ရန်ကုန် စက်တင်ဘာ ၉ ။ ။ မန္တလေးတိုင်း ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လျက်ရှိပြီး စက်တင်ဘာ ၈ ရက်နေ့ က စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့်ကျော်လွန်နေသည်။
နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် ထပ်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
ပခုက္ကူမြို့၌လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။