျွန်တော် ပြန်လာတဲ့ အချိန်မှာကတော့ နိုင်ငံခြားမှာ ကျောင်းတက်ခဲ့တဲ့ Business Management Policy ကျွန်တော့် ဒီမှာ သူတို့ရဲ့ အလုပ်လုပ်ပုံ သိပ်မတူဘူးပေ့ါ။ နောက်တစ်ခုကလည်း ကျွန်တော်တို့ မြန်မာပြည်မှာ ကျွန်တော်လာတဲ့အချိန်မှာ ကျွန်တော် ဝန်ထမ်းတွေခန့်ဖို့ပေ့ါ 

"အဓိက ကျွန်တော်တို့ ပြောနေကြတဲ့ Human Resources ပေါ့ ကျွန်တော်အတွက် တော်တော် အခက်အခဲတွေ့ခဲ့တယ်။ ဒီကျွန်တော်တို့ အားကိုးရတဲ့ဝန်ထမ်းတွေ အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေတို့ နောက်ပြီး နိုင်ငံခြား New Management လက်ခံနိုင်တဲ့ လိုက်နာနိုင်တဲ့ ဝန်ထမ်းတွေ တွေ့ဖို့ကတော့ ကျွန်တော် တော်တော်အားစိုက်ရတယ်။ 

"နောက်ဆုံးကတော့ ကျွန်တော်တို့ဒီ Market Information ပေ့ါ အဓိကက ဒီဈေးကွက်ရဲ့ Information တွေ၊ ဒီဈေးကွက်ရဲ့ Intelligence တွေ ရဖို့ကလဲ ကျွန်တော်စုရတယ်။ Information  အကုန်လုံးရှိတဲ့အချိန်မှာ Business Leader တစ်ယောက်အနေနဲ့ ဒီဆုံးဖြတ်ချက်ချရတာ လွယ်တာပေ့ါ။ စစ်တိုက်သလိုပေ့ါ ဟုတ်တယ်မဟုတ်လား။ 

သူသားအရင်းအမြစ်ပေ့ါနော် ဝန်ထမ်းတွေကို စုဆောင်းတဲ့အခါမှာ အခက်အခဲဖြစ်ခဲ့တယ်ဆိုတာ အစ်ကို့ အနေနဲ့ဆိုရင် ဘာကြောင့်လို့ အစ်ကိုမြင်ပါသလဲ။

"မြန်မာပြည်မှာ ကျွန်တော်တို့ခေတ်တာကလဲ ဒီသူ့ရဲ့ ဂုဏ်ထူးအနေနဲ့ ခန့်လိုက်တဲ့အချိန်မှာ အလုပ်လာတဲ့အချိန်မှာ တစ်ချို့တွေကလည်း သူ့ရဲ့ စွမ်းဆောင်ရည် သိပ်မပါဘူးပေါ့။ မပါလာတဲ့ အချိန်မှာ အဲ့ဒါကြောင့်လည်း ဒီအခက်အခဲတွေ့တာပေ့ါ။ ဒီ HR  ပိုင်းမှာ အဲ့ဒါနဲ့ကျွန်တော်တို့က အလုပ်ခဲ့တဲ့ အတွေ့အကြုံကို ပြန်ကြည်ရတာပေ့ါ။ 

"အကောင်းဆုံးကတော့ ကျွန်တော်ယုံကြည်တာကတော့ In-house Training Programs ပေါ့။ ဝန်ထမ်းတွေခေါ်တယ် ကျွန်တော်တို့ အနေဲ့ကတော့ In-house Training Programs  အရေးကြီးဆုံးပဲ။ ကျွန်တော်တို့ ဝန်ထမ်းတစ်ယောက်ကို ဈေးကွက်မဆင်းခင် ကျွန်တော်တို့ ကုမ္ပဏီက အနည်ဆုံး တစ်လ နှစ်လ In-house Training Programs  လုပ်ကြတယ်။ 

"လစာပေးတယ် Training လုပ်တယ်။ တောက်လျှောက် ကျွန်တော်တို့ ကုမ္ပဏီမှာလည်း သီးသန့် Trainer ခန့် ထားတယ်ပေ့ါ ကျောင်းဆရာလိုပဲ။ ကုမ္ပဏီကနေ သူက Training ပဲလုပ်ပေးတာ။ ဝန်ထမ်းတွေက ဒီတစ်လနှစ်လ ဘားမှမလုပ်ဘူး စာဖတ်၊ ကိုယ့်ရဲ့  ထုတ်ကုန်အကြောင်း အကြောင်းစာဖတ်။

"ရုံးထဲမှာ လေ့ကျင့်တယ်။ လေ့ကျင့်ပြီးမှာ ကျွန်တော်တို့ ဈေးကွက်ထဲ ပြန်ထည့်တယ်။ အဲ့ဒါကျွန်တော်တို့ Main Program တစ်ခု ဘာဖြစ်လို့ ဒီစီးပွားရေးလုပ်တာ စစ်တိုက်သလိုပဲလေ စစ်သားတစ်ယောက်ကို ယူနီဖောင်းပေးပြီး သေနတ်ပေးပြီး သွားတိုက်ခိုင်းလို့ မရသလို Training လုပ်ရမှာပဲလေ။ စီးပွားရေးလည်း အတူတူပဲ အဲ့ဒါတစ်ခုပေါ့။ 

"ဒုတိယတစ်ချက် ကတော့ ကျွန်တော်တို့ကလည်း ခြောက်လ တစ်နှစ်ဖြစ်ဖြစ် နိုင်ငံခြားကလူတွေ ခေါ်ပြီး ရုံးမှာ Training လုပ်တယ်။ အဲ့ဒါမှ ကိုယ့်ရဲ့ဝန်ထမ်းတွေကလည်း ပညာတွေ မြင့်ပေးရမှာပေ့ါ။ ဒီနောက်တစ်ခုကတော့ ကျွန်တော်တို့ကလည်း တော်တဲ့ဝန်ထမ်းတွေကို ပညာသင်ဆုပေးတယ်။ 

"ကျွန်တော်အခုဆိုရင် နှစ်ယောက်သုံးယောက်တော့ ကျွန်တော်တို့ပေးထားတယ်။ ကျွန်တော်တို့ စကော်လားရှိစ် ပေးတဲ့ ဝန်ထမ်းတွေ ကျွန်တော်တို့ ကုမ္ပဏီနဲ့ တစ်ခြား ကုမ္ပဏီနဲ့ ဘာမတူဘူးလဲဆိုရင် ကုမ္ပဏီတော်တော်များများ အစိုးရဌာနမှာ ဘွန်းချုပ်ကြတယ်လေ။ ကျွန်တော်တို့က စာချုပ်လည်း မချုပ်ဘူး။ သူက ဒီစကော်လားရှစ် ပြီးလဲပြီးသွားတယ်။ တစ်ခြားကုမ္ပဏီမှာသွားလုပ်ရင် ကျွန်တော်လည်း မကန့် ကွက်ဘူး။ အဲ့ဒါ ကျွန်တော် ထူးခြားတဲ့ ပေါ်လစီတစ်ခုပဲ။

ဒါဆို အစ်ကိုက ဝန်ထမ်းတွေကို ထိန်းသိမ်းတာတော့ ဒါအကျိုးရှိတယ်ပေ့ါနော်။ ကိုယ့်ကုမ္ပဏီက လုပ်ထားပေးတာဆိုတော့။ ဒါပေမဲ့ တစ်ဖက်ကပြန်ကြည့်တော့လည်း ဒီလိုမျိုး သင်ပေးလိုက်ပြီးအခါကျမှ အစ်ကိုဝန်ထမ်းတွေက တစ်ခြားကို ပြောင်းမသွားအောင် ဒီဝန်ထမ်းတွေ ဒီမှာ အမြဲတမ်းလုပ်ချင်အောင် အစ်ကို ဘယ်လိုမျိုးပေါ်လစီတွေနဲ့ ဘယ်လိုစနစ်တွေနဲ့ ထိန်းချုပ်ထားလဲ။

"အခုလက်ရှိ မြန်မာပြည်ရဲ့ကုမ္ပဏီ စီးပွားရေးတော်တော်များများက ဒီဝန်ထမ်းတွေပြောင်းတာတို့ အလုပ်ပြောင်းတာတို့ အများကြီးရှိနေတယ်။ ဘာဖြစ်လို့ရှိတာဆိုလို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မြန်မာပြည်မှာ အများကြီး ဝင်လာတယ်။ သူတို့က လစာပိုပေးနိုင်တယ်။ အကုန်လုံးက ဟိုဘက်မှာ သွားချင်တာပေ့ါ။ 

"ကိုယ့်ရဲ့ဝန်ထမ်းတွေ တစ်ခြားကို မရောက်သွားအောင် ဘယ်လိုမျိုးပြန်လုပ်ပေးရ မလဲဆိုရင် ကျွန်တော် ပြီးခဲ့တဲ့သုံးနှစ်မှာ ကျွန်တော်တို့ နိုင်ငံခြားနဲ့တူအောင် ပေါ်လစီပြောင်းလိုက်တယ်။ ဘယ်လိုပြောင်းလိုက်တယ်ဆိုတော့ ပထမတစ်ချက် ကျွန်တော်တို့ ကုမ္ပဏီမှာ လုပ်တဲ့ဝန်ထမ်း တွေအကုန်လုံး နှစ်တိုင်း ကျွန်တော်လစာ အနည်းဆုံး ၁၀ ရာခိုင်နှုန်းပေးတယ်။ 

"နောက်တစ်ခုကတော့ ကျွန်တော်တို့ သြင်္ကန်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့က ဘောနက်တွေပေးကြတယ် နိုင်ငံခြားလိုပဲ။ အနည်းဆုံး တစ်လပေးတယ်။ စည်းကမ်းမဖောက်ခဲ့သူက။ တော်တဲ့ဝန်ထမ်းတွေပေါ်မှာ အနည်းဆုံးလစာ သုံးလအထိပေးတယ်။ နောက် ရုံးဆင်းရင် အိမ်ပြန်ပါ။ ကိုယ့်မိသားစုကို အချိန်ပေးပါ။ ဒီတနင်္ဂနွေလည်း သူဌေးကလည်း ကိုယ့်ကို ဖုန်းမဆက်ဘူး။ ခင်ဗျားလည်း ကျွန်တော်ကို ဖုန်းမဆက်နဲ့"

အခုအချိန်မှာတော့ ကိုသန်းထွန်းဝင်းဟာ အင်တာနယ်ကုမ္ပဏီ လီမီတက်အပါအဝင် ကမ္ဘာ့နာမည်ကြီး ရှယ်အမှတ်တံဆိတ် စက်သုံးဆီ ချောဆီများ တင်ပို့ရောင်းချတဲ့လုပ်ငန်း အော်တိုမန်း ဂလပ်ဆာဗေးဆင်လ် လုပ်ငန်း အွန်လိုင်ကနေ လေယျဉ်လက်မှတ်များကို ဝယ်ယူနိုင်တဲ့ www.flymya.com အပါအဝင် လုပ်ငန်းပေါင်းများစွာကို ဦးဆောင်နေသူလည်းဖြစ်ပါတယ်။ 

ဒီကား လုပ်ငန်းလည်း အစ်ကိုလုပ်တယ်ဆိုတော့လေ ဒါစလုပ်တုန်းက ဒါအစိမ်းသက်သက်ကြီးဖြစ်နေတဲ့အခါကျတော့ ဘယ်လိုမျိုးအခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိခဲဘူးလဲ။

"အမှန်ပြောရင် ကားကို အရမ်းစိတ်ဝင်စားတယ်။ ဒီကားသမားတွေ ကားပိုင်ရှင်တို့ Service ရဖို့လဲ စဉ်းစားပြီးတော့မှ ဒီကားဝပ်ရှော့ကို ထောင်လိုက်တာပေ့ါ။ အစကတော့လည်း အခက်ဆုံးကလည်း ကျွန်တော်တို့ပြောနေကျ ကျွမ်းကျင်မှုပေါ့။ ဒီကျွမ်းကျင်မှုကတော့ တစ်လပိုင်း ဆိုင်မဖွင့်ခင်မှာ ကျွန်တော်တို့ Toyota ပညာရှင်ပေ့ါ ၁၅ နှစ်လောက် အတွေ့အကြုံရှိတဲ့ နိုင်ငံခြားက လူကိုခေါ်ပြီး ဒီရန်ကုန်လာပြီး ကျွန်တော်တို့ နှစ်လ သုံးလလောက် Training လုပ်လိုက်တယ်။ အင်ဂျင်ဝိုင်လဲရင် ဘယ်လိုလဲရမလဲ ဘယ်နှမိနစ်အတွင်းမှာ လဲရမလဲ စသည်ဖြင့်ပေါ့။"

အစ်ကို ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်ပိုင်းကျရင် အစ်ကို ဘာတွေလုပ်သွားဖို့ အစ်ကိုမှာ ရည်မှန်းချက်ရှိလဲ။ 

"အခုကျွန်တော်တို့ကလည်း မြန်မာပြည်မှာ အခုနှစ်ဆိုင်ရှိပြီးပေ့ါ။ ဒါပေမဲ့ ကျွန်တော်တို့ စီမံကိန်းကတော့ ဒီငါးနှစ်အတွင်းမှာ တစ်နိုင်ငံလုံးမှာ ဆိုင်နှစ်ဆိုင်လောက် ဖွင့်ချင်တယ်။ ဒီနှစ်မှာတော့ လေးဆိုင်လောက်တော့ ဖွင့်ဖို့ စီမန်ကိန်းရှိမယ် အခုတော့ နှစ်ဆိုင်ပြီးပြီးပေ့ါ။ နောက်နှစ်ဆိုင်ဖွင့်ဖို့ကတော့ မန္တလေးမှာ ဖွင့်ဖို့များမယ်ပေါ့။"

လုပ်ငန်းအနေနဲ့ အများကြီးတိုးချဲ့လာပြီးဆိုတော့ အစ်ကိုလိုမျိုးပေ့ါနော် လူငယ်တွေပေ့ါ အဲ့လိုမျိုး ရင်းနှီးမြုပ်နှံဖို့ အကူအညီပေးသွားဖို့ အစီအစဉ်တွေကော ရှိလား။

"ရှိပါတယ် လူငယ်တွေဖြစ်ဖြစ် အောင်မြင်တဲ့သူဖြစ်ဖြစ် အကုန်လုံး အိုင်ဒီယာတွေရှိတယ်။ အိုင်ဒီယာက တစ်ခါတစ်လေ တစ်ရက်မှာလာတယ် နောက်နေ့ အိပ်လိုက်ရင်မေ့သွားပြီး။ ကျွန်တော့်အမြင်ကတော့ ကိုယ့်အိုင်ဒီယာ ရှိတဲ့အချိန်မှာ ကိုယ့်အိုင်ဒီယာ ကြိုးစားပါ။ အောင်မြင်တဲ့လူတစ်ယောက်က အကောင်းဆုံး အိုင်ဒီယာဖြစ်ရင် အောင်မြင်တဲ့သူဖြစ်မှာလေ။ အိုင်ဒီယာရှိရင် ကြိုးစားပါ"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly