ဘယ်အရာမဆို သိရှိချိန်က အစပြုမယ်ဆိုရင် နောက်ကျတယ်ရယ်လို့ မရှိပါဘူး

ဘယ်အရာမဆို သိရှိချိန်က အစပြုမယ်ဆိုရင် နောက်ကျတယ်ရယ်လို့ မရှိပါဘူး

မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေ နေရာအနှံ့ဖြစ်ပေါ်ခဲ့တာ ဇူလိုင်လကတည်းက ယခုထက်ထိ အတောမသတ်နိုင်သေးပါဘူး။ ရေကြီးရေလျှံတဲ့အခါ လူတွေအားလုံး ရလွတ်ရောနေရာတွေ ဆီရွှေ့ပြောင်းနေထိုင်ကြရပြီး နေအိမ်ပေါင်းများစွာ ရေမြုပ်ခံကြရပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီး၊ လုပ်ကိုင်စားသောက်ရတဲ့ လယ်ယာမြေတွေ ပျက်စီး၊ လူတွေ ရေဘေးဒဏ်နဲ့ အနေအစား ဒုက္ခရောက်ကြရတဲ့အပြင် ပြင်းပြင်းထန်ထန် ရေဘေးသင့်ဒေသက ပြည်သူတွေကျတော့ အနာဂတ် မသေချာ မရေရာတဲ့ ဘဝအခြေအနေမျိုးအထိ ကြုံလာကြရပါတယ်။

တချို့ ဒီလိုရေကြီးရေလျှံမှုတွေဖြစ်ရတာ လူတွေ အိုးအိမ်စွန့်ခွာ ဒုက္ခရောက်ကြရတဲ့ သဘာဝ ဘေးဥပါဒ် ရောက်ကြရတာဟာ ဒီတစ်နိုင်ငံတည်းမဟုတ်ဘူး၊ တခြားနိုင်ငံတွေမှာလည်း ဖြစ်နေတာ ပါပဲဆိုတဲ့ အမြင်မျိုးနဲ့ ထောင်တန်တဲ့စကား ရယ်စေပေါ့စေလိုတဲ့ သဘောနဲ့ ပြောကြတာလည်း ရှိပါတယ်။ တကယ်တော့ ရေကြီးရေလျှံလို့ သဘာဝဘေးဥပါဒ် အန္တရာယ်တွေ ကြုံကြရ၊ လူတွေ ဒုက္ခရောက်ကြရတဲ့ ကိစ္စဟာ တခြားတိုင်းပြည်တွေနဲ့ တန်းညှိပြီး ပြောသင့်တဲ့ စကားမဟုတ်ပါဘူး။ တန်းညှိသင့်တဲ့ အဖြစ်အပျက်မျိုးလည်း မဟုတ်ပါဘူး။ ဘယ်နေရာမှ ဘယ်လိုပဲဖြစ်နေပါစေ၊  ကိုယ့်သားသမီး မျက်စိ နှစ်ကွင်း အလင်းမရတာ ဘာမှမဆန်းဘူး၊ ကမ္ဘာပေါ်မှာ မျက်စိမမြင်တဲ့လူတွေ အများကြီးပဲဆိုပြီး တွဲကူဖေးမခြင်း မရှိဘဲ သည်အတိုင်း ကားလမ်းဖြတ်ကူးတာ ကြည့်နေရမယ့် အဖြစ်မျိုးဟာ ပြောသင့် တွေးသင့် တန်းညှိသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။

ကောင်းပါပြီ။ အခုဆိုရင် ကျွန်တော်တို့ဟာ ရေကြီးရေလျှံမှုကြောင့် လူတွေ ဒုက္ခရောက်ကြရတဲ့ အခါ တတ်နိုင်သလောက် ဝိုင်းကူဖေး မလုပ်ကြရပါတယ်။ ဒါပေမယ့် ကူညီခြင်းဆိုတာ အတိုင်းအတာ အကန့်အသတ် ရှိပါတယ်။ တကယ်တော့ ကိုယ့်ကံကြမ္မာ ကိုယ့်ကိုယ်တိုင် ဖြေရှင်းကြရတဲ့ သဘောဖြစ် တာမို့ နောင်အခါ ဒီလို ရေထပ် မကြီးရလေအောင် အခု ရေကြီးရေလျှံမှုတွေဟာ ဘယ်အပေါ်မှာ မူတည်ပြီးမှ ဖြစ်လာကြရတယ်ဆိုတာ သိရလေအောင် လုပ်ကြရပါလိမ်မယ့်။ တကယ်တော့ ယခုနှစ် နိုင်ငံတဝှမ်း ရေကြီးရေလျှံမှုတွေရဲ့လက္ခဏာက တစ်နှစ်တည်းနဲ့ ပြီးသွား ပြတ်သွားမယ့် သဘော မဆောင်ဘဲ နောင်နှစ်တွေမှာလည်း ဒီလိုပဲ သဘာဝဘေးဥပါဒ် အန္တရာယ်ဟာ တကြော့ပြန် လာနိုင် သေးတယ်ဆိုတဲ့ အမြင် ရှိနေကြလို့ ဖြစ်ပါတယ်။

ပညာရှင်အများစုရဲ့ ထင်မြင်ယူဆချက် တွက်ချက်ပြချက်အရဆိုရင် ရေကြီးရေလျှံဖြစ်လာရ ခြင်း အကြောင်းရင်းဟာ သစ်ပင်တွေ ပြုန်းတီးမှုအပေါ်မှာ ရာခိုင်နှုန်းအတော်များများ မူတည်နေတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ သစ်တောတွေ ဘာ့ကြောင့် ပြုန်းတီးလာရသလဲ။ အချက်နှစ်ချက် ရှိပါ တယ်။ ဆည်ရေလှောင်တမံတွေကို စနစ်တကျ ပညာရှင်တွေနဲ့ တွက်ချက် ချင့်ချိန်ပြီးမှ ဆောက်လုပ်ခဲ့ ခြင်း မဟုတ်ဘဲ အလျင်စလို ဆောက်လုပ်ခဲ့ကြခြင်းနဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းများအနေနဲ့ စနစ်တ ကျ ချင့်ချိန်သတ်မှတ် ခုတ်လှဲခြင်းမပြုဘဲ လွန်လွန်ကဲကဲ ခုတ်လှဲ စီးပွားရှာခဲ့ကြလို့ သစ်ပင်တွေ အလျင်အမြန် ပြုန်းတီးပြီး ရေကို သစ်ပင်တွေ ထိန်းထားနိုင်စွမ်း မပြုတော့ဘဲ ရေကြီးရေလျှံမှုတွေ ဖြစ်လာကြရတာဖြစ်တယ် ပြောဆိုနိုင်ပါတယ်။

ဆည်တွေ ဆောက်တော့မယ်ဆိုရင် ရေဝေရေလဲကိစ္စကို ဦးစွာပထမ ချမှတ်လုပ်ဆောင်ဖို့ ကိုလည်း ကျွန်တော်တို့နိုင်ငံမှာ ပျက်ကွက်ခဲ့တဲ့အပြင် ပြုန်းတီးသွားတဲ့ သစ်တောတွေကို ကာမိအောင် ထိရောက်တဲ့ ပြန်လည်စိုက်ပျိုးခြင်းတွေ ဆိုတာကလည်း အင်မတန် နည်းပါးလွန်းတဲ့အတွက် ဒီလို ရေကြီးရေလျှံမှုတွေဟာ နောင်နှစ်တွေမှာလည်း သည်လိုပဲ ဒါမှမဟုတ် သည့်ထက် အခြေအနေ ဆိုးရွားစွာ ဖြစ်လာနေတော့မလားဆိုတဲ့ စိုးရိမ်စိတ်တွေဟာ ပံျ့နှံ့လာကြရပါတယ်။

ဒါကြောင့်မို့ ဆည်ရေလှောင်တမံကြီးတွေ စနစ်တကျ ထိန်းသိမ်းကြဖို့ မဆောက်ခင် ပညာရှင်  တွေရဲ့ တွက်ချက်မှုတွေကို အခြေခံကြဖို့နဲ့ သစ်တောများပြုန်းတီးမှု ရပ်တန့်သွားရလေအောင်၊ သစ်တောများ ပြန်လည် ပြုစုပျိုးထောင်ခြင်း အစွမ်းကုန် လုပ်ဆောင်ကြရလေအောင် တိုင်းပြည်တာ ဝန် ရှိသူကစပြီး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ကြခြင်းဖြင့် ကျွန်တော်တို့အားလုံး နောက်မကျသေး ဘူး အချိန်မနှောင်းသေးဘူးလို့ပဲ ထင်မြင်ယူဆမိကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required