ကမ္ဘာ့ ရှီယွမ်းနပန်းနှင့် အာရှ ရှီယွမ်းနပန်း ဖိတ်ခေါ်ပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်

ကမ္ဘာ့ ရှီယွမ်းနပန်းနှင့် အာရှ ရှီယွမ်းနပန်း ဖိတ်ခေါ်ပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်

ကိုရီးယားရိုးရာ နပန်းအားကစားနည်း တစ်မျိုးဖြစ်သည့် ရှီယွမ်းနပန်း အားကစားနည်း ဖိတ်ခေါ် ပြိုင်ပွဲဖြစ်သည့် ကမ္ဘာ့ ရှီယွမ်းနပန်းနှင့် အာရှ ရှီယွမ်းနပန်း ဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အိမ်ရှင် အဖြစ် ကျင်းပပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲများကို လာမည့် စက်တင်ဘာ ၁၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားရုံ (၁) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲ ဝင်နိုင်ငံပေါင်း ၃၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

“ဒီရှီယွမ်းနပန်း ကစားနည်းက ကိုရီးယားရိုးရာ ကစားနည်းပါ။ ကိုရီးယားနိုင်ငံက သူတို့အားက စားနည်းကို တစ်ကမ္ဘာလုံး ထိုးဖောက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ဖိတ်ခေါ်ပြိုင် ပွဲလုပ်ချင်တဲ့အတွက် ကျင်းပဖြစ်တာပါ။ ဒီမှာကတော့ ဒီကစားနည်းကို သိပ်မရင်းနှီးကြသေးပါဘူး။ ဆူမိုပုံစံနဲ့တော့ နည်းနည်းဆင်ပါတယ်။ သဲပြင်ပေါ်မှာ လဲကျအောင်ဖိပြီး ကစားရတာမျိုးပါ။ လက်ရှိအ ရတော့ ယောက်ျားလေး ၇ ယောက်၊ မိန်းကလေး ၇ ယောက် ဝင်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီပြိုင်ပွဲ က မြန်မာနိုင်ငံမှာ ပထမဦးဆုံးလုပ်တဲ့အတွက် အကောင်းဆုံး ဖြစ်မြောက်အောင် စီစဉ်ထားပါတယ်” ဟု မြန်မာနိုင်ငံ ရှီယွမ်းအားကစား နည်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။

ကမ္ဘာ့ ရှီယွမ်းဖိတ်ခေါ်ပြိုင်ပွဲကို ယခုနှစ်တွင် ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အာရှ ရှီယွမ်းဖိတ်ခေါ်ပြိုင်ပွဲကိုမူ ပထမဦးဆုံးအကြိမ် စတင်ကျင်းပခြင်းအဖြစ် မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကာ မြန်မာရှီယွမ်းအဖွဲ့ချုပ်မှ ကျား ခုနစ်ဦး၊ မ ခုနစ်ဦး စုစုပေါင်း ကစားသမား ၁၄ ဦးထိ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ရှီယွမ်းအားကစားနည်း အဖွဲ့ချုပ်ကို ၂၀၁၅ ဧပြီလမှ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကိုရီးယားလူမျိုးနည်းပြ သုံးဦးဖြင့် ကစားသမား ၃၀ ကျော်ကို နေပြည် တော်၌ လေ့ကျင့်ပြင်ဆင်ပေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly