လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၏ မဲဆွယ်စည်းရုံးမှု

လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၏ မဲဆွယ်စည်းရုံးမှု
လားဟူ အမျိုးသားတိုးတက်ရေးပါတီ ပါတီဥက္ကဋ္ဌ ဦးယောသပ်။

ရန်ကုန်၊ စက်တင်ဘာ ၉ ။          ။ မိဘပြည်သူ မဲဆန္ဒရှင် အပေါင်းတို့ခင်ဗျား ယခုလို မိမိတို့ရဲ့ မူဝါဒသဘောထားနဲ့ လုပ်ငန်းစဉ်များကို စည်းရုံး ဟောပြော ထုတ်လွှင့်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စီစဉ် ပေးတဲ့အတွက် အထူး ကျေးဇူးတင် ရှိပါကြောင်း ပဏာမ ပြောကြားလိုပါတယ်။ ကျွန်တော့် နာမည်ကတော့ ဦးယောသပ်ဖြစ်ပါတယ်။

''လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ''ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

''လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ''သည် လားဟူ တစ်မျိုးသားလုံးကို ကိုယ်စားပြုပါသည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးမှာ ''လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ''အနေနဲ့ လားဟူ တိုင်းရင်းသား အများဆုံးနေထိုင်တဲ့ ဒေသအတွင်း မြို့နယ် ၁၁ မြို့နယ် အတွင်း အမျိုးသား လွှတ်တော်(၁)နေရာ၊ ပြည်သူ့လွှတ်တော် (၉)နေရာ၊ ပြည်နယ် လွှတ်တော် (၁၈)နေရာနဲ့ လားဟူ တိုင်းရင်းသားလူမျိုး လွှတ်တော်(၁)နေရာ အားလုံးပေါင်း (၂၉) နေရာ ဝင်ရောက ်အရွေးခံသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ''လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ''ရဲ့ မူဝါဒ သဘောထားများမှာ -

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် စစ်မှန်သော ဒီမိုကရေစီ စနစ်ကို လိုက်နာ ကျင့်သုံးမှသာ အောင်မြင်မှု ရရှိမည် ဟု မိမိတို့ပါတီ အနေဖြင့် ယုံကြည်ပါတယ်။

ယင်းကဲ့သို့ ဒီမိုကရေစီစနစ်ဖြင့် ကျင့်သုံးသော ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာတွင် လားဟူ အမျိုးသားများ နေထိုင်ရာ ဒေသအတွင်း မှီတင်းနေထိုင်လျက် ရှိသော တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ စည်းလုံးညီညွတ်မှု အင်အားကို ရယူနိုင်ရေးအတွက် စည်းရုံး လှုံ့ဆော်ရန် ''လားဟူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ''ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ''လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ''ကို လားဟူ ဘာသာဖြင့် (လားဟူ ချောကျူအူလာမူလာတူ ပါတီ) ဟူ၍ လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်(Lahu National Development Party) ဟူ၍ လည်းကောင်း ခေါ်ဆိုပါတယ်။

ဆက်လက်ပြီး ကျွန်တော်တို့ ''လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ''ရဲ့ အလံတော်အကြောင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။

အလံတွင်ပါဝင်သော အရောင်၊ တြိဂံ၊ ဘူးခါးပလွေ၊ စပါးနှံနှင့် ကြယ်နီတစ်ပွင့်တို့ရဲ့ အဓိပ္ပာယ်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -

အဖြူရောင်- ကတော့ ဖြူစင် သန့်ရှင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကတိ သစ္စာရှိခြင်းအသွင်ကို ဆောင်ပါတယ်။

အနီရောင် - ကတော့ ရဲစွမ်းသတ္တိရှိခြင်း၊ နိုးကြား တက်ကြွခြင်း၊ ရဲရင့် တည်ကြည်ခြင်းကို ဖော်ဆောင်ပြီး၊

မိုးပြာရောင်- ကတော့ ကြည်လင်အေးမြခြင်း၊ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်း ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကို ဖော်ညွှန်းပါတယ်။

တြိဂံ- သည် လားဟူ အမျိုးသားများ၏ ဘုရားတရားကို သက်ဝင် ယုံကြည် ကိုင်းရှိုင်းခြင်း၊ မျိုးချစ်စိတ်ရှိခြင်းနှင့် အမိနိုင်ငံတော်ကို ချစ်မြတ်နိုးခြင်းတို့ကို ဆိုလိုပါတယ်။

ဘူးခါးပလွေ- ကတော့ ခေတ်အဆက်ဆက်မှ လားဟူအမျိုးသားတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု စည်းလုံး ညီညွတ်မှု အသွင်ဆောင်လျက် အထွတ်အမြတ်ထားခြင်း၊ ကတိသစ္စာရှိခြင်း၊ မည်သည့် နေ့ထူးနေ့မြတ် ပွဲလမ်းသဘင်တွင်မဆို ဘူးခါးပလွေ တီးမှုတ်လျက် တစည်း တလုံးတည်းဖြင့် ဂုဏ်ပြုကခုန်ပြီး စည်းလုံး ညီညွတ်မှုကို ခံယူပါတယ်။

စပါးနှံ-သည် လားဟူ အမျိုးသားတို့ရဲ့ ဘိုးဘေးဘီဘင် ခေတ် အဆက်ဆက်မှ အသက်မွေး ဝမ်းကျောင်းအဖြစ် စိုက်ပျိုးရေး လုပ်ငန်းကို ဦးထိပ်ထားလျက် ဖွံ့ဖြိုးတိုးတက်ရေး အသွင်ကို ဆောင်ပါတယ်။ ကြယ်နီတစ်ပွင့်- ကတော့ လားဟူ တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ကြယ်နီတစ်ပွင့် ဖြစ်ပါတယ်။

လားဟူ အမျိုးသားတိုးတက်ရေးပါတီ၏ အမှတ်တံဆိပ်။

''လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ'' ရဲ့ ရည်ရွယ်ချက်မှာ -

(၁) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံတော်၏ နယ်နိမိတ်အတိုင်း နိုင်ငံတစ်ဝန်းလုံးတွင် တည်ရှိစေ ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်တံ့ခိုင်မြဲရေး၊ မြန်မာ့ လွတ်လပ်ရေး အဓွန့်ရှည်ရေး စသည်တို့ကို ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ကြိုးပမ်း ဆောင်ရွက်သွားရန်။

(၂) လားဟူ တိုင်းရင်းသား လူမျိုးစုရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ၊ အနုပညာဖွံ့ဖြိုးတိုးတက် ဆန်းသစ် ရှင်သန်လာ အောင် ပြုစုပျိုးထောင်သွားရန်။

(၃) နိုင်ငံသားတိုင်း အခွင့်အရေး တန်းတူရရှိမှုနှင့် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေဒေသ ဖော်ဆောင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စည်းရုံးရေး လုပ်ငန်းတို့ကို ဆောင်ရွက်ရန်။

(၄) ခေတ်အဆက်ဆက်မှ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက် ရှိသော လားဟူ အမျိုးသားများ နေထိုင်ရာဒေသ၏ လူနေမှုအဆင့်အတန်း မြင့်မား တိုးတက်အောင် ဆောင်ရွက်သွားရန်။

(၅) နိုင်ငံတော်နှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုး တိုးတက်ပြီးသော နိုင်ငံများမှ အကျိုးရှိမည့် အတွေ့အကြုံများ၊ လုပ်နည်းလုပ်ဟန်များကို ရယူကျင့်သုံး အကောင်အထည်ဖော်သွားရန် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

''လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ''၏ ရှေ့လုပ်ငန်းစဉ်များ

(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် လားဟူအမျိုးသားများ နေထိုင်ရာ ဒေသအတွင်းရှိ နယ်သူနယ်သားများအား နိုးကြားတက်ကြွသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စည်းရုံးရေးအမြင်ရှိလာစေရန်နှင့် မိမိတို့ နိုင်ငံရေးပါတီ၏ ဂုဏ်သိက္ခာအစဉ်အမြဲ တိုးတက်ရှင်သန်လာ စေရေးအတွက် စည်းရုံးလေ့ကျင့်ပြုစုပျိုးထောင်သွားမည်။

(၂) တိုင်းရင်းသား ပြည်သူများ၏ အခွင့်အရေးနှင့် နယ်မြေဒေသ ဖော်ဆောင်ရေး၊ လူသားအားလုံးကို ဆင်းရဲ ဒုက္ခရောက်စေသော အကြမ်းဖက်စနစ်ကို စွန့်လွှတ်ပြီး တရားမျှတ၍ ငြိမ်းချမ်းသော ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဥပဒေဘောင်အတွင်း မှန်ကန်စွာဖြင့် အဖြေရှာနိုင်ရေး အတွက် စည်းရုံး သိမ်းသွင်း လုပ်ဆောင်သွားမည်။

(၃) မိမိပါတီအနေဖြင့် ရည်ရွယ်ချက်၊ ခံယူချက်နှင့် အတွေးအခေါ် အမြော်အမြင်တူညီသော မည်သည့်နိုင်ငံရေးပါတီအဖွဲ့အစည်းနှင့် မဆို တန်းတူရည်တူ ရင်းနှီးစွာဆက်ဆံပြီး အခါအားလျော်စွာ ပေါင်းစည်းခြင်း၊ မဟာမိတ်ဖွဲ့ခြင်း၊ ရိုင်းပင်းကူညီခြင်းများ ပြုလုပ်သွားမည်။

(၄) မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါး၊ ဘိန်းတို့ကို နယ်သူ နယ်သားများက ဘိုးဘေးဘီဘင် အစဉ်အလာဖြင့် အဓိကစီးပွားရေး လုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ခဲ့သည်ကို လက်တွေ့ပပျောက် သွား စေရန်နှင့် ဘိန်းအစား ပြည်တွင်းပြည်ပသို့ တင်ပို့နိုင်သည့် စိုက်ပျိုး ရေး၊ မွေးမြူရေး လုပ်ငန်းနှင့် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများကို ရှာဖွေဖော်ထုတ်၍ အသက်မွေးဝမ်းကျောင်း တစ်ရပ် အဖြစ် လုပ်ကိုင်စားသောက်ရန် စည်းရုံးသွားမည်။ ထိုကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ဆောင်ရွက်ရာ၌ လိုအပ်လျက်ရှိ သော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ရင်းနှီး မြှုပ်နှံမှုများကို ရှာဖွေဖော်ထုတ် ဆောင်ရွက်သွားမည်။

(၅) လွတ်လပ်၍ တက်ကြွသော နိုင်ငံရေးဝါဒကို ကျင့်သုံးပြီး နိုင်ငံတကာနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေး ကျင့်သုံးသွားမည်။

(၆) လားဟူတိုင်းရင်းသား လူမျိုးစု၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ အနု ပညာများကို ဖော်ထုတ်ပြီး လူမှုရေးအရေးအရာများကို တိုးတက်ဆန်းသစ် ရှင်သန်လာအောင် ပြုစုပျိုးထောင်သွားမည်။

(၇) အရပ်ဒေသတစ်ခုနှင့်တစ်ခု အလွယ်တကူ သွားလာနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းအား တိုးချဲ့ပြုပြင် လုပ်ကိုင်ဆောင်ရွက်သွားမည်။ ဆင်းရဲချမ်းသာမရွေး လူတိုင်း အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးနှင့် လူတိုင်းအခမဲ့ပညာ သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်သွားမည်။ ကလေးသူငယ် များအရေးနှင့် အမျိုးသမီးများ ပါဝင်မှု အခန်းကဏ္ဍကိုလည်း အလေးအနက်ထား ဆောင်ရွက်သွားမည်။

ကျွန်တော်တို့ ''လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ'' ၏ဆောင်ပုဒ်မှာ -

(က) နိုင်ငံတော်အပေါ် --သစ္စာရှိပါ။
(ခ) အမျိုးသားအပေါ်-- လေးစားပါ။
(ဂ) လူမျိုးအပေါ် -- ဖြောင့်မတ်ပါ။ တာဝန်ကျေပါ။
(က) နိုင်ငံတော်အပေါ် --သစ္စာရှိပါ။ ဆိုတာကတော့
(၁) ပြည်ထောင်စုမပြိုကွဲရေး၊
(၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊
(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို မမှိတ်မသုန် ခံယူ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
(ခ) အမျိုးသားအပေါ်-- လေးစားပါ။ ဆိုတာကတော့
(၁) တန်းတူညီမျှမှုနှင့် စည်းလုံးညီညွတ်မှု ရရှိနိုင်ရန် တိုင်းရင်းသား လူမျိုးများအချင်းချင်း လေးလေးစားစား တန်ဖိုးထား ဆက်ဆံကြ ရန် ဖြစ်ပါတယ်။
(ဂ) လူမျိုးအပေါ်--- ဖြောင့်မတ်ပါ။ တာဝန်ကျေပါ။ ဆိုတာကတော့
(၁) မိမိလူမျိုးအပေါ် အလွဲသုံးစား မပြုလုပ်ရန်၊ ဖြောင့်မတ်ရန်နှင့် ကတိသစ္စာကို ဦးထိပ်ထားကြရန် ဖြစ်ပါကြောင်း။
''လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ'' ရဲ့ မူဝါဒ သဘောထားနဲ့ လုပ်ငန်းစဉ်များကို စည်းရုံး ဟောပြောရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား။

လားဟူပါတီသီချင်း

နိုင်ငံတော်နဲ့အတူ xxx တို့လားဟူပါတီ xxx လက်တွေတွဲလို့ရယ် xxx ကြိုးစားလုပ်ဆောင်မည်

သင်နှင့် ကျွနု်ပ်အတူ xxx လက်တွဲပါဝင်ရန် xxx လားဟူ တို့လားဟူ xxx လာကြပေါင်းစည်းမယ်

နိုင်ငံတော်နှင့်အတူ xxxတို့လားဟူပါတီ xxx တို့သမိုင်း xxx တို့ဂုဏ် xxx ရေးထိုးကြမယ်လေ

သင်နှင့် ကျွနု်ပ် xxx ဘာသာခွဲခြားမှုမရှိ xxx လားဟူ xxx တို့လားဟူ xxx ညီညွတ်ပေါင်းစည်းမယ်

Cho; မြန်မာနိုင်ငံတော်အား xxx ခိုင်မြဲသစ္စာရှိ၊ ကျွနု်ပ်တို့ အမျိုးသားအား xxx လေးစားရိုသေပါ xxx ကျွနု်ပ်တို့လူမျိုးအပေါ် xxx ဖြောင့်မတ်တာဝန်နဲ့

တို့လူမျိုးxxx တို့ဂုဏ် xxx သမိုင်းရေးကြမယ်

တို့လူမျိုး xxx တို့အတွက် xxx ညီညွတ်ပေါင်းစည်းမယ်

တို့လူမျိုးအတွက်ဆို xxx ညီညွတ်ပေါင်းစည်းမယ်

တိုင်းရင်းသား စည်းလုံးညွတ်ရေးပါတီ

 ၁။  ပါတီအမည်  -  လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  La Hu National Development Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ပုဒ်မ ၂၅ အရလျှောက်ထားခြင်း
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ပုဒ်မ ၂၅ အရလျှောက်ထားခြင်း
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးကျဟားရှဲ၊ ဦးယောသပ်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ပုဒ်မ ၂၅ အရလျှောက်ထားခြင်း
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၉-၄-၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၀.၅.၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၃)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးယောသပ်၊ ဦးသက်ဝင်း(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ရှမ်းပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၄၃)၊ လမ်းသွယ်(၄)၊ပါရမီလမ်း၊ရပ်ကွက်(၁)၊ လာရှိုးမြို့၊ရှမ်းပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၄၉၂၁၉၆၇၂(ဦးယောသပ်)၊ ၀၈၂-၂၂၇၁၃၊

၀၈၂-၂၃၁၀၆

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly