Risking Life for Love ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမယ့် ဟာဂျီဝန်

Risking Life for Love ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမယ့် ဟာဂျီဝန်

တောင်ကိုရီးယားမင်းသမီး ဟာဂျီဝန်သည် Risking Life for Love ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက သတင်းထုတ်ပြန်သည်။

အဆိုပါဇာတ်ကားတွင် ဟာသည် ကိုရီးယားမင်းသား ချန်ဂျောင်မြောင်နှင့် ထိုင်ဝမ်မင်းသား  ချန်ဘိုလင်းတို့နှင့်အတူ တွဲဖက် သရုပ်ဆောင်သွားမည် ဖြစ်သည်။

ယင်းဇာတ်ကားသည် အချစ်ဟာသ ဇာတ်လမ်းဖြစ်ပြီး ဟာသည် တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သတ်သော လူသတ်သမား စုံထောက်ဝတ္တု စာရေးဆရာမအဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

ချန်ဂျောင်မြောင်သည်  ဟာ၏ သူငယ်ချင်းအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုင်ဝမ်မင်း သား ချိန်ဘိုလင်းသည် ဟာ၏ အချစ်ကို ရယူခဲ့သူ လျှို့ဝှက်သော အမျိုးသားအဖြစ် သရုပ်ဆောင်သွား မည် ဖြစ်သည်။

အဆိုပါဇာတ်ကားတွင် ယွန်ဆိုဟီး၊ ဆောင်မင်ဂျောင်နှင့် ကင်ဝူဟီးတို့လည်း ပါဝင် သရုပ် ဆောင်မည်ဖြစ်ပြီး လာမည့်နှစ် ပထမနှစ်ဝက်တွင် ပြသရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly