တရုတ်တွင် ပြုလုပ်မည့် ဘွန်ဂျိုဗီ၏ ပထမဆုံးဖျော်ဖြေပွဲ အာဏာပိုင်များ တားမြစ်

တရုတ်တွင် ပြုလုပ်မည့် ဘွန်ဂျိုဗီ၏ ပထမဆုံးဖျော်ဖြေပွဲ အာဏာပိုင်များ တားမြစ်

တရုတ်နိုင်ငံတွင် ပြုလုပ်မည့် အမေရိကန် ရောခ့်တေးဂီတအဖွဲ့ ဘွန်ဂျိုဗီ၏ ပထမဆုံး ဖျော်ဖြေပွဲကို အစိုးရအာဏာပိုင်များက ပယ်ဖျက်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက သတင်း ထုတ်ပြန်သည်။

ပယ်ဖျက်ရသည့် အကြောင်းရင်းကို ထုတ်ပြန်ခြင်း မရှိသော်လည်း အမေရိကန် ရောခ့်တေး ဂီတ အဖွဲ့သည် လွန်ခဲ့သည့်ငါးနှစ်က ဒလိုင်းလားမားပုံကို ဇာတ်စင်နောက်ခံအဖြစ် အသုံးပြုခဲ့သည်ကို စိစစ်ရေးအဖွဲ့က တွေ့ရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဒလိုင်းလာမားကို ထောက်ခံသော ပညာရှင်များနှင့် နိုင်ငံရေးသမားများအ ပြင် ဘီဂျောခ်ကဲ့သို့သော အနုပညာရှင်များကို ယခင်ကတည်းက ပိတ်ပင်ထားသည်။ မကြာသေးမီက အမေရိကန် ရော့ခ်တေးဂီတအဖွဲ့ Maroon 5 ၏ ဖျော်ဖြေပွဲကိုလည်း တရုတ်အာဏာပိုင်များက ပယ်ဖျက်ခဲ့သည်။

Marron 5 အဖွဲ့သည် ယခုလတွင် တရုတ်နိုင်ငံ၌ ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း အဖွဲ့ဝင်တစ်ဦးသည် ဇူလိုင်လက ဒလိုင်းလားမားမွေးနေ့ကို မွေးနေ့ဆုတောင်း ပေးခဲ့သည့်အတွက် အာဏာပိုင်များက ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ဘွန်ဂျိုဗီသည် လာမည့် သီတင်းပတ်တွင် ရှန်ဟိုင်းနှင့် ပေကျင်းမြို့များတွင် ဖျော်ဖြေပွဲပြုလုပ် ရန် စီစဉ်ထားသော်လည်း ယခုအခါ အာဏာပိုင်များ၏ တားမြစ်မှုကို ခံခဲ့ရသည်။ဘွန်ဂျိုဗီအဖွဲ့သည် ၂၀၁၀ ခုနှစ်က ထိုင်ဝမ်တွင် ပြုလုပ်သော ဖျော်ဖြေပွဲတွင် ဒလိုင်းလားမား ဘုန်းတော်ကြီးပုံကို အသုံးပြု ကာဖျော်ဖြေခဲ့သည်ကို တွေ့ရှိခဲ့ခြင်းကြောင့် ကွန်မြူနစ်ပါတီ၏ယဉ်ကျေးမှု ဝန်ကြီဌာနက ယခုကဲ့သို့ တုန့်ပြန်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြာင်း The Financial Times တွင် ဖော်ပြထားသည်။

ဖျော်ဖြေပွဲစီစဉ်သူ AEG ကုမ္ပဏီမှ အာဏာပိုင်များကမူ ဖျော်ဖြေပွဲ ကျင်းပနိုင်ရေး ခွင့်ပြု ချက်ရရန် ကြိုးပမ်းသွားမည် ဖြစ်သော်လည်း အခွင့်အရေး နည်ပါးကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly